Monday, December 15, 2025

သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ...

ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေအတွင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများကို မြန်မာနိုင်ငံအနေဖြင့် ကယ်ဆယ်ထိန်းသိမ်းထားပြီး သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် မေတ္တာရပ်ခံထားသည်။...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ယနေ့ ဒီဇင်ဘာ ၁၄ ရက်...

မင်းလက်ပံဖြစ်စဥ်သည် KNU ၏ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ပြီး...

မင်းလက်ပံ၌ဖြစ်ပွားခဲ့သော ပြည်ပနိုင်ငံသားများကို KNU မှ ပ-စ်ခတ်ခဲ့မှုနှင့်ပတ်သက်ကာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယနေ့ ဒီဇင်ဘာ ၁၄ ရက်နံနက် ၁၀...

မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို...

ပြည်သူများအနေဖြင့် သက်ဆိုင်ရာကို သတင်းပေးကာ ပူးပေါင်းပါဝင်ပေးရန် တိုက်တွန်း မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို ပြတ်ပြတ်သားသားနှိမ်နင်းသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၄ ရက်က ကျင်းပသည့်...
HomeInternationalမျောက်ကျောက်ကိုဟန့်တားနိုင်ရန် နိုင်ငံခြားသားများနှင့်ထိတွေ့ဆက်ဆံခြင်းမပြုဖို့ တရုတ်ကျန်းမာရေးအကြီးတန်းအရာရှိသတိပေး

မျောက်ကျောက်ကိုဟန့်တားနိုင်ရန် နိုင်ငံခြားသားများနှင့်ထိတွေ့ဆက်ဆံခြင်းမပြုဖို့ တရုတ်ကျန်းမာရေးအကြီးတန်းအရာရှိသတိပေး

မျောက်ကျောက်ကိုဟန့်တားနိုင်ရန် နိုင်ငံခြားသားများနှင့်ထိတွေ့ဆက်ဆံခြင်းမပြုဖို့ တရုတ်ကျန်းမာရေးအကြီးတန်းအရာရှိသတိပေး

ပေကျင်း၊စက်တင်ဘာ ၁၉

တရုတ်ပြည်မကြီး၌ ပထမဆုံးမျောက်ကျောက်ဖြစ်ပွားမှုတွေ့ရှိပြီးနောက်ရောဂါကူးစက်နိုင်ခြေကို ကာကွယ်ရန်အတွက် နိုင်ငံခြားဧည့်သည်များနှင့် ရုပ်ပိုင်းဆိုင်ရာထိတွေ့ခြင်းမှ ရှောင်ကြဉ်ရန် တရုတ်အကြီးတန်း ကျန်းမာရေးအရာရှိတစ်ဦးက စက်တင်ဘာ ၁၆ ရက် သောကြာနေ့ကအကြံပြုထားသည်။

“မျောက်ကျောက်ရောဂါကူးစက်မှုကို ကာကွယ်ရန်နှင့် ကျန်းမာသောဘဝနေထိုင်မှုပုံစံအတွက် နိုင်ငံခြားသားများနှင့် တိုက်ရိုက်ထိတွေ့ခြင်းမပြုရန် အကြံပြုအပ်ပါသည်” ဟု တရုတ်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနမှ ကူးစက်ရောဂါဆိုင်ရာဆေးမှုးချုပ် Wu Zunyou က ၎င်း၏တရားဝင် Weibo စာမျက်နှာတွင် စနေနေ့ကရေးသားဖော်ပြခဲ့သည်။  

လွန်ခဲ့သည့်သုံးပတ်အတွင်း နိုင်ငံခြားသို့ရောက်ဖူးသူများအပြင် “သူစိမ်းများ” နှင့် “အရေပြားချင်း ထိတွေ့မှု” ကို ရှောင်ကြဉ်ရန်လည်း Wu ကသတိပေးထားသည်။

၎င်း၏ပို့စ်ကို ဆိုရှယ်မီဒီယာတွင် ကျယ်ကျယ်ပြန့်ပြန့် မျှဝေခဲ့ကြသော်လည်း မူလပို့စ်အောက်ရှိ ကွန်မန့်‌ပေးမှုအား တနင်္ဂနွေနှင့် ပေကျင်း၌ တနင်္လာနေ့အစောပိုင်းတို့ကပိတ်ထားခဲ့သည်ကိုတွေ့ရှိရသည်။

၎င်းပို့စ်၏ ထပ်ဆင့်ဝေမျှသူများ (သို့) စခရင်ရှော့ဗားရှင်းများတွင် မှတ်ချက်ပေးသူအချို့က တရုတ်နိုင်ငံရှိ နိုင်ငံခြားသားအများစုသည်ကိုဗစ်ကြောင့် နိုင်ငံတွင်း၌ရေရှည်နေထိုင်လျက်ရှိကြသဖြင့် ၎င်းတို့သည်ဒေသခံများထက် ပိုအန္တရာယ်ရှိသည်မှာမှန်ရဲ့လားဟု စောဒကတက်ခဲ့ကြသည်။

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချန်ချင်းမြို့၌ နိုင်ငံခြားမှရောက်ရှိလာသော လူတစ်ဦးတွင် မျောက်ကျောက်ရောဂါကူးစက်ခံရပြီး တရုတ်ပြည်မကြီး၏ ပထမဆုံးသော မျောက်ကျောက်ကူးစက်မှုဖြစ်လာခဲ့သည်။

အဆိုပါလူနာအား ချန်ချင်းသို့ရောက်ရှိချိန်ကတည်းက သီးခြားခွဲထားလိုက်နိုင်ခြင်းကြောင့် ကူးစက်နိုင်ခြေနည်းပါးကြောင်း မြူနီစီပယ်ကျန်းမာရေးကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။၎င်း၏ အနီးကပ်အဆက်အသွယ်အားလုံးကိုလည်း သီးခြားခွဲထားပြီး ဆေးဘက်ဆိုင်ရာ စောင့်ကြည့်မှုအောက်တွင်ထားရှိခဲ့သည်ဟုဖော်ပြထားသည်။

Source -Reuters/ec

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ မေတ္တာရပ်ခံ

ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေအတွင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများကို မြန်မာနိုင်ငံအနေဖြင့် ကယ်ဆယ်ထိန်းသိမ်းထားပြီး သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် မေတ္တာရပ်ခံထားသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့‌ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ပြုလုပ်သည့်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ဖြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ "ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးအရအနေနဲ့ကတော့ နိုင်ငံခြားသားတွေကို သူတို့နိုင်ငံတွေရဲ့အစိုးရတွေက လာမခေါ်မချင်း လူသားချင်းစာနာထောက်ထားမှုအပြည့်နဲ့ ထိန်းသိမ်းထားတာဖြစ်ပါတယ်။ ဒီတာဝန်ဟာ တော်တော်ကြီးလေးတဲ့တာဝန်ဖြစ်ပါတယ်။ သူတို့အတွက်တနေ့တာ လိုအပ်တဲ့အစားအစာအပြင် သောက်ရေ၊ သုံးရေ၊ ဝတ်စရာ၊...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ယနေ့ ဒီဇင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့၌ ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ "အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို အမြစ်ပြတ်ချေမှုန်းသွားမှာပါ။ မြဝတီဒေသမှာမှမဟုတ်ဘူး မြန်မာနိုင်ငံရဲ့ ဘယ်နေရာဒေသမှာမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို ပြင်းပြင်းထန်ထန် အမြစ်ပြတ်ချေမှုန်းသွားမယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်၍ နှစ်နိုင်ငံဆက်သွယ်ဆက်ဆံရေးမှာ ရှေးနှစ်ပေါင်းများစွာကပင်ရှိခဲ့သဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်...

မင်းလက်ပံဖြစ်စဥ်သည် KNU ၏ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ပြီး ၎င်းတို့နှင့်ပတ်သက်မှုမရှိကြောင်းကိုပြသလိုသောလုပ်ကွက်ဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

မင်းလက်ပံ၌ဖြစ်ပွားခဲ့သော ပြည်ပနိုင်ငံသားများကို KNU မှ ပ-စ်ခတ်ခဲ့မှုနှင့်ပတ်သက်ကာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယနေ့ ဒီဇင်ဘာ ၁၄ ရက်နံနက် ၁၀ နာရီက ရန်ကုန်မြို့၌ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ "မင်းလက်ပံကိစ္စက KNU အနေနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို သူတို့ကျူးလွန်ပြီးနောက်ပိုင်းမှာ အွန်လိုင်းလိမ်လည်မှုနဲ့ သူတို့မပတ်သက်ပါဘူးဆိုတာကို ပြချင်တဲ့လုပ်ကွက်တစ်ခုပဲဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို အမြစ်ပြတ်အောင်ချေမှုန်းနေတဲ့အပေါ်မှာ အာရုံပြောင်းဖို့အတွက်ဖြစ်ပါတယ်။ သူတို့တွေဟာ တစ်ချို့နေရာတွေမှာ ဟန်ပြသိမ်းပိုက်ပြီး သူတို့ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေတဲ့အကြောင်းကို လူမသိအောင်လုပ်ဖို့ ဆောင်ရွက်တာဖြစ်ပါတယ်" ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071