Wednesday, July 29, 2026

ဝါဆိုလပြည့်နှင့် ဝါဝင်နေ့တွင် အရက်ရောင်းချမှု ထိုင်းအစိုးရ...

ဘန်ကောက်၊ ဇူလိုင် ၂၉ ထိုင်းနိုင်ငံတွင် ဝါဆိုလပြည့် (အာသလ္လာနေ့) နှင့် ဝါဝင်နေ့အထိမ်းအမှတ် ဘာသာရေးရုံးပိတ်ရက်များအတွင်း အရက်ရောင်းချမှုကို ယာယီပိတ်ပင်ထားကြောင်း ထိုင်းရဲတပ်ဖွဲ့က အများပြည်သူနှင့် စီးပွားရေးလုပ်ငန်းများသို့...

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မြို့ရှိ ရပ်ကွက်အချို့တွင်...

ရန်ကုန်၊ ဇူလိုင် ၂၉ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့် ယမန်နေ့ညပိုင်းမှစတင်၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့ရာ ရန်ကုန်မြို့ရှိ ရပ်ကွက်အချို့နှင့် အနိမ့်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ...

သယ်ယူပို့ဆောင်ရေး နည်းလမ်းစုံ ပေါင်းစပ်ခြင်း ကျွမ်းကျင်မှု...

ကုန်စည်ပို့ဆောင်ရေး (Logistics) နှင့် ကုန်သွယ်မှု ကဏ္ဍတို့တွင် ကုန်း၊ ရေ၊ လေ၊ ရထားလမ်း စသည့် သယ်ယူပို့ဆောင်ရေး နည်းလမ်းများကိုပေါင်းစပ်အသုံးပြုခြင်းကို နားလည်စေမည့်သင်တန်းတစ်ခု...

ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်) နှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တို့တွင်...

လက်ရှိတွင် တစ်နိုင်ငံလုံး၌ ရှေးဟောင်းအဆောက်အအုံ စုစုပေါင်း ၆,၁၀၅ လုံးအထိ သတ်မှတ်ထိန်းသိမ်းထား ရန်ကုန်၊ ဇူလိုင် ၂၉ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်) အဆောက်အအုံနှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တို့တွင်...
HomeNewsLocal Newsမြစ်များညစ်ညမ်းမှုနှင့်ပတ်သတ်၍မြန်မာ၏တုံ့ပြန်မှုကိုထိုင်း‌ကစောင့်ဆိုင်းနေ

မြစ်များညစ်ညမ်းမှုနှင့်ပတ်သတ်၍မြန်မာ၏တုံ့ပြန်မှုကိုထိုင်း‌ကစောင့်ဆိုင်းနေ

ဇွန် ၁၁

ကိုးကန့်မြစ်နှင့် စိုင်းမြစ်များတွင် ခဲနှင့်အာဆင်းနစ် ညစ်ညမ်းမှုများ ဖြစ်နိုင်ခြေရှိမှုအတွက် မြန်မာနိုင်ငံ၏ တုံ့ပြန်မှုကိုထိုင်းနိုင်ငံက စောင့်ဆိုင်းနေကြောင်း ဒုတိယ ပြည်ထဲရေးဝန်ကြီး ထီရာရတ် ဆန်ရီဂျဗန်နစ်ချ် က ပြောသည်။

မြစ်များအတွင်း ညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းရန် ထိုင်းအစိုးရက ဖွဲ့စည်းထားသော ရေမျက်နှာပြင် အရည်အသွေး မြှင့်တင်ရေး အထူးကော်မတီက အဆိုပါ ပြဿနာကို ဖြေရှင်းရန် မြန်မာနိုင်ငံသို့ စာတစ်စောင်ပေးပို့ခဲ့ကြောင်း သီရာရတ်က ပြောသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ တုံ့ပြန်မှုကိုစောင့်ဆိုင်းလျက်ရှိပြီး၊ “တတိယနိုင်ငံတစ်နိုင်ငံထံ ဆက်လက်ဆက်သွယ်နိုင်ရေးအတွက် နောက်တစ်ကြိမ် ချိန်းဆိုဆွေးနွေးမှုတစ်ခုကျင်းပနိုင်ရန် စီစဉ်နေသည်” ဟု သူကပြောကြား ခဲ့သည်။

သီရာရတ် သည် ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဆက်စပ်အေဂျင်စီများနှင့် ဒုတိယအကြိမ် ဗီဒီယိုခေါ်ဆိုမှု ပြုလုပ်ပြီးနောက် ယမန်နေ့က ပြောဆိုခဲ့ခြင်းဖြစ်သည်။ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် တပ်မတော် စစ်ဘက်နယ်စပ်ရေးရာ ဦးစီးဌာနတို့လည်း ပါဝင်ခဲ့သည်။

အဆိုပါကော်မတီသည် ကိုးကန့်မြစ်အတွင်း ရေအောက် အနည်အနှစ်အတားအဆီးများ ဒီဇိုင်းရေးဆွဲခြင်းကို အပြီးသတ်ပြီး ဒီဇိုင်းရေးဆွဲရန်အတွက် ဘတ်ဂျက်တောင်းခံရန်အတွက် နိုင်ငံတော်ရေအရင်းအမြစ်ရုံး (ONWR) သို့ တင်ပြမည်ဖြစ်ကြောင်း သီယာရတ်က ပြောသည်။

ဒေသခံလူထုထံ ရေမရောက်ရှိမီ အာဆင်းနစ်ပါဝင်မှု ကိုလျှော့ချရေးကို အထောက်အကူဖြစ်စေရန်အတွက် အတားအဆီးများကို ရေထုညစ်ညမ်းမှု မြင့်မားသောနေရာများတွင် ထားရှိမည်ဖြစ်သည်။

မကြာသေးမီရက်သတ္တပတ်များအတွင်း ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဒေသခံလူထုများက မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်း အထူးသဖြင့် တရုတ်ကုမ္ပဏီများက ထိန်းချုပ်မှုမရှိသော မူဝါဒမဲ့ ရွှေတူးဖော်မှုလုပ်ငန်းများကြောင့် ဖြစ်ပေါ်လာသော ပြဿနာကို ဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြသည်။

ကိုးကန့်နှင့် စိုင်းမြစ်များတွင်သာမက မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ရနောင်းခရိုင်ရှိ ခရာဘူရီမြစ်တွင်လည်း ညစ်ညမ်းမှုပြဿနာကို ယမန်နေ့က ဆွေးနွေးခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ အထက်လွှတ်တော်အမတ် ချီဝပ်ချီဝါသမ်က ပြောသည်။ အထူးသဖြင့် နယ်စပ်ဖြတ်ကျော် ပြဿနာများနှင့် ပတ်သက်၍ ထိုင်းအစိုးရအေဂျင်စီများ၏ တုံ့ပြန်မှုသည် မလုံလောက်ပါဟု ၎င်းကမှတ်ချက်ပြု ပြောကြားခဲ့သည်။

မူလက ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ပါ၀င်သော မဲခေါင်မြစ်ကော်မရှင် စာချုပ်ကို ပြန်လည်ပြင်ဆင်ရန် ONWR က အဆိုပြုခဲ့သည်။ မဲခေါင်မြစ်အထက်ပိုင်းနိုင်ငံများဖြစ်သည့် မြန်မာနှင့် တရုတ်တို့သည် MRC ၍မပါဝင်သေးကြောင်းပြောကြားခဲ့သည်။

“အနည်အနှစ်အတားအဆီးတွေ ဆောက်တာကို သဘောမတူဘူး။ ရေကို သောက်သုံးဖို့နဲ့ ငါးတွေ ကို စားသုံးဖို့ ဘေးကင်းမယ်လို့ အတည်ပြုဖို့ ပညာရှင်တွေ ပြောထားတာလည်း မရှိပါဘူး။ ထိုင်းနိုင်ငံက တိုက်ခိုက်ခံရပေမယ့် ဘယ်သူကို တိုင်ကြားနိုင်မလဲ” ဟု ဆင်ချာဝါဖတ် က ပြောခဲ့သည်။

Ref:ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဝါဆိုလပြည့်နှင့် ဝါဝင်နေ့တွင် အရက်ရောင်းချမှု ထိုင်းအစိုးရ ယာယီပိတ်ပင်

ဘန်ကောက်၊ ဇူလိုင် ၂၉ ထိုင်းနိုင်ငံတွင် ဝါဆိုလပြည့် (အာသလ္လာနေ့) နှင့် ဝါဝင်နေ့အထိမ်းအမှတ် ဘာသာရေးရုံးပိတ်ရက်များအတွင်း အရက်ရောင်းချမှုကို ယာယီပိတ်ပင်ထားကြောင်း ထိုင်းရဲတပ်ဖွဲ့က အများပြည်သူနှင့် စီးပွားရေးလုပ်ငန်းများသို့ အသိပေးထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်အရ အရက်ရောင်းချမှု တားမြစ်ချက်သည် ဇူလိုင် ၂၉ ရက် နံနက် ၁၂ နာရီ ၁ မိနစ်မှ စတင်ကာ ဇူလိုင် ၃၀ ရက် ညသန်းခေါင်ယံအထိ အကျုံးဝင်မည်ဖြစ်သည်။ အဆိုပါကာလအတွင်း ဥပဒေအရ ကင်းလွတ်ခွင့်မရရှိသည့် အရက်အရောင်းဆိုင်များ၊ ကုန်စုံဆိုင်များနှင့် သာမန်စားသောက်ဆိုင်များအနေဖြင့် အရက်ရောင်းချမှုကို ရပ်နားထားရမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းအစိုးရ၏ လက်ရှိစည်းမျဉ်းများအရ...

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မြို့ရှိ ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်

ရန်ကုန်၊ ဇူလိုင် ၂၉ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့် ယမန်နေ့ညပိုင်းမှစတင်၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့ရာ ရန်ကုန်မြို့ရှိ ရပ်ကွက်အချို့နှင့် အနိမ့်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံးဝန်းကျင်၊ တောင်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက်အချို့နှင့် အခြားအနိမ့်ပိုင်းနေရာများတွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ယနေ့ညနေပိုင်းအထိ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး...

သယ်ယူပို့ဆောင်ရေး နည်းလမ်းစုံ ပေါင်းစပ်ခြင်း ကျွမ်းကျင်မှု အသိအမှတ်ပြု သင်တန်း

ကုန်စည်ပို့ဆောင်ရေး (Logistics) နှင့် ကုန်သွယ်မှု ကဏ္ဍတို့တွင် ကုန်း၊ ရေ၊ လေ၊ ရထားလမ်း စသည့် သယ်ယူပို့ဆောင်ရေး နည်းလမ်းများကိုပေါင်းစပ်အသုံးပြုခြင်းကို နားလည်စေမည့်သင်တန်းတစ်ခု ဖွင့်လှစ်မည်ဟုသိရသည်။ ASEAN ဒေသတွင်း ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် လော့ဂျစ်စတစ် (Trade, Transport & Logistics) ကဏ္ဍဆိုင်ရာ အသက်မွေးဝမ်းကျောင်း ပညာရပ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ MMMDA နှင့် Aim Forward Training Center တို့ ပူးပေါင်း၍ အဆိုပါသင်တန်းဖွင့်လှစ်မည် ဖြစ်သည်။ အဆိုပါ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071