Monday, June 15, 2026

ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း...

ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းဒေသများ (ရခိုင်၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ)နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ...

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက်မဟာဘွဲ့ နှင်းသဘင်

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက် မဟာဘွဲ့ နှင်းသဘင်အခမ်းအနားကို ယနေ့ ဇွန် ၁၅ ရက်ကကျင်းပရာ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊...

မြောင်းတကာစက်မှုဇုန်ရှိ သံရည်ကျိုလုပ်ငန်းမှ တရား မဝင်ဓာတ်အားသုံးစွဲမှုကိုဖော်ထုတ်နိုင်ခဲ့သည့်...

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ ZON TAI STEEL Co.,Ltd သံရည်ကျိုလုပ်ငန်းတွင် တ ရားမဝင်ဓာတ်အားရယူသုံးစွဲခဲ့ခြင်းကို မြေပြင်ကွင်းဆင်းစစ်ဆေးဖော်ထုတ်နိုင်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်း(၆)ဦးအား...

တရုတ်၏ အာကာသနည်းပညာ အောင်မြင်မှုများကို နိုင်ငံတော်သမ္မတ...

တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်တွင် ပေကျင်းမြို့ရှိ...
HomeCelebrities' Newsမမြဝင်းလို့ အခေါ်ခံရတာက ...

မမြဝင်းလို့ အခေါ်ခံရတာက ပျော်နေတဲ့ ပိုင်ဖြိုးသု

paing

သရုပ်ဆောင် ပိုင်ဖြိုးသုက လတ်တလော ဇာတ် ကား ရိုက်ကူးမှုတွေကို အနည်းငယ်နားထားပြီး ဇူလိုင်လ (၁ဝ) ရက်နေ့ ပြင်ဦးလွင်မှာ ရိုက်ကူးမယ့် ဇာတ်ကားကြီးအတွက် ပြင်ဆင်မှုတွေ  ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကိုတော့  ဒါရိုက်တာ  ပြည်ဟိန်းသီဟက ရိုမန့်ဆန်ဆန် ရိုက်ကူးမှာဖြစ်ပြီး နေတိုးနဲ့အတူ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေနားထားတဲ့  အကြောင်းနဲ့ ထူး ခြားတဲ့ ဇာတ်ရုပ်အတွက် ကြိုတင်ပြင်ဆင်မှု အပိုင်းကို မေးမြန်းတော့ …

“ကားရိုက်နားထားတာကတော့ သုသု ကားကြီး မတိုင်ခင် နည်းနည်းအနားယူချင်လို့ပါ။ ဒါပေမဲ့ ကြော် ငြာတွေ၊ ဗီဒီယို ရိုက်ကူးမှုလေးတွေတော့ လုပ်ဖြစ် ပါတယ်။ ကားကြီးက ၁ဝ ရက်နေ့မှ စမှာဆိုတော့ ဒီဇာတ်ကားအတွက် အဝတ်အစားတွေ အဓိက ပြင် ဆင်နေတယ်။ ခေတ် လေးခေတ်ပုံစံလေးရိုက်မှာဆိုတော့ ဘုရင်ခေတ်၊ အင်္ဂလိပ် ခေတ်၊ ဂျပန်ခေတ်နဲ့ အခုခေတ်ပုံစံ တွေကို ဒီဇိုင်နာ မယုံးယုံးနဲ့ သေသေချာချာလေး တိုင်ပင်တယ်။ ဇာတ်လမ်း ပုံစံလေးကတော့ ရိုးမန့်လေး ပိုများပါတယ်” လို့ ပိုင်ဖြိုးသုက  ပြောပါတယ်။

အရင်က ဟာသဇာတ်ကားတွေ ရိုက်ကူးမှု သိပ် မရှိတဲ့ ပိုင်ဖြိုးသုကို ‘ဗိုလ်အောင်ဒင် ချစ်သော မိန်းမများ’ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် ပြီးချိန် မှာတော့ မမြဝင်းဆိုပြီး ပရိသတ်တော်တော်များများက ခေါ်ကြ ပါတယ်။ နောက် ပိုင်းမှာလည်း ဟာသဇာတ်ကားတွေကိုပါ လက်ခံ ရိုက်ကူးလာတဲ့ ပိုင်ဖြိုးသုက ဟာသဇာတ်ကား  ရိုက်ကူးရတဲ့အပေါ်  ခံစားချက်ကတော့ …

” အရင်က သုသု ဟာသရိုက်ရတာခက်ခဲတယ်။ ရယ်ရအောင် လည်း သိပ်မလုပ်တတ်ဘူး။ ဗိုလ်အောင်ဒင် ဇာတ်ကားလေး ရိုက်ပြီးတော့ ပရိသတ်တွေက သုကို မမြဝင်း၊ မမြဝင်းလို့ခေါ်ကြ တယ်။ဒါကလည်း သုရဲ့ သရုပ်ဆောင်မှုကို အသိမှတ်ပြုတယ်လို့ ခံယူတယ်။ ဒီလိုခေါ်ရင်လည်း စိတ်ထဲမှာ ပျော်တယ်။ နောက်ထပ် လည်း လှရွှေ နှင့် သူ၏သူငယ်ချင်းများတို့ ၊ မူလီတို့ ဟာသ ဇာတ် ကားတွေမှာ သရုပ်ဆောင်ထားတယ်။ လှရွှေဇာတ်ကားမှာဆိုရင် သုက ရုပ်ဆိုးဆိုး သွားခေါခေါ ၊ မိတ်ကပ်မလိမ်းတဲ့ ကို့ရိုး ကားရားနဲ့ ကောင်မလေးနေရာက ပါတယ်။ နောက်ပိုင်း ဟာသဇာတ်ကားတွေ ရိုက်ကူးရတာကို သုပျော်လာတယ်” လို့ ပိုင်ဖြိုးသုက ပြောပြပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ-အောင်ဇော်မင်း

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071