Sunday, September 20, 2026

ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ ငါးရက်တိုင် တရားပွဲများ...

ရန်ကုန်၊ စက်တင်ဘာ ၂၀ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ စက်တင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ ငါးရက်တိုင်...

ပန်တိုဂျာကို မကျေပွဲတွင် ထပ်မံအနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံခါးပတ်ကို...

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Crypto.com Arena ၌ စက်တင်ဘာ ၁၉ ရက် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်း)...

မြန်မာ့ပြောင်း တန်ချိန် ၁ သန်းခန့်...

ရန်ကုန်၊ စက်တင်ဘာ ၂၀ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အကောက်ခွန်ကင်းလွတ်ခွင့်ရရှိသည့် ကာလအတွင်း ပြောင်းတန်ချိန် ၁ သန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ မြန်မာ့ပြောင်းများကို...

တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ ကျောက်တုံးကြီးလိမ့်ကျကာ လမ်းပိတ်ဆို့ခဲ့ လမ်းကိုယာယီပိတ်ထားပြီး...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ စက်တင်ဘာ ၁၉ ရက်ည ၁၀ နာရီခွဲကျော်ခန့်က ကျောက်တုံးကြီးလိမ့်ကျလာကာလမ်းပိတ်ဆိုခဲ့ကြောင်း သိရသည်။ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ် ရှမ်းပြည်နယ်သတ္တုတွင်းဦးစီးဌာနရုံး၏ အနောက်ဘက်တောင်ပေါ်မှ...
HomeNewsLocal Newsမြန်မာနိုင်ငံ၏ တီဘီတိုက်ဖျက်ရေး လုပ်ငန်းများတွင်...

မြန်မာနိုင်ငံ၏ တီဘီတိုက်ဖျက်ရေး လုပ်ငန်းများတွင် အထောက်အကူပြုနိုင်ရန် ကိုရီးယားနှင့် သဘောတူညီချက်စာလွှာ လက်မှတ်ရေးထိုး

မြန်မာနိုင်ငံ၏ တီဘီတိုက်ဖျက်ရေး လုပ်ငန်းများတွင် အထောက်အကူပြုနိုင်ရန် ဆေးသုတေသနဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ တီဘီသုတေသနဌာနတို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်စာလွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ ပထမနေ့ ဇန်နဝါရီ (၂၀)ရက်က ဆေးသုတေသနဦးစီးဌာန၊ အဆင့်မြင့်မော်လီကျူး သုတေသန အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လက်မှတ်ရေးထိုးခြင်းကို ဆေးသုတေသနဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ တီဘီသုတေသနဌာန (International Tuberculosis Research Center) တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်စာလွှာလက်မှတ်ရေးထိုးပွဲ (Letter of Intent Signing Ceremony) အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာလွှာလက်မှတ်ရေးထိုးနိုင်သည့်အတွက် မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ သုတေသီများ၏ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်လုပ်ဆောင်လာနိုင်ပြီး မြန်မာနိုင်ငံ၏ တီဘီတိုက်ဖျက်ရေး လုပ်ငန်းများတွင် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း အခမ်းအနားမှ သိရသည်။

ထိုသို့ လက်မှတ်ရေးထိုးရာတွင် ပါမောက္ခဒေါက်တာအေးအေးခင် ညွှန်ကြားရေးမှူးချုပ်၊ ဆေးသုတေသန ဦးစီးဌာနနှင့် Dr Sundae Song, Chairman of the Board, Intern ational Tuberculosis Research Center တို့မှ Letter of Intent တွင် လက်မှတ်ရေးထိုး၍ စာလွှာများ လဲလှယ်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ ငါးရက်တိုင် တရားပွဲများ ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၂၀ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ စက်တင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ ငါးရက်တိုင် ညစဉ် တရားပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇော်ပွဲ ကျင်းပရေးအစီအစဉ်အရ သိရသည်။ အဆိုပါ တရားပွဲများကို ညစဉ် ၇ နာရီတွင် ကျင်းပမည်ဖြစ်ပြီး စက်တင်ဘာ ၂၀ ရက်တွင် ရွှေမင်းဝံဆရာတော် ဒေါက်တာဘဒ္ဒန္တသောဘန၊ စက်တင်ဘာ ၂၁ ရက်တွင် တိပိဋကယောဆရာတော် ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၊ စက်တင်ဘာ ၂၂ ရက်တွင် အဝေရာရာမ...

ပန်တိုဂျာကို မကျေပွဲတွင် ထပ်မံအနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သည့် ဂျိုရှုအာဗန်

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Crypto.com Arena ၌ စက်တင်ဘာ ၁၉ ရက် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်း) က ကျင်းပခဲ့သည့် UFC 331 ပြိုင်ပွဲ၏ အဓိကခေါင်းဆောင်ပွဲစဉ် (Main Event) တွင် မြန်မာပြည်ဖွား UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဂျိုရှုအာဗန် (Joshua Van) သည် စိန်ခေါ်သူ အလက်ဇန်းဒါး ပန်တိုဂျာ (Alexandre Pantoja) ကို မကျေပွဲ၌ အမှတ်ဖြင့် ထပ်မံအနိုင်ယူကာ...

မြန်မာ့ပြောင်း တန်ချိန် ၁ သန်းခန့် ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ခဲ့

ရန်ကုန်၊ စက်တင်ဘာ ၂၀ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အကောက်ခွန်ကင်းလွတ်ခွင့်ရရှိသည့် ကာလအတွင်း ပြောင်းတန်ချိန် ၁ သန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ မြန်မာ့ပြောင်းများကို ထိုင်းနိုင်ငံသို့ နှစ်စဉ် ဖေဖော်ဝါရီလမှ ဩဂုတ်လအထိ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်ရရှိထားပြီး ယင်းကာလအတွင်း ရန်ကုန်၊ ကော့သောင်း-ရနောင်းနှင့် မြဝတီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် တင်ပို့ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ ပြောင်းများကို ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သို့ အဓိကတင်ပို့လျက်ရှိရာ ထိုင်းနိုင်ငံ၏ အကောက်ခွန်ကင်းလွတ်ခွင့်ကာလ ပြီးဆုံးသွားပြီဖြစ်သော်လည်း ဖိလစ်ပိုင်နိုင်ငံသို့ ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လက်ရှိတွင် ပြည်တွင်းတိရစ္ဆာန်အစာထုတ်လုပ်သည့် စက်ရုံများ၏ ပြောင်းဝယ်ယူမှု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071