Saturday, September 19, 2026

ရွှေဆွဲကြိုးအတု ရောင်းမည်ဟုဆိုကာ ဆိုင်ရှင်အား တူဖြင့်ထု၍...

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရွှေနဝလီဆိုင်ရှင်အား တူဖြင့်ထု၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်ထွက်ပြေးသူကို ယနေ့ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက...

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ကျန်ထောင်ဒ-ဏ်ကို နေအိမ်အကျယ်ချုပ်ဖြင့်...

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၉ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ ကျန်ရှိသည့် ထောင်ဒ-ဏ်ကာလကို နေအိမ်အကျယ်ချုပ်ဖြင့် ကျခံခွင့်ပြုရန် မလေးရှားဘုရင် ဆူလ်တန်အီဘရာဟင် ဦးဆောင်သည့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးဘုတ်အဖွဲ့က သဘောတူခဲ့ကြောင်း...

ထိုင်းဝန်ကြီးချုပ် အနုတင် ဂျပန်၊ အမေရိကန်နှင့်...

ဘန်ကောက်၊ စက်တင်ဘာ ၁၉ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်သည် ဂျပန်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံများသို့ စက်တင်ဘာ ၂၀ ရက်မှ ၂၇ ရက်အထိ...

မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဖိုးချစ်၊ စမ်းရေမိုး၊...

မကွေး၊ စက်တင်ဘာ ၁၉ မကွေးမြို့ရှိ မြသလွန်စေတီတော်မြတ်ကြီး၏ ၂၀၂၆ ခုနှစ် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမည့် အောက်တိုဘာ ၁၂ ရက်မှ စတင်ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း...
HomeNewsLocal Newsမြန်မာနိုင်ငံတွင် မူ-းယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအထူးစစ်ဆင်ရေးများကို ၂၀၁၃...

မြန်မာနိုင်ငံတွင် မူ-းယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအထူးစစ်ဆင်ရေးများကို ၂၀၁၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အကြိမ်ပေါင်း(၄၀)ဆောင်ရွက်ခဲ့

မြန်မာနိုင်ငံတွင် မူ-းယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအထူးစစ်ဆင်ရေးများကို ၂၀၁၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အကြိမ်ပေါင်း(၄၀)ဆောင်ရွက်ခဲ့သည်ဟု ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးမင်းသိမ်း ကပြောသည်။

အပြည်ပြည်ဆိုင်ရာမူ-းယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ကထုတ်ဝေမည့် ၂၀၂၄ ခုနှစ်အတွက် နှစ်စဉ်အစီရင်ခံစာ၊ အစပျိုးဓာတုပစ္စည်းဆိုင်ရာအစီရင်ခံစာများနှင့်ပတ်သက်သည့် ရှင်းလင်းပြောကြားပွဲအား ဖေဖော်ဝါရီ ၅ ရက်က ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့၌ကျင်းပစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာအစိုးရအနေဖြင့် ဓာတုပစ္စည်း(၃၉)မျိုးကို ထိန်းချုပ်စာရင်းတွင်ထည့်သွင်းထားကာ ပြည်ပမှ တရားမဝင်ဝင်ရောက်မှုမရှိစေ‌ရန်နှင့် လမ်းလွဲမရောက်ရှိစေရန်တို့အတွက် တင်းကျပ်စွာဆောင်ရွက်လျက်ရှိပြီး အစပျိုး ဓာတုပစ္စည်းများတင်ပို့ရာတွင်လည်း Pre-Export Notification (PEN) စနစ်မှတစ်ဆင့်ဆောင်ရွက်လျက်ရှိသည်ဟု ပြော သည်။

” မူ-းယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအထူးစစ်ဆင်ရေးများကို ၂၀၁၃ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ အကြိမ်ပေါင်း(၄၀)ဆောင်ရွက်ခဲ့ပါတယ်။ မူ-းယစ်ဆေးဝါးလုပ်ငန်းတွေမှာ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ပါဝင်ပတ်သက်နေပါတယ်။ မူ-းယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံ၊ မဲခေါင်နဲ့ ဘင်းမ်စတက်နိုင်ငံတွေ၊ ကုလသမဂ္ဂနဲ့ တခြားနိုင်ငံတကာ မူ-းယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်”ဟု မြန်မာသံအမတ်ကြီးဦးမင်းသိမ်း ကပြောသည်။

ထို့ပြင် မြန်မာနိုင်ငံအစိုးရအနေဖြင့် ဘိ-န်းစိုက်ပျိုးမှု၊ လူလုပ်မူ-းယစ်ဆေးဝါးထုတ်လုပ်မှုနှင့် မူ-းယစ်ဆေးဝါးအလွဲသုံးမှုဆိုင်ရာ စိန်ခေါ်မှုများကို အမျိုးသားရေးတာဝန်အဖြစ် ကိုင်တွယ်ဖြေရှင်းရာတွင် တည်ဆဲမူ-းယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှုရှိစေရေးအတွက် လေ့လာသုံးသပ်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

ထို့အတူ မြန်မာ့တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ဆက်စပ်ဌာနများအနေဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများအား အသိပညာပေးစည်းရုံးခဲ့မှုကြောင့် ၂၀၂၃-၂၀၂၄ ခုနှစ် ဘိန်းစိုက်ရာသီတွင် ဘိန်-းစိုက်ခင်း(၆၁၈၁)ဧကကို ဖျက်ဆီးနိုင်ခဲ့ပြီး ဘိန်းအစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟုလည်း မြန်မာသံအမတ်ကြီးက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွှေဆွဲကြိုးအတု ရောင်းမည်ဟုဆိုကာ ဆိုင်ရှင်အား တူဖြင့်ထု၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်သူ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရွှေနဝလီဆိုင်ရှင်အား တူဖြင့်ထု၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်ထွက်ပြေးသူကို ယနေ့ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယနေ့ နံနက် ၁၀ နာရီခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ တိုက်အမှတ် (၇၃) မြေညီ လှေကားခွင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါနေရာသို့ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ဦးရွှေဂွန်းလမ်းတွင် နေထိုင်သူ အသက် ၃၀ ခန့်အရွယ် ဝင်းပိုင်စိုး ရောက်ရှိလာပြီး...

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ကျန်ထောင်ဒ-ဏ်ကို နေအိမ်အကျယ်ချုပ်ဖြင့် ကျခံခွင့်ရ

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၉ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ ကျန်ရှိသည့် ထောင်ဒ-ဏ်ကာလကို နေအိမ်အကျယ်ချုပ်ဖြင့် ကျခံခွင့်ပြုရန် မလေးရှားဘုရင် ဆူလ်တန်အီဘရာဟင် ဦးဆောင်သည့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးဘုတ်အဖွဲ့က သဘောတူခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး ဥပဒေရေးရာဌာနက စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည်။ အသက် ၇၃ နှစ်အရွယ် နာဂျစ်သည် ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မလေးရှားဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး 1Malaysia Development Berhad (1MDB) ၏ ယခင်ယူနစ် SRC International နှင့် ဆက်စပ်သည့် ရင်းဂစ်...

ထိုင်းဝန်ကြီးချုပ် အနုတင် ဂျပန်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံများသို့ တစ်ပတ်ကြာခရီးစဉ် သွားရောက်မည်

ဘန်ကောက်၊ စက်တင်ဘာ ၁၉ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်သည် ဂျပန်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံများသို့ စက်တင်ဘာ ၂၀ ရက်မှ ၂၇ ရက်အထိ တစ်ပတ်ကြာ ခရီးစဉ်သွားရောက်မည်ဖြစ်ပြီး နယူးယောက်မြို့၌ ကျင်းပမည့် ၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA 81) သို့လည်း ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ ဝန်ကြီးချုပ် အနုတင်သည် ခရီးစဉ်ပထမအဆင့်အဖြစ် ဂျပန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး နာဂိုယာမြို့၌ အာရှအားကစားပြိုင်ပွဲဝင် ထိုင်းအားကစားသမားများနှင့် တွေ့ဆုံကာ အားပေးစကားပြောကြားရန် စီစဉ်ထားသည်။ ထို့နောက် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ဆက်လက်သွားရောက်ကာ စက်တင်ဘာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071