Monday, May 4, 2026

Tottenham Hotspur အသင်းမှနည်းပြများသင်ကြားပေးခဲ့သည့် MFF...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် အခမဲ့နွေရာသီအခြေခံဘောလုံးသင်တန်း(ဒုတိယအသုတ်)မှ သင်တန်းသား/သူများကို ပရီးမီးယားလိဂ်ကလပ် Tottenham Hotspur အသင်းမှ နည်းပြများက အထူးအစီအစဉ်အနေဖြင့် မေ ၃ ရက်တွင်လေ့ကျင့်သင်ကြားပေးခဲ့ကြသည်။ Tottenham Hotspur...

ကေတုမတီမြို့ဟောင်း၌ အရှည်ပေ(၂၁၀)ရှိ ရှေး ဟောင်းကျုံးကူးတံတားတည်ဆောက်မည်

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ ကေတုမတီမြို့ဟောင်း၌ အ ရှည်ပေ(၂၁၀)ရှိ ရှေးဟောင်းကျုံးကူးတံတားတည် ဆောက်မည်ဖြစ်ရာ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မေ ၃ ရက်နံနက်ပိုင်းတွင်ကြည့်ရှုစစ်ဆေးခဲ့သည်။ ကေတုမတီမြို့ဟောင်း၏ မြောက်ဘက်မြို့ရိုးမော် ကွန်းတံခါးပေါက်နှင့်...

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ICU ထပ်မံတိုးချဲ့နိုင်ရေး ကျန်းမာရေးဝန်ကြီး...

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ICU ထပ်မံတိုးချဲ့နိုင်ရေး ကျန်းမာ‌ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် မှာကြားခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်ဆေးရုံကြီး၏ ICU ထပ်မံတိုးချဲ့နိုင်ရေးနှင့်...

ပိဋကသုံးပုံ အဋ္ဌကထာ ကွန်ပျူတာစာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်း

ဆဋ္ဌသင်္ဂါယနာတင်ဋီကာကျမ်းစာ ၂၆ အုပ်ကို ကွန်ပျူတာစာမူပြုစုခြင်းလည်း စတင်ဆောင်ရွက်လျက်ရှိ ပိဋကသုံးပုံအဋ္ဌကထာကွန်ပျူတာ စာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲ ကို မေ ၃ ရက်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ...
HomeNewsFootballမြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၃)ပွဲတွင် နိုင်ငံခြားသား...

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၃)ပွဲတွင် နိုင်ငံခြားသား ကစားသမား(၂)ဦးနှင့် မြန်မာကစားသမား(၁)ဦး အကောင်းဆုံးကစားသမားဆု ရရှိ

ယမန်နေ့ ဇူလိုင် (၇)ရက် ညနေပိုင်းက မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပြည်တွင်းကလပ်အသင်းများ၏ အိမ်ကွင်းများ၌ ကစားခဲ့ကြသော ပွဲစဉ်သုံးပွဲတွင် နိုင်ငံခြားသားကစားသမား (၂) ဦးနှင့် မြန်မာကစားသမား(၁)ဦးတို့ အကောင်းဆုံးကစားသမားဆုတစ်ဆုဖြစ်သည့် Man of The Match ဆု အသီးသီးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ AYA Pay ကချီးမြှင့်သည့် Man of The Match ဆုကို ရှမ်းယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား မာ့ခ်ဆာကီ၊ Dagon Port အသင်း ရှေ့တန်းတိုက်စစ်မှူး Mogou နှင့် ဧရာဝတီယူနိုက်တက်အသင်း ကစားသမား ရာဇာအောင်တို့က ရရှိခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့သုံးဦးအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဉက္ကဌ ဦးထိပ်ခွန်နောင်မြင့်ဝေ၊ Myanmar National League Chief Operating Officer ဦးတင်ထွန်းအောင်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ဆုကြေးငွေ ကျပ် (၃၀၀,၀၀၀) ကို အသီးသီးပေးအပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အကောင်းဆုံး အားကစားသမားဆုဖြစ်သည့် AYA Pay Man of the Match ဆုကို Myanmar National League 2024/2025 ပွဲစဉ်တိုင်းတွင် ရွေးချယ်ပေးအပ်သွားမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီက အသိပေးထားသည်။

ယခုနှစ် ကျင်းပနေသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲသည် (၁၅)ကြိမ်မြောက်ရှိပြီဖြစ်ကာ ၂၀၂၄ ဇူလိုင်လ (၆) ရက်မှ ၂၀၂၅ ဖေဖော်ဝါရီလ (၁၆) ရက်ထိ (၈) လကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Tottenham Hotspur အသင်းမှနည်းပြများသင်ကြားပေးခဲ့သည့် MFF ၏ နွေရာသီအခြေခံဘောလုံးသင်တန်း (ဒုတိယအသုတ်)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် အခမဲ့နွေရာသီအခြေခံဘောလုံးသင်တန်း(ဒုတိယအသုတ်)မှ သင်တန်းသား/သူများကို ပရီးမီးယားလိဂ်ကလပ် Tottenham Hotspur အသင်းမှ နည်းပြများက အထူးအစီအစဉ်အနေဖြင့် မေ ၃ ရက်တွင်လေ့ကျင့်သင်ကြားပေးခဲ့ကြသည်။ Tottenham Hotspur အသင်းမှနည်းပြများဖြစ်သည့် Mr. Kevin Moffatt နှင့် Mr. Tyler Blackwood တို့က အခြေခံဘောလုံးနည်းစနစ်များကိုလက်တွေ့သင်ကြားပြသပေးခဲ့ကြသည်။

ကေတုမတီမြို့ဟောင်း၌ အရှည်ပေ(၂၁၀)ရှိ ရှေး ဟောင်းကျုံးကူးတံတားတည်ဆောက်မည်

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ ကေတုမတီမြို့ဟောင်း၌ အ ရှည်ပေ(၂၁၀)ရှိ ရှေးဟောင်းကျုံးကူးတံတားတည် ဆောက်မည်ဖြစ်ရာ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မေ ၃ ရက်နံနက်ပိုင်းတွင်ကြည့်ရှုစစ်ဆေးခဲ့သည်။ ကေတုမတီမြို့ဟောင်း၏ မြောက်ဘက်မြို့ရိုးမော် ကွန်းတံခါးပေါက်နှင့် ကျုံးရေပြင်အားဖြတ်သန်း၍ အ ရှည်ပေ(၂၁၀)ရှိ ရှေးဟောင်းကျုံးကူးတံတားတည် ဆောက်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် ကျုံးနှင့် မြို့ရိုးကြား၌ မြေယာအလှရှုခင်းတို့ကိုဆောင်ရွက်လျက်ရှိသည်။ တိုင်းဝန်ကြီးချုပ်က ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်ရန်၊ LandScaping Design များ ခေတ်မီလှပစေရန်နှင့် ကျုံးကူးတံတားဘယ်/ညာ ကျုံးဆလန်ချောဆက်လက်ပြုလုပ်ရန်တို့ကို မှာကြားခဲ့သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ICU ထပ်မံတိုးချဲ့နိုင်ရေး ကျန်းမာရေးဝန်ကြီး မှာကြား

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ICU ထပ်မံတိုးချဲ့နိုင်ရေး ကျန်းမာ‌ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် မှာကြားခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်ဆေးရုံကြီး၏ ICU ထပ်မံတိုးချဲ့နိုင်ရေးနှင့် သေဆုံးသူလူနာများထားရှိရာ Mortuary အဆောက်အအုံသစ် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ကြိုးစားဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ပြည်သူများ လက်လှမ်းမီသည့် ကျန်းမာရေး စောင့်‌‌ရှောက်မှုများကို ပိုမိုရရှိစေရေး၊ လူနာများစောင့်ဆိုင်းရမှု အချိန်ကာလလျော့ကျစေရေး၊ လူနာပြုစုကုသမှုများ ပိုမိုစနစ်ကျစေရေး၊ ပြည်သူမှ စိုက်ထုတ်ကုန်ကျငွေ အတတ်နိုင်ဆုံးလျော့နည်းစေရေးတို့ကို ဆေးရုံတာဝန်ရှိသူများကို မှာကြားခဲ့ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071