နစက ဥက္ကဋ္ဌမှ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် (ဟောင်း)၊ The Elders အဖွဲ့၏ ဒု-ဥက္ကဋ္ဌ မစ္စတာ ဘမ်ကီမွန်း အား ဧပြီ ၂၄ ရက်(ယနေ့)နံနက်ပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဥ် နစက ဥက္ကဋ္ဌနှင့်မစ္စတာ ဘန်ကီမွန်းတို့သည် မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်မှု အခြေ အနေများအား အပြုသဘောဆောင်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒု-ဝန်ကြီးချုပ်၊ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေတို့တက်ရောက်ခဲ့ကြသည်။
ထို့ပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်(ဟောင်း)၊ The Elders အဖွဲ့ ဒု-ဥက္ကဋ္ဌ မစ္စတာ ဘန်ကီမွန်းနှင့်အတူ ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး(ဟောင်း) H.E. Mr. KIM Bong-Hyun နှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။




