Wednesday, July 29, 2026

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၌...

မန္တလေး၊ဇူလိုင်-၂၉ ၁၃၈၈ ခုနှစ် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဖြစ်သည့် ယနေ့ ဇူလိုင် ၂၉ ရက် နံနက်ပိုင်းက မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၌ ရေတော်ဆရာတော်အမှူးပြုသော...

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် ဗိုလ်တထောင်စေတီတော် မြင်ကွင်း

ယနေ့ ဇူလိုင် ၂၉ ရက်တွင် ကျရောက်သည့် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အဖြစ် ရန်ကုန်မြို့ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၌ ဘုရားဖူးပြည်သူများ ကုသိုလ်ကောင်းမှုများ ပြုလုပ်လျက်ရှိသည့်...

ဝါဆိုလပြည့် (ဓမ္မစကြာနေ့) ၌ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဘုရားရှင်၏...

ယနေ့ (ဇူလိုင်လ ၂၉ ရက်) သည် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၏ ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာနေ့) ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဘုရား၊...

ဝါဆိုလပြည့်နှင့် ဝါဝင်နေ့တွင် အရက်ရောင်းချမှု ထိုင်းအစိုးရ...

ဘန်ကောက်၊ ဇူလိုင် ၂၉ ထိုင်းနိုင်ငံတွင် ဝါဆိုလပြည့် (အာသလ္လာနေ့) နှင့် ဝါဝင်နေ့အထိမ်းအမှတ် ဘာသာရေးရုံးပိတ်ရက်များအတွင်း အရက်ရောင်းချမှုကို ယာယီပိတ်ပင်ထားကြောင်း ထိုင်းရဲတပ်ဖွဲ့က အများပြည်သူနှင့် စီးပွားရေးလုပ်ငန်းများသို့...
HomeNewsLocal Newsကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်) နှင့်...

ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်) နှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တို့တွင် ရှေးဟောင်းအဆောက်အအုံ ကြေးပြားကမ္ပည်းမော်ကွန်း တပ်ဆင်

လက်ရှိတွင် တစ်နိုင်ငံလုံး၌ ရှေးဟောင်းအဆောက်အအုံ စုစုပေါင်း ၆,၁၀၅ လုံးအထိ သတ်မှတ်ထိန်းသိမ်းထား

ရန်ကုန်၊ ဇူလိုင် ၂၉

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်) အဆောက်အအုံနှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တို့တွင် ရှေးဟောင်းအဆောက်အအုံ ကြေးပြားကမ္ပည်းမော်ကွန်း တပ်ဆင်ခြင်း အခမ်းအနားကို ဇူလိုင် ၂၈ ရက်က ကျင်းပခဲ့ရာ အဆိုပါ အဆောက်အအုံ နှစ်ခုအပါအဝင် ရန်ကုန်တိုင်းအတွင်း ကြေးပြားကမ္ပည်းမော်ကွန်း တပ်ဆင်ပြီးသည့် ရှေးဟောင်းအဆောက်အအုံ စုစုပေါင်း ၆ ခု ရှိလာပြီဖြစ်ကြောင်း ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၏ ပြောကြားချက်အရ သိရသည်။

နိုင်ငံတော်အနေဖြင့် ယဉ်ကျေးမှု၊ သမိုင်း၊ ဗိသုကာနှင့် အနုပညာလက်ရာ တန်ဖိုးမြင့်မားသည့် သက်တမ်း နှစ် (၁၀၀) နှင့်အထက် ရှိသော အဆောက်အအုံများကို ဥပဒေအရ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။

၂၀၂၀ ပြည့်နှစ်အထိ ထိန်းသိမ်းစောင့်ရှောက်ထားသည့် ရှေးဟောင်းအဆောက်အအုံပေါင်း ၅,၇၀၈ လုံး ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်မှစ၍ ယနေ့အထိ ဥပဒေအရ နှစ် (၁၀၀) နှင့်အထက် သက်တမ်းရှိပြီး နိုင်ငံတော်အနေဖြင့် ထိန်းသိမ်းစောင့်ရှောက်ထားရန် လိုအပ်သည့် အဆောက်အအုံများကို ဥပဒေအရ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ၃၉၇ လုံးကို ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ခဲ့သည့်အတွက် လက်ရှိတွင် တစ်နိုင်ငံလုံး၌ ရှေးဟောင်းအဆောက်အအုံ စုစုပေါင်း ၆,၁၀၅ လုံးအထိ သတ်မှတ်ထိန်းသိမ်းထားနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၌ ရဟန်းရှင်လူဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ

မန္တလေး၊ဇူလိုင်-၂၉ ၁၃၈၈ ခုနှစ် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဖြစ်သည့် ယနေ့ ဇူလိုင် ၂၉ ရက် နံနက်ပိုင်းက မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၌ ရေတော်ဆရာတော်အမှူးပြုသော ဗုဒ္ဓဝေယျာဝစ္စအဖွဲ့က မျက်နှာသစ်တော်ရေ ဆက်ကပ်လှူဒါန်းပြီး အနယ်နယ်အရပ်ရပ်မှလာရောက်ဖူးမြော်သူ ဘုရားဖူးပြည်သူများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။ အဆိုပါ နံနက်ခင်း ဝတ်ပြုပူဇော်ပွဲတွင် ဘုရားဖူး ပြည်သူများ လှူဒါန်းသည့် အာရုဏ်ဆွမ်း၊ သစ်သီးဆွမ်း၊ ရေချမ်း၊ ပန်းနှင့် ဆေး စသည့် လှူဖွယ်ဝတ္ထုများကို ဗုဒ္ဓဝေယျာဝစ္စအဖွဲ့က မဟာမုနိရုပ်ရှင်တော်မြတ်ကြီးထံ ကပ်လှူပေးခဲ့သည်။ ထို့ပြင် မန္တလေးမြို့တွင်းရှိ ရပ်ကွက်ဓမ္မာရုံများ၌လည်း သီလကန်တော့ပွဲများ ကျင်းပ၍...

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် ဗိုလ်တထောင်စေတီတော် မြင်ကွင်း

ယနေ့ ဇူလိုင် ၂၉ ရက်တွင် ကျရောက်သည့် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အဖြစ် ရန်ကုန်မြို့ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၌ ဘုရားဖူးပြည်သူများ ကုသိုလ်ကောင်းမှုများ ပြုလုပ်လျက်ရှိသည့် မြင်ကွင်းများ ဖြစ်သည်။

ဝါဆိုလပြည့် (ဓမ္မစကြာနေ့) ၌ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဘုရားရှင်၏ သီလ သမာဓိ ပညာ ကုသိုလ် တရား တို့အား ပူဇော်ကြသူများဖြင့် မေတ္တာလှိုင်းများပျံ့နှံ့လျက်ရှိ

ယနေ့ (ဇူလိုင်လ ၂၉ ရက်) သည် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၏ ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာနေ့) ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဘုရား၊ ပုထိုး၊ ကျောင်းကန်များ၌ ဗုဒ္ဓဘာသာဝင်များ စိတ်ကြည်လင်သဒ္ဓါတရား ထက်သန်စွာဖြင့် ကုသိုလ်ကောင်းမှု ပြုလုပ်သူများနှင့် အထူးစည်ကားများပြားလျက် ရှိသည်။ ဗုဒ္ဓဘာသာဝင်တို့၏ ရိုးရာပြက္ခဒိန်တွင် နေနှင့်လ၏ သွားလာမှုကို အခြေခံ၍ ဝါထပ်ခြင်း (ဒုတိယဝါဆိုလ သတ်မှတ်ခြင်း) ကို စနစ်တကျ ထည့်သွင်းကျင့်သုံးကြသည်။ ယခုနှစ်တွင် ဝါထပ်သည့်အတွက် ပထမဝါဆိုလနှင့် ဒုတိယဝါဆိုလဟူ၍ နှစ်လဖြစ်ပေါ်ခဲ့ရာ ယနေ့ကျရောက်သည့် ဒုတိယဝါဆိုလပြည့်နေ့သည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071