Friday, June 26, 2026

ရုရှားမှာ အရံလောင်စာဆီ လုံလုံလောက်လောက် ရှိဟု...

ပြည်တွင်းစျေးကွက်ကို ထောက်ပံ့ပေးဖို့အတွက် ရုရှားနိုင်ငံမှာ လောင်စာဆီပမာဏ လုံလုံလောက်လောက် အာမခံချက်ရှိရှိ စုဆောင်းထားပြီးဖြစ်တယ်လို့ ဒုတိယဝန်ကြီးချုပ် အလက်ဇန္ဒားနိုဗက်ခ်က ပြောကြားပါတယ်။ အရံဆီတွေ လုံလောက်မှု ရှိမရှိနဲ့ ထောက်ပံ့မှု...

ငွေကျပ်(၄၂၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးမြို့တွင် မီးရှို့ဖျ-က်ဆီး

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလေးလေ ဆိပ်ဟောင်းတွင် ယနေ့ ဇွန် ၂၆ ရက်နံနက်ပိုင်းက ငွေကျပ်(၄၂၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးခဲ့ကြောင်း သိရသည်။ (၃၉)ကြိမ်မြောက်...

စားအုန်းဆီအခြေခံလက်ကားဈေး ယခင်အပတ်ထက် ကျပ်(၃၀)လျော့ကျ

ယနေ့ ဇွန် ၂၆ ရက်မှ ဇူလိုင် ၂ ရက်အထိ(တစ်ပတ်တာ) အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းစျေးနှုန်းသည် ယခင်အပတ်ထက် ကျပ်(၃၀)လျော့ကျခဲ့ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီထံမှ သိရသည်။ ယခု...

ဇွဲကပင်တောင် အတက်/အဆင်းလမ်းတွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများအား ဒဏ်ငွေ...

ကရင်ပြည်နယ်၏ အထင်ကရခရီးသွားနေရာတစ်ခုဖြစ်သည့် ဇွဲကပင်တောင် အတက်/အဆင်းလမ်းတစ်လျှောက်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများအား ငွေဒဏ် ၅၀,၀၀၀ ကျပ် ချမှတ်အရေးယူသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးထုတ်ပြန်ထားသည်။ ဇွဲကပင်တောင်ဝန်းကျင်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် ခရီးသွားဒေသ၏...
HomeNewsLocal Newsမြန်မာ-ကာဇက်စတန် နှစ်နိုင်ငံတို့အကြား မတူညီမှုများကို...

မြန်မာ-ကာဇက်စတန် နှစ်နိုင်ငံတို့အကြား မတူညီမှုများကို ပေါင်းစည်းကာ ကဏ္ဍစုံရင်းနှီးမြှုပ်နှံမှုသည် နှစ်နိုင်ငံလုံးအတွက် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည်

မြန်မာ-ကာဇက်စတန်နှစ်နိုင်ငံ စိုက်ပျိုးရေးကဏ္ဍ၊ သတ္တုတူးဖော်ရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် စွမ်းအင်ကဏ္ဍများ၌ အဆင့်မြှင့်တင်နိုင်ရန် နည်းပညာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများလိုအပ်နေရာ ယင်းနယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံပါက နှစ်နိုင်ငံလုံးအတွက် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည်ဟု မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ကာဇက်စတန်နိုင်ငံပိုင် PTRK သတင်းဌာန၏မေးမြန်းမှုအား ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ကာဇက်စတန်နိုင်ငံသည် သဘာဝအရင်းအမြစ်ပေါများပြီး ရေနံနှင့် သဘာဝငွေ့ကို အဓိကထုတ်လုပ်ရောင်းချပြီး ဓာတ်သတ္တုတူးဖော်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဂျုံစိုက်ပျိုးရေးတို့ကို အဓိကလုပ်ကိုင်သကဲ့သို့ မြန်မာနိုင်ငံသည်လည်း စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်ကာ မြေပေါ်မြေအောက်သယံဇာတများကိုပိုင်ဆိုင်၍ တရုတ်၊ အိန္ဒိယနိုင်ငံများနှင့် နယ်နိမိတ်ချင်းထိစပ်ပြီး အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံများကြားတွင် ပေါင်းကူးတံတားသဖွယ်ရှိနေသော နိုင်ငံဖြစ်သည်ဟု ပြောသည်။

” မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် ကောင်းမွန်တဲ့ ရေ၊ မြေနဲ့ ရာသီဥတုကိုပိုင်ဆိုင်သလို ကမ္ဘာ့ဆန်တင်ပို့မှုထိပ်တန်းနိုင်ငံတွေထဲမှာလည်းပါပါတယ်။ ကမ္ဘာ့ပဲတင်ပို့မှုမှာဆိုရင်လည်း ဒုတိယအမြင့်ဆုံးနိုင်ငံဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ စွမ်းအင်ကဏ္ဍတွေမှာရင်းနှီးမြှုပ်နှံမယ်ဆိုရင် နှစ်နိုင်ငံလုံး အပြန်အလှန်အကျိုးဖြစ်ထွန်းမှာပါ”ဟု မြန်မာနိုင်ငံတော် ယာယီသမ္မတက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့သည် မတူညီသည့် ရာသီဥတု၊ တည်နေရာ၊ ယဉ်ကျေးမှု၊ ထွက်ကုန်များရှိခြင်းကြောင်း ယင်းမတူညီမှုများကို ပေါင်းစည်းနိုင်ခြင်းသည် အင်အားဖြစ်၍ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ရေရှည်တည်တံ့ခိုင်မြဲစေရန် အစိုးရချင်းဆက်ဆံရေးသာမက ပြည်သူအချင်းချင်းဆက်ဆံရေးကိုလည်း တိုးချဲ့ဆောင်ရွက်ရမည်ဖြစ်၍ ယင်းကဏ္ဍများဖွံ့ဖြိုးတိုးတက်လာရေးသည် အလွန်အရေးပါသည့်ကိစ္စဖြစ်သည်ဟု ပြောသည်။

ထို့အတူ နိုင်ငံတကာအဖွဲ့အစည်းများအားလုံးသဘောတူညီရေးဆွဲထားသည့် အဖွဲ့အစည်း၏ ပဋိဉာဉ်များ၊ စည်းမျည်းစည်းကမ်းများကို ၎င်းတို့ကိုယ်တိုင်ပြန်လည်မချိုးဖောက်မိစေရန်လိုသကဲ့သို့ ကမ္ဘာ့နိုင်ငံတိုင်း၏ အချုပ်အခြာအာဏာကိုလေးစားရန်လိုပြီး ထိုအချက်များကို အဖွဲ့အစည်းတော်တော်များများမှချိုးဖေ-ာက်နေကြခြင်းများမှာ ပြုပြင်သင့်သည့်အချက်များဖြစ်၍ မြန်မာ-ကာဇက်စတန်နှစ်နိုင်ငံ ပူးပေါင်းလေ့လာဆောင်ရွက်နိုင်သည်ဟု မြန်မာနိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှားမှာ အရံလောင်စာဆီ လုံလုံလောက်လောက် ရှိဟု ဒုတိယဝန်ကြီးချုပ်ဆို

ပြည်တွင်းစျေးကွက်ကို ထောက်ပံ့ပေးဖို့အတွက် ရုရှားနိုင်ငံမှာ လောင်စာဆီပမာဏ လုံလုံလောက်လောက် အာမခံချက်ရှိရှိ စုဆောင်းထားပြီးဖြစ်တယ်လို့ ဒုတိယဝန်ကြီးချုပ် အလက်ဇန္ဒားနိုဗက်ခ်က ပြောကြားပါတယ်။ အရံဆီတွေ လုံလောက်မှု ရှိမရှိနဲ့ ထောက်ပံ့မှု တိုးလာဖို့ မျှော်လင့်နိုင်မလားဆိုတဲ့ မေးခွန်းကို သူက "ကျွန်တော်တို့ စျေးကွက်ထဲမှာ လောင်စာဆီ လုံလုံလောက်လောက် ရှိနေပါတယ်"လို့ ပြန်လည်ဖြေကြားခဲ့တာပါ။ ဝယ်လိုအားကို ပြည့်မီဖို့အတွက် တာဝန်ရှိသူတွေဟာ လောင်စာဆီစျေးကွက်အတွင်းက ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေကို လက်ရှိမှာ ပြန်လည်ပြင်ဆင်ဖွဲ့စည်းနေတယ်လို့ နိုဗက်ခ်က ပြောပြီး၊ စျေးကွက်ကို ပြန်လည်မျှခြေဖြစ်အောင် လုပ်ဖို့ အချိန်အနည်းငယ် ကြာဦးမယ်လို့ ဖြည့်စွက်ပြောခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ် ဘယ်တော့ပြီးမလဲ၊ ပြီးတော့...

ငွေကျပ်(၄၂၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးမြို့တွင် မီးရှို့ဖျ-က်ဆီး

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလေးလေ ဆိပ်ဟောင်းတွင် ယနေ့ ဇွန် ၂၆ ရက်နံနက်ပိုင်းက ငွေကျပ်(၄၂၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးခဲ့ကြောင်း သိရသည်။ (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတို-က်ဖျ-က်ရေးနေ့အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းအတွင်း ၂၀၂၅ ခုနှစ်၊ ဇွန်လမှ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိဖမ်းဆီးမိခဲ့သည့် ငွေကျပ်(၄၂၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးအမျိုး(၂၇)မျိုးကို မီးရှို့ဖျ-က်ဆီးခဲ့ကြောင်း သိရသည်။ Photo-Ko Than Htay

စားအုန်းဆီအခြေခံလက်ကားဈေး ယခင်အပတ်ထက် ကျပ်(၃၀)လျော့ကျ

ယနေ့ ဇွန် ၂၆ ရက်မှ ဇူလိုင် ၂ ရက်အထိ(တစ်ပတ်တာ) အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းစျေးနှုန်းသည် ယခင်အပတ်ထက် ကျပ်(၃၀)လျော့ကျခဲ့ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီထံမှ သိရသည်။ ယခု တစ်ပတ်အတွက် ရန်ကုန်အထိုင်စျေး အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းသည် စားအုန်းဆီတစ်ပိဿာလျင်(၇,၂၅၅)ကျပ်ဖြစ်ရာ ယခင် အပတ်ကဖြစ်ပေါ်ခဲ့သော ရည်ညွှန်းစျေးနှုန်း စားအုန်းဆီတစ်ပိဿာလျင်(၇,၂၈၅)ထက် (၃၀)ကျပ်လျော့ကျခဲ့ကြောင်း သိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်ရေးကော်မတီက စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ ဈေးနှုန်းအတက်အကျပေါ်မူတည်၍ ပပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြစ်ပေါ်စေရေးကိုထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071