Friday, June 12, 2026

ဓါတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သဖြင့် နေပြည်တော်နှင့်...

နေပြည်တော်တွင် ဓါတ်အားပြတ်တောက်မှု လျော့နည်းစေရန်နှင့် ဓါတ်အားလိုင်းများတစ်လျှောက် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်အတွက် ဇွန် ၁၃ ရက်နေ့တွင် ၃၃ ကေဗွီ...

မုတ်သုံရာသီ ရာသီဥတုဆိုးရွာချိန် ငါးဖမ်းလုပ်ငန်းဆောင်ရွက်နေသူများ ရာသီဥတုခိုလှုံနိုင်မည်နေရာများ...

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ဦးစီးဌာနသည် မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်ပတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသည့် နိုင်ငံသားပိုင် ကမ်းဝေးငါးဖမ်းရေယာဉ်များနင့် ကမ်းနီးငါးဖမ်းရေယာဉ်များအတွက် ရာသီဥတုခိုလှုံနိုင်သည့် နေရာ ၁၃ ခုကို...

လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု၏ ၁၈ရာခိုင်နှုန်းကျော်(ယူနစ် ၃၅၅၉ သန်း)...

လျှပ်စစ်ဓါတ်အားစနစ်အတွင်း ဓာတ်အားဆုံးရှုံးမှုများ သိသာစွာ လျော့ကျသွားစေရေး ပူးပေါင်းဆောင်ရွက်ပေးရန် လျှပ်စစ်နှင်စွမ်းအင်ဝန်ကြီးဌာန အသိပေး နိုင်ငံတော် လျှပ်စစ်ဓာတ်အားစနစ်၏ အစိတ်အပိုင်းဖြစ်သည့် ပို့လွှတ်မှုနှင့် ဖြန့်ဖြူးမှု အပိုင်းတို့တွင် ထုတ်လုပ်လျှပ်စစ်ဓါတ်အား၏...

ချင်းပြည်နယ်အတွက်ပြန်လည်ထူထောင်ရေးပစ္စည်းများ ကလေးမြို့သို့ တပ်မတော်လေယာဥ်ဖြင့်ရောက်ရှိလာ

အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ဆောင်မှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ချင်းပြည် နယ်၊ ဖလမ်းမြို့၊ တွန်းဇံမြို့၊ တီးတိန်မြို့တို့အား တပ်မ တော်ကပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးချိန်တွင် ပြန် လည်ထူထောင်ရေးလုပ်ငန်းများကို စဥ်ဆက်မပြတ်လုပ်ဆောင်ပေးလျက်ရှိကြောင်း...
HomeNewsLocal Newsမြန်မာနိုင်ငံသို့ ဗုဒ္ဓစွယ်တော် (၅)...

မြန်မာနိုင်ငံသို့ ဗုဒ္ဓစွယ်တော် (၅) ကြိမ်မြောက် ဒေသစာရီကြွရောက်နိုင်ရေး ဆွေးနွေးနေ

မြန်မာနိုင်ငံသို့ ဗုဒ္ဓစွယ်တော် (၅) ကြိမ်မြောက် ဒေသစာရီကြွရောက်နိုင်ရေးကို မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့သည် ပေကျင်းမြို့ရှိ ဗုဒ္ဓစွယ်တော်စံကျောင်းတော်သစ် နှစ် (၆၀) ပြည့်ဖွင့်ပွဲသို့ တက်ရောက်ပူဇော်စဉ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်ဗုဒ္ဓဘာသာအသင်းကြီး၏ ဖိတ်ကြားချက်အရ မြန်မာ – တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌနှင့် ရွှေတိဂုံစေတီတော် ဩဝါဒါစရိယဆရာတော်၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ အဂ္ဂသာမိနှင့် ဆရာတော်သုံးပါးတို့ ပါဝင်သောအဖွဲ့သည် နှစ်(၆၀)ပြည့်လင်ကွမ်းဗုဒ္ဓစွယ်တော် တိုက်သစ်ဆောက်လုပ်ပြီးစီးသည့် ဖွင့်ပွဲအခမ်း အနားသို့ ဇွန် (၁၈) ရက်မှ (၂၂) ရက်အထိ တက်ရောက် နေကြခြင်း ဖြစ်ကြသည်။

ဖွင့်ပွဲအခမ်းအနားသို့ ဗုဒ္ဓဘာသာဝင် ကမ္ဘောဒီးယား၊ ကိုရီးယား၊ လာအို၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဆရာတော်၊ သံဃာတော်များနှင့် အဖွဲ့ဝင်များအင်အား ၇၀ ခန့်နှင့် တရုတ်ပြည်မှ ဗုဒ္ဓဘာသာဝင်များ စုစုပေါင်း ၅၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် တရုတ် ဗုဒ္ဓဘာသာအသင်း ဥက္ကဋ္ဌ ဆရာတော်ကြီး Most.Ven. YANJUE က နိုင်ငံအသီးသီးမှအဖွဲ့ဝင်များကို အဖွဲ့လိုက်သီးခြားတွေ့ဆုံနှုတ်ဆက်ကာ ဓမ္မပဏ္ဏာများ ပေးအပ်ချီးမြှင့်၍ နိုင်ငံများအချင်းချင်း ဗုဒ္ဓဘာသာသာသနာတော်အား ဝိုင်းဝန်းထိန်းသိမ်းကြရန်၊ ပူးပေါင်းဆောင်ရွက်ကြရန် မိန့်ကြားခဲ့သည်။

ထို့ပြင် ဒုတိယဥက္ကဋ္ဌဆရာတော်၊ ဗုဒ္ဓစွယ်တော်တိုက် ပဓာနဆရာတော်မဟာသဒ္ဓမ္မဇောတိကဓဇ Most. Ven.Zhan Chan ဦးစီး၍ နှစ်(၆၀)ပြည့် ဗုဒ္ဓစွယ်တော်တိုက်သစ်ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံအသီးသီးမှ သံဃာတော်အဖွဲ့များက ဗုဒ္ဓစွယ်တော်အား ဘုရားအနေကဇာတင်ခြင်း၊ ကမ္ဘာကြီးငြိမ်းချမ်းရေး ဆုတောင်းမေတ္တာပို့သခြင်းများ ပြုလုပ်ခဲ့ကြသည်။ ဆက်လက်၍ ဗုဒ္ဓစွယ်တော်နှင့် စပ်လျဉ်း၍ နိုင်ငံအသီးသီးမှ ဘုရားစေတီပုံတော်များနှင့် ဗုဒ္ဓအဆိုအမိန့်များပါဝင်သော ချစ်ကြည်ရေးပြခန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံသို့ ဗုဒ္ဓစွယ်တော် (၄) ကြိမ် ဒေသစာရီကြွချီခဲ့ပြီးဖြစ်ပြီး (၅) ကြိမ်မြောက် ကြွရောက်နိုင်ရေးလည်း ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဓါတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သဖြင့် နေပြည်တော်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသရှိ နေရာများ ယာယီဓါတ်အားပိတ်မည်

နေပြည်တော်တွင် ဓါတ်အားပြတ်တောက်မှု လျော့နည်းစေရန်နှင့် ဓါတ်အားလိုင်းများတစ်လျှောက် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်အတွက် ဇွန် ၁၃ ရက်နေ့တွင် ၃၃ ကေဗွီ Project M/O ဓါတ်အားလိုင်းကို နံနက် ၈ နာရီမှ မွန်းလွဲ ၃ နာရီအထိ ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးထားသည်။ ထို့ပြင် ဇွန် ၁၄ ရက်နေ့ တွင် MRTV-1 ဓာတ်အားလိုင်းကိုလည်း နံနက် ၈ နာရီမှ မွန်းလွဲ ၃ နာရီအထိ ပိတ်ထားမည်ဖြစ်ခြင်းကြောင့် အဆိုပါ ဓါတ်အားလိုင်းများ...

မုတ်သုံရာသီ ရာသီဥတုဆိုးရွာချိန် ငါးဖမ်းလုပ်ငန်းဆောင်ရွက်နေသူများ ရာသီဥတုခိုလှုံနိုင်မည်နေရာများ အသိပေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ဦးစီးဌာနသည် မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်ပတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသည့် နိုင်ငံသားပိုင် ကမ်းဝေးငါးဖမ်းရေယာဉ်များနင့် ကမ်းနီးငါးဖမ်းရေယာဉ်များအတွက် ရာသီဥတုခိုလှုံနိုင်သည့် နေရာ ၁၃ ခုကို အသိပေးထုတ်ပြန်ထားသည်။ မုတ်သုံရာသီအတွင်း ရာသီဥတုဆိုးရွားချိန်များတွင် လှိုင်းဒ-ဏ်လေဒ-ဏ်များ ခိုလှုံနိုင်ရန်အတွက်ဖြစ်ကြောင်းနှင့် နေရာ အသေးစိတ်ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ နေရာများသည် ရခိုင်ပြည်နယ် စစ်တွေ၊ ပေါက်တော၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ မြို့နယ် ဧရာဝတီတိုင်း ငပုတော၊ ဘိုကလေး၊ မွန်ပြည်နယ်ရေး၊ တနင်္သာရီတိုင်း လောင်းလုံ၊မြိတ်၊ ကျွန်းစုမြို့နယ်အတွင်း၌ ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု၏ ၁၈ရာခိုင်နှုန်းကျော်(ယူနစ် ၃၅၅၉ သန်း) သည် ပျှမ်းမျှအားဖြင့် နှစ်စဉ် ဆုံးရှုံးနေ

လျှပ်စစ်ဓါတ်အားစနစ်အတွင်း ဓာတ်အားဆုံးရှုံးမှုများ သိသာစွာ လျော့ကျသွားစေရေး ပူးပေါင်းဆောင်ရွက်ပေးရန် လျှပ်စစ်နှင်စွမ်းအင်ဝန်ကြီးဌာန အသိပေး နိုင်ငံတော် လျှပ်စစ်ဓာတ်အားစနစ်၏ အစိတ်အပိုင်းဖြစ်သည့် ပို့လွှတ်မှုနှင့် ဖြန့်ဖြူးမှု အပိုင်းတို့တွင် ထုတ်လုပ်လျှပ်စစ်ဓါတ်အား၏ ၁၈ရာခိုင်နှုန်းကျော် ယူနစ် (၃၅၅၉ သန်း) သည် ပျှမ်းမျှအားဖြင့် နှစ်စဉ် ဆုံးရှုံးနေကြောင်း သိရသည်။ အဆိုပါ ဆုံးရှုံးမှုများကြောင့် ပြည်သူများ သို့ လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြုးပေးနိုင်ခြင်းမရှိသည့်အပြင် နေ့စဉ်နှင့်အမျှ ဆုံးရှုံးမှုများ ဖြစ်ပေါ်စေလျက်ရှိကြောင်း သိရသည်။ နည်းပညာပိုင်းဆိုင်ရာ ဆုံးရှုံးမှု နှင့် လူတို့၏ မသမာမှုများကြောင့် ဖြစ်ပေါ်နေသည့် ဆုံးရှုံးမှုများကို လျော့နည်းပပျောက်စေရေးအတွက် အလေးထားကြိုးပမ်းဆောင်ရွက်နေကြောင်းလည်း အသိပေးထားသည်။ နည်းပညာဆိုင်ရာဆုံးရှုံးမှုများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071