Saturday, May 23, 2026

မြန်မာ-ရုရှား တက္ကသိုလ်ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး၊ NNSTU...

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နစ်ဇ်နီ နော့ဗ်ဂိုရော့ဒ်မြို့၌ ရောက်ရှိနေသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် Nizhny Novgorod State Technical University...

မြန်မာ့ဒေသရင်း အပင်နှင့် တိရစ္ဆာန်မျိုးစိတ်ပေါင်း ၉၀၀...

မေလ ၂၂ ရက်နေ့က ကျင်းပပြုလုပ်သည့် ၂၀၂base ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့ (International Day for Biological Diversity)...

ဆွေးနွေးပွဲများ ပျက်ပြားပါက ပိုမိုကျယ်ပြန့်သော စစ်ပွဲဖြစ်ပွားလာနိုင်ကြောင်း...

ပြန်လည်ဖြစ်ပွားလာမည့် စစ်ပွဲဘေးမှ ရှောင်ရှားနိုင်ရန်နှင့် သဘောတူညီချက်တစ်ခု ရရှိစေရန်အတွက် ပါကစ္စတန်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် သွယ်ဝိုက်သော နည်းလမ်းဖြင့် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေသော်လည်း ထရမ့်အစိုးရအဖွဲ့သည် အီရန်နိုင်ငံအပေါ်...

အနာဂတ်နိုင်ငံတော်အတွက် အားထားရမည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ဖြစ်လာစေရေး...

ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်မည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် နေပြည်တော်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံရေးနှင့် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ဒုတိယသမ္မတ...
HomeNewsLocal Newsမြန်မာ့ပထမဆုံး ထောပတ်သီး သန့်စင်ထုပ်ပိုးသည့်...

မြန်မာ့ပထမဆုံး ထောပတ်သီး သန့်စင်ထုပ်ပိုးသည့် စက်ရုံ ရှမ်းပြည်နယ်တွင် တည်ဆောက်ထား

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်တွင် တောင်သူများစုပေါင်း၍ မြန်မာ့ပထမဆုံးထောပတ်သီး သန့်စင်ထုပ်ပိုးသည့် စက်ရုံကို တည်ဆောက်ထားကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

အဆိုပါ စက်ရုံကိုပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး စက်ပစ္စည်းများ တပ်ဆင်ရန် ပညာရှင်များနှင့် ဆွေးနွေးနေကြောင်းနှင့် လက်ရှိအချိန်အထိ စက်ရုံတည်ဆောက်မှုအတွက် ငွေကျပ် သိန်း ၆၀၀၀ နီးပါး ကုန်ကျခဲ့ကြောင်း သိရသည်။

ယင်းစက်ရုံသည် ပြည်ပသို့ export တင်ပို့မည်ဆိုပါက မရှိမဖြစ်လိုအပ်ပြီး တန်ချိန်များများ ထုတ်လုပ်နိုင်သည့်အပြင် ဈေးကောင်းရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးကျော်စိုးမင်းက ပေါ်ပြူလာနယူးစ်သို့ ဖြေကြားထားသည်။

မြန်မာ့ ပထမဆုံး ထောပတ်သီး သန့်စင်ထုပ်ပိုးသည့် စက်ရုံပြီးစီးပါက တစ်ရက်လျှင် တန်ချိန် (၅၀) မှ (၁၀၀) ကြား ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိ ပြည်ပဈေးကွက်သို့ မြန်မာ့ထောပတ်သီး တင်ပို့မှုတွင် နယ်စပ်ကုန်သွယ်မှုအပြင် ပင်လယ်ရေကြောင်းဖြစ်သည့် တရားဝင်ဆိပ်ကမ်းများမှ တင်ပို့လျက်ရှိကာ အိန္ဒိယ၊ ဒူဘိုင်း၊ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့မှ မြန်မာ့ထောပတ်သီးကို ဝယ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-ရုရှား တက္ကသိုလ်ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး၊ NNSTU နှင့် ပညာရေးချိတ်ဆက်မှု မြှင့်တင်မည်

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နစ်ဇ်နီ နော့ဗ်ဂိုရော့ဒ်မြို့၌ ရောက်ရှိနေသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် Nizhny Novgorod State Technical University (NNSTU) ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် တာဝန်ရှိသူများအား ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် NNSTU တို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး တက္ကသိုလ်အတွင်းရှိ စာသင်ခန်းများနှင့် လက်တွေ့ခန်းများကိုလည်း လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။ ထို့ပြင် နစ်ဇ်နီ နော့ဗ်ဂိုရော့ဒ်မြို့တွင် ပညာတော်သင်ရောက်ရှိနေသည့် မြန်မာကျောင်းသား၊ ကျောင်းသူများနှင့်လည်း...

မြန်မာ့ဒေသရင်း အပင်နှင့် တိရစ္ဆာန်မျိုးစိတ်ပေါင်း ၉၀၀ ကျော် မှတ်တမ်းတင်ထားနိုင်၊ ထိန်းသိမ်းမှုမလုပ်ပါက ဆယ်စုနှစ်အတွင်း မျိုးစိတ်တစ်သန်းခန့် မျိုးသုဉ်းနိုင်မြန်မာနိုင်ငံအနေဖြင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံအဖြစ် ၁၉၉၅ ခုနှစ်မှစ၍ ပါဝင်ခဲ့ပြီးနောက် လက်ရှိအချိန်ထိ မြန်မာ့ဒေသရင်း အပင်မျိုးစိတ် ၈၆၄ မျိုး၊ နို့တိုက်သတ္တဝါ မျိုးစိတ် (၉) မျိုး၊...

မေလ ၂၂ ရက်နေ့က ကျင်းပပြုလုပ်သည့် ၂၀၂base ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့ (International Day for Biological Diversity) အထိမ်းအမှတ် အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ လက်တွေ့မလုပ်ဆောင်ပါက မျိုးသုဉ်းမည့်အန္တရာယ် ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက “ဇီဝမျိုးစုံမျိုးကွဲတွေကို ကာကွယ်ထိန်းသိမ်းခြင်းကို လက်တွေ့နေ့စဉ်လုပ်ဆောင်ချက်တွေကနေတစ်ဆင့် ဒေသအဆင့်၊ နိုင်ငံအဆင့် စသည်ဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြဖို့ လိုအပ်ပါတယ်။ ဇီဝမျိုးစုံမျိုးကွဲတွေ ဆုံးရှုံးရခြင်းရဲ့ အကြောင်းရင်းတွေကို လျှော့ချဆောင်ရွက်ခြင်း မပြုလုပ်ဘူးဆိုရင် လာမည့်ဆယ်စုနှစ်တွေအတွင်းမှာ ကမ္ဘာပေါ်က မျိုးစိတ်ပေါင်း တစ်သန်းခန့် မျိုးသုဉ်းပျောက်ကွယ်သွားနိုင်ပါတယ်”...

ဆွေးနွေးပွဲများ ပျက်ပြားပါက ပိုမိုကျယ်ပြန့်သော စစ်ပွဲဖြစ်ပွားလာနိုင်ကြောင်း ခြိမ်းခြောက်လျက် ထရမ့်အစိုးရက အီရန်အပေါ် တိုက်ခိုက်မှုအသစ်များ ပြုလုပ်ရန် ပြင်ဆင်နေ

ပြန်လည်ဖြစ်ပွားလာမည့် စစ်ပွဲဘေးမှ ရှောင်ရှားနိုင်ရန်နှင့် သဘောတူညီချက်တစ်ခု ရရှိစေရန်အတွက် ပါကစ္စတန်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် သွယ်ဝိုက်သော နည်းလမ်းဖြင့် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေသော်လည်း ထရမ့်အစိုးရအဖွဲ့သည် အီရန်နိုင်ငံအပေါ် စစ်ရေးအရ တိုက်ခိုက်မှုအသစ်များ ပြုလုပ်ရန် ပြင်ဆင်လျက်ရှိသည်။ CBS သတင်းဌာန၏ ဖော်ပြချက်အရ အကယ်၍ တိုက်ခိုက်မှုများ ပြန်လည်စတင်ပါက အီရန်နိုင်ငံဘက်မှ လက်တုံ့ပြန်လာနိုင်သည့် စိုးရိမ်မှုများရှိနေသောကြောင့် အမေရိကန် စစ်ဘက်နှင့် ထောက်လှမ်းရေးအရာရှိများသည် စစ်သည်များ၏ ခွင့်ရက်များကို စတင်ပယ်ဖျက်ခြင်း၊ အရေးပေါ် တပ်ဖြန့်ခွဲမှု အစီအစဉ်များကို မွမ်းမံပြင်ဆင်ခြင်းနှင့် ပြည်ပရှိ စစ်အခြေစိုက်စခန်းများကို အသင့်ပြင်ဆင်ခြင်းများ လုပ်ဆောင်နေပြီ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071