ကွာလာလမ်ပူ၊ဖေဖော်ဝါရီ ၁၇
မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းရာ၌ မလေးရှားနိုင်ငံ၏ခေါင်းဆောင်မှုကိုယုံကြည်မှုရှိပြီး အာဆီယံဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်မှုကို ထောက်ခံအားပေးမည်ဖြစ်ကြောင်း သက်ဆင်က ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်အတွက် အာဆီယံဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်မည့် မလေးရှားနိုင်ငံ၏ဝန်ကြီးချုပ် အန်ဝါအီဘရာဟင် က ယမန်နှစ်ဒီဇင်ဘာလက အလွတ်တန်းအကြံပေးအဖြစ်ခန့်အပ်ခဲ့သဖြင့် ယခုကဲသို့လာရခြင်းဖြစ်ကြောင်းမစ္စတာသက်ဆင်က ပြောကြားခဲ့သည်။
ဆက်လက်၍မစ္စတာသက်ဆင်က ၎င်းအနေဖြင့် မြန်မာ့ပဋိပက္ခအတွက် အသီးသီးသော လက်နက်ကိုင်အဖွဲ့အစည်းများ၏ခေါင်းဆောင်များနှင့်တွေ့ပြီးဆွေးနွေးသွားမည်ဟုလည်းဆိုခဲ့သည်။
ထိုင်းမီဒီယာများက သက်ဆင်သည် မတ်လနှင့်ဧပြီလတွင် ချင်းမိုင်၌ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း ထိုင်းမီဒီယာများကဖော်ပြခဲ့သည်။
အန်ဝါကသက်ဆင်အား အလွတ်တန်းအကြံပေးအဖြစ်ခန့်အပ်ခဲ့ပြီးကတည်းက ဒီဇင်ဘာနှောင်းပိုင်းနှင့်ဖေဖော်ဝါရီအစောပိုင်းတွင် နှစ်ကြိမ်တိတိတွေ့ဆုံခဲ့ပြီးဖြစ်သည်။
Source : ဘနားမား
