Saturday, September 19, 2026

ရွှေဆွဲကြိုးအတု ရောင်းမည်ဟုဆိုကာ ဆိုင်ရှင်အား တူဖြင့်ထု၍...

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရွှေနဝလီဆိုင်ရှင်အား တူဖြင့်ထု၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်ထွက်ပြေးသူကို ယနေ့ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက...

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ကျန်ထောင်ဒ-ဏ်ကို နေအိမ်အကျယ်ချုပ်ဖြင့်...

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၉ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ ကျန်ရှိသည့် ထောင်ဒ-ဏ်ကာလကို နေအိမ်အကျယ်ချုပ်ဖြင့် ကျခံခွင့်ပြုရန် မလေးရှားဘုရင် ဆူလ်တန်အီဘရာဟင် ဦးဆောင်သည့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးဘုတ်အဖွဲ့က သဘောတူခဲ့ကြောင်း...

ထိုင်းဝန်ကြီးချုပ် အနုတင် ဂျပန်၊ အမေရိကန်နှင့်...

ဘန်ကောက်၊ စက်တင်ဘာ ၁၉ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်သည် ဂျပန်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံများသို့ စက်တင်ဘာ ၂၀ ရက်မှ ၂၇ ရက်အထိ...

မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဖိုးချစ်၊ စမ်းရေမိုး၊...

မကွေး၊ စက်တင်ဘာ ၁၉ မကွေးမြို့ရှိ မြသလွန်စေတီတော်မြတ်ကြီး၏ ၂၀၂၆ ခုနှစ် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမည့် အောက်တိုဘာ ၁၂ ရက်မှ စတင်ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း...
HomeNewsLocal Newsမဲဆောက်မှ မြဝတီဘက်သို့ ပြန်လည်ဝင်ရောက်မည့်...

မဲဆောက်မှ မြဝတီဘက်သို့ ပြန်လည်ဝင်ရောက်မည့် မော်တော်ယာဉ်အားလုံး စက်သုံးဆီ အပိုတင်ဆောင်လာမှုများ တင်းတင်းကြပ်ကြပ်စစ်ဆေး

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ မြဝတီဘက်သို့ ပြန်လည်ဝင်ရောက်မည့် မည်သည့်ယာဉ်မဆို စက်သုံးဆီအပိုတင်ဆောင်လာမှုများကို ယနေ့ ဖေဖော်ဝါရီ (၆)ရက် နံနက်ပိုင်းမှစတင်၍ ထိုင်းအာဏာပိုင်များက တင်းတင်းကြပ်ကြပ် စစ်ဆေးလျှက်ရှိကြောင်း ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။

ယမန်နေ့က ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးပေးဝေမှုအား မြန်မာနိုင်ငံနယ်စပ်မြို့နေရာ(၅)နေရာကို ဖြတ်တောက်လိုက်ပြီးနောက် စက်သုံးဆီဝယ်ယူမှုများမြင့်တက်လာပြီး၊ ဈေးနှုန်းများလည်း မြင့်တက်သွားရသည့်အခြေအနေ ပေါ်ပေါက်ခဲ့ရသည်။

“ဒီနေ့တော့မြဝတီမှာ မနေ့ကလိုတော့ စုပုံတိုးကြိတ်ဝယ်တာမျိုးမရှိတော့ဘူး။ ဒါပေမဲ့ အပိုမရောင်းဘူး။ ကားဆံ့သလောက်ဘဲရောင်းပေးတယ်။ အချို့ဆိုင်တွေတော့ပိတ်ထားတာရှိတယ်။ မြဝတီကနေ မဲဆောက်ဘက်အကြောင်းအမျိုးမျိုးနဲ့ သွားတဲ့ကားတွေလည်း ဟိုဘက်မှ ကားဆံ့သလောက်ထည့်လို့ရတယ်။ အပိုတင်ဆောင်လာတာနဲ့ တံတားထိပ် (ထိုင်းဘက်ခြမ်း)မှာ စစ်နေတယ်။ ပေးမထွက်ဘူး။ ဒီအပေါ်ဘယ်လိုအရေးယူလဲဆိုတာတော့ ကျွန်တော်တို့မသိသေးဘူး” ဟု အဆိုပါ ဒေသခံက ပြောသည်။

ထို့အတူ ထိုင်းလျှပ်စစ်မီးဖြတ်တောက်ခံမှုတွင် ပါဝင်သည့် ဘုရားသုံးဆူ မြို့တွင်လည်း စက်သုံးဆီဝယ်ယူမှုများမြင့်တက်နေပြီး၊ ဈေးနှုန်းများလည်း မြင့်တက်လျှက်ရှိကြော င်း သိရသည်။

လက်ရှိတွင် ဘုရားသုံးဆူမြို့အတွင်း ထိုင်းလျှပ်စစ်မီးပေးဝေမှုဖြတ်တောက်လိုက်ခြင်းကြောင့် လုပ်ငန်းများ ရပ်နားထားရသလို ‌အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုများလည်း အခက်အခဲကြုံတွေ့နေကြ‌ရကြောင်း သိရသည်။

“အချို့ ချက်ပြုတ်စားသောက်ဖို့တောင် အဆင်မပြေဖြစ်နေကြတာ။ အဓိက ကျန်းမာရေးလို ဝန်ဆောင်မှုလုပ်ငန်းတွေ အခက်အခဲဖြစ်ကုန်ကြတာ‌ပေါ့။ ဆေးစစ်တဲ့ ဝန်ဆောင်မှုတွေ၊ ခွဲစိတ်ကုသရမယ့် ဟာတွေမှာ အခက်အခဲရှိလာမှာပေါ့။ ရေရှည်ဆို မလွယ်ဘူးလေ။ တကယ်တမ်းကျတော့ဒေသခံပြည်သူတွေဘဲ နစ်နာရတာ”ဟု ဆိုသည်။

အလားတူ ထိုင်း-မြန်မာ တာချီလိတ်မြို့တွင်လည်း ယနေ့နံနက်ပိုင်းအချိန်အထိ စက်သုံးဆီတင်ယာဉ်များ ထွက်ခွာခွင့်မပြုသေးဘဲ တာချီလိတ် – မယ်ဆိုင်အကြား ထိုင်း-မြန်မာ ချစ်ကြည်ရေးအမှတ်(၂)တံတား မယ်ဆိုင်ဘက်ရှိ အကောက်ခွန်ဝန်းအတွင်း ရပ်တန့်ထားရကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်က မြန်မာနိုင်ငံဘက် နယ်စပ်ဒေသမြို့များသို့ စက်သုံးဆီ တင်ပို့မှုများကို အကန့်အသတ်မရှိ ယာယီ ရပ်ဆိုင်းလိုက်သည့်အတွက် တာချီလိတ်မြို့ အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၌ အခက်အခဲများဖြစ်လာနိုင်ကြောင်း သိရသည်။

“မနေ့က လာအိုမီးချက်ချင်းပြန်ရတော့ တာချီလိတ်မှာက အဆင်ပြေသွားပါတယ်။ လုပ်ငန်းတွေပုံမှန်လည်ပတ်နေပါတယ်။ စက်သုံးဆီက တိုးကြိတ်စုပုံဝယ် ယူတာမျိုး မနေ့ကလိုမရှိတော့ဘူး။ ကံကောင်းတာက တာချီလိတ်က လာအိုမီးကိုပါ အရင်ကတည်းက ချိတ်ဆက်ထားတာဆိုတော့ ထိုင်းဘက်က မီးဖြတ်ပေမယ့် ကြီးကြီးမားမား ရိုက်ခတ်မှုမရှိပါဘူး။ အဓိက က စက်သုံးဆီကိုဘဲ နားစွင့်နေကြတာ”ဟု တာချီလိတ်မြို့ခံတစ်ဦးကလည်း ပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွှေဆွဲကြိုးအတု ရောင်းမည်ဟုဆိုကာ ဆိုင်ရှင်အား တူဖြင့်ထု၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်သူ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရွှေနဝလီဆိုင်ရှင်အား တူဖြင့်ထု၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်ထွက်ပြေးသူကို ယနေ့ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယနေ့ နံနက် ၁၀ နာရီခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ တိုက်အမှတ် (၇၃) မြေညီ လှေကားခွင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါနေရာသို့ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ဦးရွှေဂွန်းလမ်းတွင် နေထိုင်သူ အသက် ၃၀ ခန့်အရွယ် ဝင်းပိုင်စိုး ရောက်ရှိလာပြီး...

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ကျန်ထောင်ဒ-ဏ်ကို နေအိမ်အကျယ်ချုပ်ဖြင့် ကျခံခွင့်ရ

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၉ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ ကျန်ရှိသည့် ထောင်ဒ-ဏ်ကာလကို နေအိမ်အကျယ်ချုပ်ဖြင့် ကျခံခွင့်ပြုရန် မလေးရှားဘုရင် ဆူလ်တန်အီဘရာဟင် ဦးဆောင်သည့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးဘုတ်အဖွဲ့က သဘောတူခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး ဥပဒေရေးရာဌာနက စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည်။ အသက် ၇၃ နှစ်အရွယ် နာဂျစ်သည် ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မလေးရှားဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး 1Malaysia Development Berhad (1MDB) ၏ ယခင်ယူနစ် SRC International နှင့် ဆက်စပ်သည့် ရင်းဂစ်...

ထိုင်းဝန်ကြီးချုပ် အနုတင် ဂျပန်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံများသို့ တစ်ပတ်ကြာခရီးစဉ် သွားရောက်မည်

ဘန်ကောက်၊ စက်တင်ဘာ ၁၉ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်သည် ဂျပန်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံများသို့ စက်တင်ဘာ ၂၀ ရက်မှ ၂၇ ရက်အထိ တစ်ပတ်ကြာ ခရီးစဉ်သွားရောက်မည်ဖြစ်ပြီး နယူးယောက်မြို့၌ ကျင်းပမည့် ၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA 81) သို့လည်း ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ ဝန်ကြီးချုပ် အနုတင်သည် ခရီးစဉ်ပထမအဆင့်အဖြစ် ဂျပန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး နာဂိုယာမြို့၌ အာရှအားကစားပြိုင်ပွဲဝင် ထိုင်းအားကစားသမားများနှင့် တွေ့ဆုံကာ အားပေးစကားပြောကြားရန် စီစဉ်ထားသည်။ ထို့နောက် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ဆက်လက်သွားရောက်ကာ စက်တင်ဘာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071