မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံ တို-က်ရို-က်လေကြောင်းလိုင်းတိုးချဲ့ပျံသန်းပြေးဆွဲရန် သဘောတူညီချက်များရရှိခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီးဒေါက်တာခိုင်ခိုင်စိုးက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ်(State Visit)သွားရောက်ခဲ့မှုနှင့်ပတ်သက်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။
“လက်တွေ့အမြန်ဆုံးတွေ့မြင်ရမယ့်အချက်ကတော့ ဟိုတယ်၊ ခရီးသွားလုပ်ငန်းပါ။ Siem Reap နဲ့ ပုဂံဒေသက ညီအစ်မမြို့တော်(Sister City)ပါ။ ဒါကို ဆက်ပြီးဆောင်ရွက်သွားဖို့၊ နောက်တစ်ခါ Two Countries, One Destination ကိုလည်း ဆက်ပြီးအကောင်အထည် ဖော်သွားဖို့ သဘောတူညီချက်ရရှိခဲ့ပါတယ်”ဟု ပြောသည်။
” တို-က်ရို-က်လေကြောင်းလိုင်းတွေ တိုးချဲ့ပျံသန်းဖို့ စီး ပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ လယ် ယာထွက်ကုန်ပစ္စည်းတချို့၊ နောက်တစ်ခါ စက်မှုထွက် ကုန်ပစ္စည်းတချို့ ကမ္ဘောဒီးယားနိုင်ငံကိုကုန်သွယ်မှုလုပ်ဖို့၊ တင်ပို့ဖို့အတွက်လည်းဆွေးနွေးခဲ့တာရှိပါတယ်” ဟု ပြောသည်။
” နိုင်ငံတော်သမ္မတကြီးက ဟိုချီမင်းကနေ ဖနောင်ပင်၊ ဖနောင်ပင်ကနေ ဗန်ကောက်၊ ဗန်ကောက်ကနေမှ ထား ဝယ်ရေနက် ဆိပ်ကမ်း ဒီအပေါ်မှာ လမ်းကြောင်းဆွဲပြီးရင် အိန္ဒိယသမုဒ္ဒရာနောက်ဘက်ထွက်ပေါက်ကို တို-က်ရို-က်ဒေသတွင်းနိုင်ငံတွေဖြတ်သန်းသွားလို့ရမယ့်လမ်းကြောင်းကို Propose လုပ်ခဲ့ပါတယ်”ဟု ပြောသည်။
” ကမ္ဘောဒီးယားနိုင်ငံကလည်း ဒီလမ်းကြောင်းကို စိတ်ဝင်စားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက အိန္ဒိယနိုင်ငံကို ပစ္စည်းတွေပို့ချင်တယ်၊ အိန္ဒိယနိုင်ငံကနေ ပစ္စည်းတွေသွင်းချင်တယ်၊ ကုန်သွယ်မှုလုပ်ချင်တယ်။ အဲဒီအတွက် ကုန်းလမ်းကြောင်းကိုအသုံးပြုချင်တယ်။ ဒါကြောင့်မို့ ဒီလမ်းကြောင်းကို စိတ်ဝင်စားပါတယ် ဆက်လက်ဆွေးနွေးဖို့ဆွေးနွေးခဲ့ကြတယ်”ဟု ဒေါက်တာခိုင်ခိုင်စိုးက ပြောသည်။
