Saturday, June 21, 2025

ASEAN-Korea Startup Innovation Week...

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်မှ (၂၄) ရက်နေ့အထိ"ASEAN-Korea Startup Innovation Week 2025"...

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ...

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ မပြုလုပ်ကြရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က ညွှန်ကြားခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း ညှိနှိုင်းအစည်းအဝေးကို ဇွန်လ (၂၀) ရက်၊ နံနက်ပိုင်းက...

နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ဒေါ်လာ၂ ဒဿမ၃ဘီလျံ ရင်းနှီးမြှုပ်နှံမှုကိုအင်ဒိုနီးရှားနှင့်...

အင်ဒိုနီးရှားနှင့် ရုရှားနိုင်ငံတို့သည် စက်မှုလုပ်ငန်းဆိုင်ရာ အသိပညာ၊ အသုံးချ သုတေသနနှင့် အဆင့်မြင့် ဖြေရှင်းမှုများကို ဖလှယ်နိုင်မည့် နှစ်နိုင်ငံ နည်းပညာလွှဲပြောင်းမှုအတွက် အမေရိကန်ဒေါ်လာ ၂...

ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်နေသော်လည်း ကြိုတင်မှာယူ ထားခြင်းကြောင့်...

ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်မှုကြောင့် အာရှပစိဖိတ်ဒေသအတွင်း စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းနှင့်အတူ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသော်လည်းကြို တင်မှာယူထားခြင်းကြောင့် စက်သုံးဆီဖူလုံမှုရှိကြောင်း သိရသည်။ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမြင့်တက်သော်လည်း ပြီးခဲ့သည့်နှစ်ဆန်းပိုင်းက ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများထက်...
HomeArticlesမျက်ခွက်ကြီး

မျက်ခွက်ကြီး

“အား ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်    ဟိုကောင့်မျက်ခွက်ကြီး ဟိုကောင့် မျက်ခွက်ကြီး” မီးနေခန်းထဲက ကလေးကို ပွေ့ချီပြီးထွက်လာတဲ့ ရွာလက်သည် ဒေါ်နန်းအိမ်လက်ထဲကကလေးကို ငုံ့ကြည့်ပြီး မျက်နှာကို အက်စစ် အပက်ခံရသလို စိုင်းမြမောင်ရဲ့ ရုတ် တရက် အလန့်တကြား အော်လိုက် သံကြောင့် နန်းလှဝင်း ကလေးမွေးတဲ့ သတင်းလာမေးကြတဲ့ ညောင်ပင်သာ ရွာသူတွေ အထိတ်တလန့်ဖြစ်သွား ကြတယ်။

“ဟကောင် မြမောင်ရဲ့၊ မင်း ဟာက ဘာကြီးလဲကွာ အလန့်တ ကြား င့ါလခွီးထဲမှ ဘာဖြစ်တာလဲ” “ဟုတ်တယ် ဟုတ်တယ် ဟို ကောင့်မျက်ခွက်မှ မျက်ခွက်ကြီးကွ” ဒီစကားကလွဲလို့ ဘာစကားမှ စိုင်းမြမောင် ထပ်မပြောတော့။ သူ့ သူငယ်ချင်းစိုင်းသင်းထုံ၊ စိုင်းဘိုလေး တို့နဲ့ ညောင်ပင်သာရွာက သတင်း မေးတွေလည်း ဘာလဲ ဘာလဲ၊ သို့ လော သို့လောလို့ တစ်ယောက်မျက် နှာတစ်ယောက်ကြည့်ပြီး အသံတိတ် မေးငေါ့ကြရင်း ရွှေအယိမ်းကနေကြ လေရဲ့။  စိုင်းမြမောင်ရဲ့ အလန့်တကြား အော်လိုက်တဲ့ ဟိုကောင့်မျက်ခွက် ကြီးဆိုတဲ့ အသံဆိုးကို မီးနေခန်းထဲ ကနေ နန်းလှဝင်းတစ်ယောက်လည်း အသာငြိမ်ပြီး နားစွင့်နေသလို။ မအေဖြစ်တဲ့ စိုင်းမြမောင်ရဲ့ ယောက္ခမ ဒေါ်နန်းတင်အေးလည်း ကလေးအနှီး ခေါက်သိမ်းရင်း စိတ်ဝင်တစားနဲ့ နားစွင့်နေတယ်။

“ဟကောင်ရ မြမောင်ရ။ ရှင်း ရှင်းပြောစမ်းပါကွာ။ စောစောက မင်းအလန့်တကြား အပ်ကြောင်းထပ် ထပ်ပြောနေတဲ့ ဟိုကောင့်မျက်ခွက် ကြီး အကြောင်းစုံ” စိုင်းသင်းထုံပြောတော့ အခန်း ထဲက မီးနေသည်နန်းလှဝင်းက လည်း လှမ်းအော်မေးလိုက်တယ်။  “ကိုမြမောင် တော် မအူမလည် ပြောတာက ကျုပ်သိက္ခာကျတယ် တော့။ ကျုပ်တစ်သက် တော်တစ် ယောက် ရည်းစားလုပ်ခဲ့တာ။ ဘယ်သူနဲ့မှ ဟိုလိုဒီလို မရှိခဲ့ဘူး။ ညံတောဘုရားမှာ ကျုပ်သစ္စာဆိုဝံ့ တယ်နော။ တော်ပြောတဲ့ ဟိုကောင့် မျက်ခွက်ကြီးဆိုတာကို လူစုံတုန်း အခုချက်ချင်းရှင်းပါ။ ကျုပ်သွေး တက်အောင် မပြောနဲ့။ တော် ကျုပ် အကြောင်းသိတယ်နော်” သမီးဖြစ်တဲ့ မီးနေသည်နန်းလှ ဝင်းပြောပြီး မအေဖြစ်တဲ့ ဒေါ်နန်း တင်အေးကလည်း မီးနေခန်းထဲကနေ လှမ်းအော်မေးပြီး ရာဇသံပေးလိုက် တယ်။

“ငါ့သမီးပြောတာ မှန်တယ်ဟဲ့ အကောင်ရဲ့။ လူပုံအလယ်မှာ င့ါသမီးရဲ့သိက္ခာကို ထိခိုက်စေတဲ့ ဟိုအကောင့်မျက်ခွက်ကြီးဆိုတဲ့ စကားကို အခုရှင်းလိုက်စမ်းပါ။ ငါ့ သမီးအကြောင်း အူမချေးခါးထိ ငါ အကုန်သိတယ်ဟဲ့ မြမောင်ရဲ့။ ငါ့ကို အကုန်ပြန်ပြောတယ်။ ဟောဒီ ညောင်သာယာရွာတစ်ဝိုက်မှာ င့ါသမီးက ဣနြေ္ဒနဲ့ သိက္ခာနဲ့နေတာ တစ်ရွာလုံးအသိ။ တစ်ရွာလုံးက မျက်စိဒေါက်ထောက်ကြည့်နေကြ တာ။ ငါ့တို့အမျိုးက ဗိုင်းကောင်း ကျောက်ဖိအမျိုးဟဲ့ အကောင်ရဲ့။ နင်နဲ့မရခင်ကတည်းက ငါ့ရဲ့တစ်ဦး တည်းသောသမီးက ဟောဒီညောင် သာယာရွာရဲ့ ရွာ့ကျက်သရေဆောင် ကွမ်းတောင်ကိုင်ဟဲ့ သိရဲ့လား။

နင် အခုပြောနေတဲ့ ဟိုအကောင့်မျက် ခွက်ကြီးဆိုတာ ခုချက်ချင်းရှင်းလိုက် စမ်းပါ။ မဟုတ်လို့ကတော့ နန်းတင် အေးအကြောင်း ကောင်းကောင်းသိ သွားစေရမယ်ဟဲ့ အကောင်ရဲ့ ဟင်း ဟင်း ဟင်း” ဒေါ်နန်းတင်အေးရဲ့ ခုနှစ်သံ ချီရာဇသံကြောင့် ညောင်သာယာ ရွာသူရွာသားတွေ ထမင်းမေ့၊ ဟင်းမေ့၊ ငုတ်တုတ်မေ့သွားပြီး စိုင်း မြမောင်ရဲ့ ပြန်လည်ဖြေရှင်းသံကို စိတ်ဝင်တစား နားစွင့်နေကြတယ်။ မြောက်ဘက်အိမ်တိုင်ပေါ်က အိမ် မြှောင်နှစ်ကောင်ရဲ့ ကျွတ် ကျွတ် ကျွတ်လို့ သံပြိုင်ပြီး စိုင်းမြမောင်ကို လှမ်းစနေသံ ကြားလိုက်ရတယ်။  နန်းလှဝင်းနဲ့ မရခင်ကတည်းက ကြောက်နေရတဲ့ ယောက္ခမကြီး ဒေါ်နန်းတင်အေးရဲ့ ရာဇသံနဲ့အတူ အိမ်လှေကားရင်းထိပ်မှာ ခရင်းခွကို ခပ်တင်းတင်းဆုပ်ကိုင်ထားပြီး မျက်ထောင့်နီကြီးနဲ့ လှမ်းကြည့်နေတဲ့ ယောက္ခထီးကြီး စိုင်းကံထူးရဲ့ အကြည့်ကြောင့် စိုင်းမြမောင်တစ် ယောက် ကြောက်ဒူးတုန်ပြီး ကြောက် သေးတောင်မှ ပါချင်ချင်ဖြစ်နေ တယ်။ နောက်တော့ ကလေးကိုကြည့် ပြီး ရုတ်တရက်အလောတကြီး အပြောမှားသွားတဲ့ စကားလုံးကြီးကို အမြန်ဆုံးဖြေရှင်းဖို့အတွက် ဟယ် တတ်နိုင်ပါဘူး။ ဖြစ်သမျှအကြောင်း ရင်ဆိုင်ရတော့မှာပဲရယ်လို့ ကြောက် တားတင်းပြီး

“ဒါ ဒါ က ဒီ ဒီလို ဒီလိုပါဗျာ။ ကျွန် ကျွန်တော်က ကလေးမျက်ခွက် ကိုကြည့်မိပြီး အလောတကြီး အော် လိုက်မိပါတယ်။ ကျွန်တော်ပြောတဲ့ ဟိုကောင့်မျက်ခွက်ကြီးဆိုတာက ဟို ဟိုကောင့်ကို ရုတ်တရက် မြင်မိသလို လန့်ဖျန့်အော်မိတာပါ” “ဟဲ့အကောင် မြကြောင်၊ အဲ လေ မြမောင်၊ နင်ပြောတဲ့ ဟိုအ ကောင်ဆိုတာ ဘယ်အကောင်လဲ။ ငါ့ ကိုရှင်းရှင်းလင်းလင်းပြောစမ်း။ ဝေ့လည်ကြောင်ပတ်လုပ်လို့ကတော့ ဟဲ့အကောင် ဒီမှာမြင်လား ခရင်းခွ ဟင်း ဟင်း ဟင်း” ယောက္ခထီးကြီး စိုင်းကံထူးရဲ့ မာန်ထန်ထန်အမေးကြောင့် စိုင်းမြ မောင်တစ်ယောက် ပုဆိုးနဲ့ ဇောချွေး တွေကိုသုတ်ရင်း မျက်စိမှိတ်၍ ယောက္ခထီးကြီးနဲ့ ခရင်းခွကို မေတ္တာ ကောင်းကောင်းပို့ပြီး  “ကျွန်တော် ကျွန်တော်ပြောတဲ့ ဟိုအကောင့်မျက်ခွက်ကြီးဆိုတာက ကျွန်တော့်မိန်းမ နန်းလှဝင်းရဲ့ညီမ၊ ကျုပ်နဲ့ဘယ်တော့မှမတည့်တဲ့ ကျုပ် အင်မတန် မျက်မွှေးစူးတဲ့ ဟို ဟို ယောက်ျားလိုလို၊ မိန်းမလိုလိုနဲ့ အလွန်ပဲများတဲ့ ယောက်ျားလျာမ နန်းမြဝင်းရဲ့ မျက်ခွက်ကြီးကို ရုတ် တရက် မြင်ယောင်မိပြီး အလန့်တ ကြား အော်မိတာပါ အဖေရာ”စိုင်းမြမောင်ရဲ့ ဟိုအကောင့် မျက်ခွက်ကြီးအကြောင်း ရှင်းလင်း ပြောဆိုအပြီးမှာတော့ ယောက္ခထီး၊ ယောက္ခမကြီးနဲ့ မီးနေသည်အပါအ ဝင် အိမ်ပေါ်ရှိ လူအကုန် တဝါးဝါး တဟားဟားနဲ့။ အိမ်လှေကားအောက် က ကြက်သားအမိတွေလည်း က တော် ကတော်နဲ့ လန့်ဖျန့်ပျံလို့။

 သော်တာအောင် (ကျောက်တောင်)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071