ပညာရပ်ဆိုင်ရာ ပူးပါင်းဆောင်ရွက်ရေးတို့ နှင့် ပတ်သက်ပြီး ဆွေးနွေး
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါနိုင်ငံ သံအမတ်ကြီး H.E. Mr. Segundo Martin Calero Escorcia ကို ယမန်နေ့ က နေပြည်တော် ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ Naypyitaw State Academy ကျောင်းများနှင့် ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဇော်ဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာအောင်ဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
