Thursday, June 5, 2025

နောင်မွန်း – ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)...

ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်၊ နောင်မွန်း - ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)ကြိုးတံတားပျ-က်စီးခဲ့မှုအား ပြန်လည်ပြုပြင်ပြီးစီးပြီဖြစ်၍ ရေဘေးသင့် ပြည်သူများအတွက် စားသောက်ကုန်များ ပို့ဆောင်ပေးလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ...

ကုန်းတွင်းလုပ်ကွက် IOR – 6...

ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ စပ်ကြားနေရာတွင် တည်ရှိသည့် ကုန်းတွင်းလုပ်ကွက် IOR - 6 (မြန်အောင်ဒေသ) ဧရိယာ-၂ မှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်းထားကြောင်း...

ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းပြောင်းရွှေ့မည် ဖြစ်သောကြောင့် ငါးမြို့နယ်တွင် ဓာတ်အား...

230kV ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းတည်ဆောက်ရာတွင် တိုင်ထူခြင်းနှင့် မလွတ်ကင်းသော ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းများ၊ 230kV ဓာတ်အားလိုင်းတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်းများကို မနက်ဖြန် (ဇွန်- ၆) တွင်...

သန်လျင်၌ သုံးဘီးယာဉ်များ အသုံးပြူ၍ ခရီးသွားဝန်ဆောင်မှု...

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် ခရီးသွားပြည်သူများအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် သုံးဘီးယာဉ်များဖြင့်ဝန်ဆောင်မှု ပေးခြင်းကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။ လက်ရှိတွင် ယာဉ်အစီးရေ (၉၀) ကျော်ဖြင့် စတင်ကာသွားလာနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်။ သုံးဘီးယာဉ်များကို...
HomeNewsLocal Newsမြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာသူ၁ ,၅၄၅...

မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာသူ
၁ ,၅၄၅ ,၀၀၀ ဦးအထိရှိလာ

မြန်မာနိုင်ငံတစ်ဝှမ်းတွင် လက်နက်ကိုင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည့်အတွက် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူဦးရေခန့်မှန်းခြေ ၁ ,၅၄၅ ,၀၀၀ ဦးအထိရှိလာခဲ့ပြီဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က(ဇန်နဝါရီ ၁၉) ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ကုလသမဂ္ဂ၏ထုတ်ပြန်ချက်အရ ယခုလ ဇန်နဝါရီလ ၉ ရက်အထိ နိုင်ငံတစ်ဝှမ်းတွင်နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူဦးရေခန့်မှန်းခြေ ၁ ,၅၄၅ ,၀၀၀ ဦးအထိရှိလာခဲ့ပြီး ၎င်းတို့အနက်လူဦးရေ ၁,၂၁၅,၀၀၀ ဦးခန့်သည် ဖေဖော်ဝါရီလ ၁ရက်မှစ၍ အသစ်နေရပ်စွန့်ခွာနေထိုင်သူများဖြစ်သည်ဟု သိရသည်။

UNHCRနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းအစုံအလင်ပါဝင်သော ခြင်ထောင်များ၊ ဖျာများ၊စောင်များ နှင့်ရေသိုလှောင််ပုံးများအား လူဦးရေ ၃၂၀၀ ဦးထံ ဖြန့်ဝေခဲ့သည်။

ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်နေထိုင်သော လူဦးရေ ၁၁၇၀ ဦးထံ ယာယီအမိုးအကာများပေးအပ်ခဲ့ပြီး မိသားစု ၁၁၉၀ ကျော်မှအရေးပေါ်အမိုးအကာအကူအညီများကို လက်ခံရရှိခဲ့ကြောင်း၊ ရခိုင်ပြည်နယ်ရှိ လူဦးရေ ၁၅၀၀ကျော်ထံကိုလည်း အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများဖြန့်ဝေခဲ့ပြီး စုပေါင်းနေထိုင်ရာစခန်း ၂ ခုမှ မိသားစုဝင် ၅၇၈ ဦး နေထိုင်နိုင်ရန်အတွက် နေအိမ်တန်းလျားရှည် ၅၈ ခုတို့အား ပြန်လည်ပြုပြင်ဆောက်လုပ်ပေးအပ်ခဲ့ပြီး အခြားမိသားစု ၅၆ ဦးလည်း အရေးပေါ်နေအိမ်အမိုးအကာအကူအညီများပေးခဲ့ကြောင်း သတင်းထုတ်ပြန်ရာတွင် ဖော်ပြထားသည်။

ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ လူဦးရေ ၄၇၀၀၀ ဦးထံ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများဖြစ်သော ဆိုလာမီးအိမ်၊ ဖျာ၊ စောင်၊ ခြင်ထောင်နှင့် အခြားလိုအပ်သောပစ္စည်းများကိုဖြန့်ဝေခဲ့ပြီး ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ရှိ လူဦးရေ ၈၀၀၀ သည် အရေးပေါ်နေအိမ်အမိုးအကာအကူအညီများ လက်ခံရရှိခဲ့သည်ဟုဆိုသည်။

ထို့အပြင် အနောက်မြောက်ပိုင်းဒေသ၊ မကွေးတိုင်းဒေသကြီးရှိ ပခုက္ကူမြို့နယ်တွင် ပဋိပက္ခဒဏ်နှင့်စားနပ်ရိက္ခာပြတ်လပ်မှုခံစားလျက်ရှိသော လူဦးရေ ၁၈၀ ခန့်ထံ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများဖြန့်ဝေပေးနိုင်ခဲ့သည်ဟု သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နောင်မွန်း – ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး) ကြိုးတံတားပြုပြင်ပြီးဖြစ်၍ ရေဘေးသင့် ပြည်သူများအတွက် စားသောက်ကုန်များ ပို့ဆောင်

ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်၊ နောင်မွန်း - ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)ကြိုးတံတားပျ-က်စီးခဲ့မှုအား ပြန်လည်ပြုပြင်ပြီးစီးပြီဖြစ်၍ ရေဘေးသင့် ပြည်သူများအတွက် စားသောက်ကုန်များ ပို့ဆောင်ပေးလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။ ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မေခမြစ်ရေ အဆမတန်မြင့်တက်မှုကြောင့် နောင်မွန်းမြို့နယ်၊ နောင်မွန်း - ပန်နန်းဒင်သွား မေခမြစ်ကူး (လူကူး) ကြိုးတံတား အရှည် (၃၄၀)ပေ၊ အကျယ် (၆) ပေသည် မေလ (၃၁) ရက်တွင် မြစ်အတွင်းမျေ-ာပါသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပန်နန်းဒင် မေခမြစ်ကူး(လူကူး) ကြိုးတံတား ပျ-က်စီးခဲ့မှုအား ဌာနဆိုင်ရာတာဝန် ရှိသူများက...

ကုန်းတွင်းလုပ်ကွက် IOR – 6 (မြန်အောင်ဒေသ) ဧရိယာ-၂ မှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်း

ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ စပ်ကြားနေရာတွင် တည်ရှိသည့် ကုန်းတွင်းလုပ်ကွက် IOR - 6 (မြန်အောင်ဒေသ) ဧရိယာ-၂ မှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်းထားကြောင်း စွမ်းအင်ဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် Myanmar Kinsanar Co.,Ltd. တို့အကြား ကုန်းတွင်းလုပ်ကွက် IOR-6 (မြန်အောင်ဒေသ) ဧရိယာ-၂ တွင် ရေနံအထွက်တိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုးတက်ထွက်ရှိလာသော ရေနံထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုခွင့်ပြုပေးခဲ့သည့် IOR -...

ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းပြောင်းရွှေ့မည် ဖြစ်သောကြောင့် ငါးမြို့နယ်တွင် ဓာတ်အား ယာယီပြ-တ်မည်

230kV ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းတည်ဆောက်ရာတွင် တိုင်ထူခြင်းနှင့် မလွတ်ကင်းသော ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းများ၊ 230kV ဓာတ်အားလိုင်းတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်းများကို မနက်ဖြန် (ဇွန်- ၆) တွင် ပြုလုပ်မည် ဖြစ်သည်။ ထိုသို့ပြုလုပ်ရာတွင် လွတ်ကင်းမှုမရှိသော 66kV လှော်ကား-ပုလဲ-လှည်းကူး-ရွှေပေါက်ကံဖီဒါ၊ 33kV ပုလဲ-မဉ္ဇူရီဖီဒါ နှင့် 33kV ပုလဲ-ဘီယာချမ်းဖီဒါတို့အား နံနက် (၁၁:၀၀)နာရီ မှ (၁၅:၀၀)နာရီအချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း ဆိုသည်။ ထို့ကြောင့် ဆောင်ရွက်နေစဉ်အတွင်း ရွှေပေါက်ကံမြို့၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ လှည်းကူးမြို့နယ်နှင့် ဖောင်ကြီးမြို့တို့ရှိ ရပ်ကွက်နေရာ အချို့တို့တွင် ယာယီဓာတ်အားပြ-တ်တေ-ာက်မှုရှိမည်ဖြစ်ပါကြောင်းနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071