Thursday, June 18, 2026

UNESCO ၏ YouthHackathon 2026...

ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ကြီးမှူးကျင်းပသည့် YouthHackathon 2026 လူငယ်ဆန်းသစ်တီထွင်မှုပြိုင်ပွဲအတွက် စာရင်းပေးသွင်းခြင်း လုပ်ငန်းစဉ်များကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း...

ပုဂံဒေသ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် ဒေသလုံခြုံရေးတိုးမြှင့်ရေး ဆောင်ရွက်နေ

ပုဂံဒေသ၏ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ခရီးသွားမြှင့်တင်ရေး (Promotion) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသလုံခြုံရေး အားကောင်းစေရေးကိုလည်း နည်းလမ်းပေါင်းစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ဟိုတယ်၊...

နန့်ယင်းချောင်းရေနှင့် နန့်ကောင်းချောင်းရေတို့ (၄၈)နာ ရီအတွင်း...

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ နန့်ယင်းချောင်းရေသည် ယနေ့ ဇွန် ၁၈ ရက်မွန်းတည့်ပိုင်းကတိုင်းထွာချက်အရ မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်အောက်(၁) ပေခွဲကျော်တွင်ရောက်ရှိနေကြောင်း သိရသည်။ ထို့ပြင် နန့်ကောင်းချောင်းရေသည်လည်း မိုးကောင်းမြို့၏...

မြန်မာ-ကမ္ဘောဒီးယား-ထိုင်း တိုက်ရိုက်လေကြောင်းချိတ်ဆက်မှု တိုးမြှင့်နိုင်ပါက ခရီးသွားဝင်ရောက်မှု...

မြန်မာ၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား တိုက်ရိုက်လေကြောင်းလိုင်းများ ပြေးဆွဲနိုင်ပါက မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဝင်ရောက်မှု ပိုမိုတိုးတက်လာနိုင်ကြောင်း Mekong Tourism Forum 2026 တွင်...
HomeMoviesမြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သောငြိမ်းချမ်းရေးဖော်ဆောင်မှုကို တရုတ်နိုင်ငံကခိုင်မာစွာပံ့ပိုးကူညီသွားမည်

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သောငြိမ်းချမ်းရေးဖော်ဆောင်မှုကို တရုတ်နိုင်ငံကခိုင်မာစွာပံ့ပိုးကူညီသွားမည်

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သောငြိမ်းချမ်းရေးဖော်ဆောင်မှု၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ အမျိုး သားပြန်လည်သင့်မြတ်ရေး၊ လူမှုစီးပွားဘဝဖြစ်ထွန်းရေးတို့ကို တရုတ်နိုင်ငံက ခိုင်မာစွာပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ဇွန် ၁၇ ရက်ကထုတ်ပြန်သည့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်မှု အရှိန်အဟုန်မြှင့်တင်ရေးဆိုင်ရာပူးတွဲကြေညာချက်အရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အမျိုးသားရေးအခြေအနေများနှင့်ကိုက်ညီပြီး ပြည်သူလူထုကထောက်ခံအားပေးသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအတိုင်းဦးတည်သွားနေခြင်း၊ မြန်မာနိုင်ငံဘက်မှ နိုင်ငံ၏အချုပ်အခြာ အာဏာ၊ လုံခြုံရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် အ မျိုးသားရေးဂုဏ်သိက္ခာတို့ကိုကာကွယ်စောင့်ရှောက်ခြင်းတို့ကိုလည်း တရုတ်နိုင်ငံက ခိုင်မာစွာပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲကျင်းပခဲ့သည့်အပေါ် တရုတ်နိုင်ငံကကြိုဆိုပြီး နိုင်ငံအတွင်းရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ဖော်ဆောင်ရန် မြန်မာနိုင်ငံဘက်မှကြိုး ပမ်းအားထုတ်မှုများကိုဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်းပူးတွဲကြေညာချက်အရ သိရသည်။

ထို့ပြင် နှစ်ဖက်လုံးက တစ်နိုင်ငံ၏အဓိကအကျိုးစီးပွားနှင့် အလေးထားရမည့်အရေးကိစ္စရပ်များတွင် အပြန် အလှန်ခိုင်မာစွာဆက်လက်ပံ့ပိုးကူညီသွားကြမည်ဟု ထပ်လောင်းအတည်ပြုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ဟောင်ကောင်၊ ရှင်ကျန်းနှင့် ရှီးကျန့်တို့နှင့်သက်ဆိုင်သည့်ကိစ္စရပ်များကို တရုတ်နိုင်ငံ၏ ပြည်တွင်းရေးအဖြစ်မှတ်ယူပြီး ယင်း ကိစ္စရပ်များအပေါ် တရုတ်ဘက်၏ တရားမျှတသောရပ်တည်ချက်ကို ခိုင်မာစွာပံ့ပိုးကူညီသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒအ ပေါ်ကာလရှည်ကြာစွာ တစ်စိုက်မတ်မတ်နှင့် မူဝါဒပိုင်းဆိုင်ရာ ကတိကဝတ်ပြုထားမှုအပေါ် တရုတ်နိုင်ငံဘက်မှ များစွာတန်ဖိုးထားအသိအမှတ်ပြုကြောင်း သိရသည်။

ထို့ပြင် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားပြန်လည်ပေါင်းစည်းရေးဆိုင်ရာများတွင် မြန်မာသိသည့် ထောက်ခံအား ပေးမှုအပေါ် တရုတ်နိုင်ငံကကျေးဇူးတင်ကြောင်းကိုလည်းကြေညာချက်အရ သိရသည်။

ထို့အတူ မည်သည့်နိုင်ငံကမျှ ယင်းတို့၏နယ်မြေအား အခြားတစ်နိုင်ငံ၏ လုံခြုံရေးအကျိုးစီးပွားကိုထိခိုက်ပျက်စီးစေမည့် လုပ်ငန်းဆောင်ရွက်မှုများအတွက် အ သုံးပြုခွင့်ပေးမည်မဟုတ်ဟုလည်း နှစ်ဖက်လုံးကထပ် လောင်းအတည်ပြုခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

UNESCO ၏ YouthHackathon 2026 လူငယ်ဆန်းသစ်တီထွင်မှုပြိုင်ပွဲသို့ ကမ္ဘာတစ်ဝန်းရှိ လူငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်

ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ကြီးမှူးကျင်းပသည့် YouthHackathon 2026 လူငယ်ဆန်းသစ်တီထွင်မှုပြိုင်ပွဲအတွက် စာရင်းပေးသွင်းခြင်း လုပ်ငန်းစဉ်များကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲသည် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (Media and Information Literacy - MIL) ကို မြှင့်တင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်း လူငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်ထားသည်။ ယခုနှစ်ပြိုင်ပွဲကို “Play Your Part: Youth...

ပုဂံဒေသ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် ဒေသလုံခြုံရေးတိုးမြှင့်ရေး ဆောင်ရွက်နေ

ပုဂံဒေသ၏ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ခရီးသွားမြှင့်တင်ရေး (Promotion) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသလုံခြုံရေး အားကောင်းစေရေးကိုလည်း နည်းလမ်းပေါင်းစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။ ရန်ကုန်မြို့၌ ကျင်းပလျက်ရှိသည့် Mekong Tourism Forum 2026 တွင် ပုဂံဒေသ၏ ခရီးသွားလုပ်ငန်း အခြေအနေနှင့်ပတ်သက်၍ ပြောကြားရာတွင် “ပုဂံဒေသကို ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဒေသလုံခြုံရေးကိုလည်း မိမိတို့၏ နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်နေပါသည်” ဟု ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် ပုဂံဒေသသည် ခရီးသွားများအတွက်...

နန့်ယင်းချောင်းရေနှင့် နန့်ကောင်းချောင်းရေတို့ (၄၈)နာ ရီအတွင်း မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်ရောက်ရှိနိုင် သတိပြုနေထိုင်ကြရန် မိုးဇလသတိပေး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ နန့်ယင်းချောင်းရေသည် ယနေ့ ဇွန် ၁၈ ရက်မွန်းတည့်ပိုင်းကတိုင်းထွာချက်အရ မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်အောက်(၁) ပေခွဲကျော်တွင်ရောက်ရှိနေကြောင်း သိရသည်။ ထို့ပြင် နန့်ကောင်းချောင်းရေသည်လည်း မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်အောက်(၂)ပေခန့်တွင်ရောက်ရှိနေကြောင်း သိရသည်။  ယင်း ချောင်းရေများသည် လာမည့် (၄၈)နာရီအတွင်း၌ မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်၍ မိုး ကောင်းမြို့နယ်ရှိ ချောင်းကမ်းအနီး၊ မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုကြရန်နှင့် ချောင်းရေမြင့်တက်လာပါက အချိန်မီရှောင်ရှားကြရန် မိုးဇလက အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071