Friday, June 19, 2026

တရုတ် EV နည်းပညာဖွံ့ဖြိုးတိုးတက်မှုများကို နိုင်ငံတော်သမ္မတ...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက် နံနက်ပိုင်းတွင် ဟန်ကျိုးမြို့ရှိ တရုတ်နိုင်ငံ၏...

ကားတင်မက အိမ်ပါမီးလင်းစေမည့် LEAPMOTOR ၏...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဟန်ကျိုးမြို့ရှိ LEAPMOTOR ကုမ္ပဏီကို ယနေ့ ဇွန် ၁၉ ရက်နံနက်ပိုင်းတွင် ကြည့်ရှုလေ့လာခဲ့သည်။ လက်ရှိကမ္ဘာ့စီးပွားရေးဈေးကွက်တွင် လျှပ်စစ်ကား...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံ Phoenix...

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည် ရေးခရီးစဥ်ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက်နံနက်ပိုင်းက ဟန်ကျိုးမြို့ရှိ...

စစ်ကိုင်းမြို့ပေါ် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအ သစ်များရွေးချယ်ရန် ကြီးကြပ်ရေးအဖွဲ့များရွေးချယ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များရွေးချယ်ခြင်းကို ဇွန် ၁၇ ရက်က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာလိုက်ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များကို ပြန်လည်ရွေးချယ်သွားမည်ဖြစ်၍...
HomeNewsLocal Newsမြန်မာတစ်နိုင်ငံလုံးမှ အသက်အကြီးဆုံးအဘွား ဒေါ်ပန်းနွယ်(၁၂၁)နှစ်အား...

မြန်မာတစ်နိုင်ငံလုံးမှ အသက်အကြီးဆုံးအဘွား ဒေါ်ပန်းနွယ်(၁၂၁)နှစ်အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်

မြန်မာတစ်နိုင်ငံလုံးတွင် အသက်အကြီးဆုံးအဘွားဖြစ်သည့် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နေ အဘွားဒေါ်ပန်းနွယ်(၁၂၁)နှစ်အား ယနေ့ အောက်တိုဘာ ၂၈ ရက်က တာဝန်ရှိသူများမှ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြသည်။

တာဝန်ရှိသူများက ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၊ ပုလဲတွင်းလမ်းနေ အဘွားဒေါ်ပန်းနွယ်(၁၂၁)နှစ်အား လူမှုဝန်ထမ်းဦးစီးဌာနမှပေးအပ်သော ဂုဏ်ပြုချီးမြှင့်ငွေ(၁၀)သိန်းကျပ်နှင့် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်‌‌ရေးအဖွဲ့တို့မှ ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ခဲ့‌ကြသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ အောက်တိုဘာ ၁ ရက်တွင်ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ် မြန်မာတစ်နိုင်ငံလုံးအသက်အကြီးဆုံးအဖြစ်သတ်မှတ်ပြီး ဂုဏ်ပြုချီးမြှင့်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနနှင့်ညှိနှိုင်းဆောင်ရွက်၍ (‌၁၂၁)နှစ်အရွယ် ဘိုးဘွားနှစ်ဦးအား  မြန်မာတစ်နိုင်ငံလုံးအသက်အကြီးဆုံးအဘိုးအဘွားအဖြစ်သတ်မှတ်ရွေးချယ်ခဲ့ပြီး တစ်ဦးလျှင် (၁၀)သိန်းကျပ်စီဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်းဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးအသက်အကြီးဆုံးအဘိုးအဘွားနှစ်ဦးမှာ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှ အဘွားဒေါ်ပန်းနွယ်(၁၂၁)နှစ်နှင့် ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်နေ အဘိုးဦးသိန်းအောင်(၁၂၁)နှစ်တို့ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ် EV နည်းပညာဖွံ့ဖြိုးတိုးတက်မှုများကို နိုင်ငံတော်သမ္မတ လေ့လာ၊ Leapmotor နှင့် ပူးပေါင်းဆောင်ရွက်ရေး အလားအလာများ ဆွေးနွေး

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက် နံနက်ပိုင်းတွင် ဟန်ကျိုးမြို့ရှိ တရုတ်နိုင်ငံ၏ ထိပ်တန်းလျှပ်စစ်မော်တော်ယာဉ် (EV) ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သော Leapmotor ကုမ္ပဏီသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ ကုမ္ပဏီတာဝန်ရှိသူများက EV မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းစဉ်များ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ နောက်ဆုံးပေါ် မောင်းနှင်မှုနည်းပညာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး ထုတ်လုပ်ရေးလုပ်ငန်းစဉ်များကို လှည့်လည်ကြည့်ရှုခဲ့သည်။ Leapmotor ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ EV စက်မှုလုပ်ငန်းတွင်...

ကားတင်မက အိမ်ပါမီးလင်းစေမည့် LEAPMOTOR ၏ အိမ်သုံးစမတ်စွမ်းအင်စနစ်များ မကြာမီခေတ်စားလာဖွယ်ရှိ

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဟန်ကျိုးမြို့ရှိ LEAPMOTOR ကုမ္ပဏီကို ယနေ့ ဇွန် ၁၉ ရက်နံနက်ပိုင်းတွင် ကြည့်ရှုလေ့လာခဲ့သည်။ လက်ရှိကမ္ဘာ့စီးပွားရေးဈေးကွက်တွင် လျှပ်စစ်ကား (EV) ထုတ်လုပ်သည့် ကုမ္ပဏီများသည် ကားထုတ်လုပ်ရုံတင်မကဘဲ ၎င်းတို့၏ အဆင့်မြင့်ဘက်ထရီနည်းပညာများကို အခြေခံကာ အိမ်သုံးစွမ်းအင်သိုလှောင်မှုစနစ် (Home Energy Storage) ကဏ္ဍထဲအထိ စီးပွားရေးနယ်ပယ် ချဲ့ထွင်လာကြသည်ကို တွေ့ရသည်။ အထူးသဖြင့် တရုတ်လျှပ်စစ်ကားကုမ္ပဏီတစ်ခုဖြစ်သည့် LEAPMOTOR က ပြသထားသည့် အိမ်သုံးအဆင့်မြင့် စမတ်စွမ်းအင်နှင့် ဘက်ထရီသိုလှောင်မှုစနစ်သည် နည်းပညာလောကတွင် စိတ်ဝင်စားစရာ ဖြစ်လာခဲ့သည်။ အဆိုပါစနစ်သည် နေရောင်ခြည်စွမ်းအင်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံ Phoenix သတင်းဌာန၏တွေ့ဆုံမေးမြန်းမှုလက်ခံဖြေ ကြား

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည် ရေးခရီးစဥ်ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက်နံနက်ပိုင်းက ဟန်ကျိုးမြို့ရှိ Huajia Shanzhuang Hotel တွင် တရုတ်နိုင် ငံ Phoenix သတင်းဌာန၏တွေ့ဆုံမေးမြန်းမှုလက်ခံဖြေကြားခဲ့သည်။ နိုင်ငံတော်သမ္မတက မြန်မာ-တရုတ် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ၊ စီးပွားရေးနှင့် ကုန်သွယ် ရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများကို ပြည့်စုံစွာဖြေကြားခဲ့သည်။ ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စများအ ပေါ် မြန်မာနိုင်ငံ၏သဘောထားများအပါအဝင် Phoenix သတင်းဌာနမှသိရှိလိုသည့် အကြောင်းအရာများကိုလည်း ပြည့်စုံစွာဖြေကြားခဲ့သည်။ နိုင်ငံတော်သမ္မတသည် ဇွန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071