Monday, September 21, 2026

မလေးရှားထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်နေ

ဩဂုတ်လအတွင်း ၇၁ ဦးစိစစ်ခဲ့ပြီး ၅၄ ဦးအား CI ထုတ်ပေးနိုင် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနအောက်ရှိ ထိန်းသိမ်းရေးစခန်း ၁၅ ခုတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများကို...

ပါမောက္ခချုပ်ဆရာတော်ကြီး ယနေ့ညနေပိုင်းတွင် မန္တလေးမြို့၌ တရားဟောကြားတော်မူမည်

ပါမောက္ခချုပ်ဆရာတော်ကြီးသည် ယနေ့ စက်တင်ဘာ ၂၁ ရက်ညနေပိုင်းတွင် မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ "ညီမူရာ"တရားပွဲမဏ္ဍပ်၌ တရားနာဧည့်ပရိ သတ်များအား နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို ဟောကြားတော်မူသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ...

အီရန်က စာသင်ကျောင်းကို တို-က်ခိုက်ဖို့ ပြင်ဆင်ရာမှာ...

​အီရန်တောင်ပိုင်း မီနက်ဘ်(Minab) မြို့မှာရှိတဲ့ မိန်းကလေး မူလတန်းကျောင်းကို တို-က်ခိုက်ဖို့ ဆုံးဖြတ်စဉ်မှာ အမေရိကန် စစ်တပ်ဟာ AI စနစ်ပေါ် အလွန်အမင်း မှီခိုခဲ့တယ်လို့...

ဒူးမားလွှတ်တော်ရွေးကောက်ပွဲ မော်စကိုမြို့ရှိ မဲရုံများကို ပြည်သူ့လွှတ်တော်...

မော်စကို၊ စက်တင်ဘာ ၂၀ ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းသည် စက်တင်ဘာ ၂၀ ရက်က ရုရှားနိုင်ငံ၏ ဒူးမားလွှတ်တော်ရွေးကောက်ပွဲ ကျင်းပလျက်ရှိသည့်...
HomeNewsLocal Newsမြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌအဖြစ်...

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌအဖြစ် ဦးရဲမင်းအောင်ကို ထပ်မံရွေးချယ်တင်မြှောက်ခဲ့

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ (၆)ကြိမ်မြောက်ရွေးချယ်တင်မြှောက်ပွဲတွင်၂ဝ၂၅ -၂ဝ၂၇ သက်တမ်းကာလအတွက် ဥက္ကဋ္ဌအဖြစ် ဦးရဲမင်းအောင်ကို ဆက်လက် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့်ရွေးကောက်တင်မြှောက်ပွဲ (၅) ကြိမ်ကျင်းပခဲ့ပြီး ဖွဲ့စည်းပုံနှင့်အညီ ကဏ္ဍအသီးသီးမှ အထွေထွေညီလာခံ ကိုယ်စားလှယ်များက စီမံခန့်ခွဲရေးကော်မတီခေါင်းဆောင်များ၊ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

ထို့ပြင် ၂ဝ၁၉ ခုနှစ်၊ မန္တလေးမြို့တွင် ကျင်းပသော အထွေထွေညီလာခံတွင် ဥက္ကဋ္ဌ ဦးချစ်ခိုင်မှ နှုတ်ထွက်ရန် အဆိုပြုတင်ပြခဲ့ပြီး ကျန်ရှိသော သက်တမ်းကာလအတွက် နောင်ရွေးချယ်တင်မြှောက်ပွဲ မကျင်းပချိန်အထိ ယာယီအားဖြင့် ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင်တို့ကို အထွေထွေညီလာခံမှ တင်မြှောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက်အသင်းချုပ်၏ ၂ဝ၂၂-၂ဝ၂၄ သက်တမ်းအတွက် ရွေးကောက်ပွဲကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်တွင် ကျင်းပခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဦးရဲမင်းအောင်၊ အထွေထွေအတွင်းရေးမှူးအဖြစ် ဦးလူမော်မြင့်မောင်တို့အား ရွေးချယ်တင်မြှောက်ခဲ့သည်။

အသင်းချုပ်၏ (၆)ကြိမ်မြောက်ရွေးချယ်တင်မြှောက်ပွဲကို ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ၂ဝ၂၅ -၂ဝ၂၇ သက်တမ်းကာလအတွက် ခေါင်းဆောင်အသစ်များကို ရွေးချယ်တင်မြှောက်ခဲ့ရာ ဥက္ကဋ္ဌအဖြစ် ဦးရဲမင်းအောင်မှ ဆက်လက်တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင်မှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန် စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့ကို အစုအဖွဲ့ အဖြစ် ပါဝင်သည့် ဆန်စပါး အထူးပြုကုမ္ပဏီများ ပူးပေါင်းပါဝင်သော ဆန်စပါးစိုက်ပျိုးသည်မှ တင်ပို့ရောင်းချသည်အထိ (Supply Chain) တလျှောက်လုံး ပါဝင်သော စိုက်ပျိုးထုတ်လုပ်၊ ကြိတ်ခွဲတင်ပို့ရောင်းချသူများအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် အချိတ်အဆက်မိစွာ လုပ်ငန်းများဆောင်ရွက်နိုင်စေရန်အတွက် ၂ဝ၁ဝ ခုနှစ်၊ ဇန်နဝါရီလ(၂)ရက်တွင် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း (Myanmar Rice Industry Association-MRIA) ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

၂၀၁၁ ခုနှစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အစိုးရလက်ထက်တွင် မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း(MRIA)အား မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF) အဖြစ်သို့ ပြောင်းလဲတိုးမြှင့် ဖွဲ့စည်းရန်နှင့် မူလတည်ရှိသော အသင်းများ၊ ပြန်လည်သက်ဝင်လှုပ်ရှားပြီး အသင်းချုပ်၏ ဦးဆောင်မှုအောက်တွင် လုပ်ငန်း ဆောင်ရွက်ရန် သဘောတူညီမှုဖြင့် ၂ဝ၁၃ ခုနှစ်၊ ဇွန်လ(၂၃)ရက်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကို (Federation) တိုးမြှင့်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မလေးရှားထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်နေ

ဩဂုတ်လအတွင်း ၇၁ ဦးစိစစ်ခဲ့ပြီး ၅၄ ဦးအား CI ထုတ်ပေးနိုင် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနအောက်ရှိ ထိန်းသိမ်းရေးစခန်း ၁၅ ခုတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရေးအတွက် နိုင်ငံသားဖြစ်မှု စိစစ်ခြင်းနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက အသိပေးထားသည်။ ထိန်းသိမ်းခံထားရသူများအနက် ကိုယ်ပိုင်သဘောဆန္ဒဖြင့် နေရပ်ပြန်လိုကြောင်း တင်ပြလျှောက်ထားသူများကို မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ ပြန်လည်ပို့ဆောင်ရေး ဆောင်ရွက်နေခြင်းဖြစ်သည်။ ၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း Melaka Camp လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား...

ပါမောက္ခချုပ်ဆရာတော်ကြီး ယနေ့ညနေပိုင်းတွင် မန္တလေးမြို့၌ တရားဟောကြားတော်မူမည်

ပါမောက္ခချုပ်ဆရာတော်ကြီးသည် ယနေ့ စက်တင်ဘာ ၂၁ ရက်ညနေပိုင်းတွင် မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ "ညီမူရာ"တရားပွဲမဏ္ဍပ်၌ တရားနာဧည့်ပရိ သတ်များအား နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို ဟောကြားတော်မူသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တရားပွဲကို မန္တလေးမြို့၊ မလွန်စျေးဆန်လှူအ သင်းကြီး၏ နှစ်(၁၃၀)ပြည့် မဟာတဏ္ဍုလဒါန ဆွမ်းဆန်တော်အလှူပွဲကြီးအောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ်ဆင်ယင်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် စက်တင်ဘာ ၂၂ ရက်ညနေပိုင်းတွင်လည်း သီ တဂူဆရာတော်ကြီးက တရားနာဧညိ့ပရိသတ်များကို နိဗ္ဗာန်ရောက်ကြောင်းတရားတော်များဟောကြားတော်မူသွားမည်ဖြစ်ကြောင်း သိရသည်။

အီရန်က စာသင်ကျောင်းကို တို-က်ခိုက်ဖို့ ပြင်ဆင်ရာမှာ အမေရိကန်က AI ကို အသုံးပြုခဲ့ဟု

​အီရန်တောင်ပိုင်း မီနက်ဘ်(Minab) မြို့မှာရှိတဲ့ မိန်းကလေး မူလတန်းကျောင်းကို တို-က်ခိုက်ဖို့ ဆုံးဖြတ်စဉ်မှာ အမေရိကန် စစ်တပ်ဟာ AI စနစ်ပေါ် အလွန်အမင်း မှီခိုခဲ့တယ်လို့ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေသူတွေကို ကိုးကားပြီး Bloomberg သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ​သတင်းရင်းမြစ်တွေရဲ့ အဆိုအရ တိုက်ခိုက်မှုကို တာဝန်ယူခဲ့တဲ့ အမေရိကန် အလယ်ပိုင်း စစ်ဌာနချုပ်ဟာ Palantir ကုမ္ပဏီရဲ့ Maven Smart Systems (MSS) မှာ ထည့်သွင်းထားတဲ့ AI စနစ်ကို သုံးခဲ့ကြတာ ဖြစ်ပါတယ်။ ​ဒီဖြစ်ရပ်ဆိုး ဖြစ်ပွားပြီး နာရီပိုင်းအလိုမှာပဲ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071