Friday, September 4, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် Viettel ဆက်သွယ်ရေးကုမ္ပဏီသို့...

ဟနွိုင်း၊ စက်တင်ဘာ ၄ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၄ ရက်...

ဟင်္သာတမြို့နယ်ရှိ ရေဘေးသင့်အိမ်ထောင်စု ၁၅၅ စုအား...

ဟင်္သာတ၊ စက်တင်ဘာ -၄ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက်ပေးအပ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံမှ သိရသည်။ ထိုသို့...

အမျိုးသားလူသစ်သင်္ဘောသားများနှင့် အမျိုးသမီးသင်္ဘောသားများ ပြည်ပသို့ အလည်အပတ်ထွက်ခွာပါကသင်္ဘောသားမြန်မာနိုင်ငံကူးလက်မှတ်...

ပြည်ပသို့ ထွက်ခွာရန်ရှိပါက PS အမျိုးအစားမှ PV သို့ ပြောင်းလဲကိုင်ဆောင်၍ ထွက်ခွာနိုင်ကြောင်း အသိပေး ပြည်ပသို့ သင်္ဘောသားများ တရားမဝင်စေလွှတ်မှုများကြောင့် ပြဿနာများ ဖြစ်ပေါ်နေသည့်အတွက်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် VinFast လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့...

ဟနွိုင်း၊ စက်တင်ဘာ ၄ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၄ ရက်တွင်...
HomeNewsLocal Newsမဲခေါင် - လန်ချန်း...

မဲခေါင် – လန်ချန်း အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း ရှေးဟောင်းအမွေအနှစ်မြို့များကို ညီအမမြို့တော်များ (Sister Cities) အဖြစ် အကောင်အထည်ဖော်မည်

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ ၂၀၂၃ဖြင့် ဆောင်ရွက်သည့် ကိုဗစ်အလွန်ကာလ ယဉ်ကျေးမှု အမွေအနှစ် ခရီးစဉ်‌ဒေသများတွင် ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်း ဖော်ဆောင်ရေးအတွက် ဆွေးနွေးပွဲကို ဩဂုတ် (၂၄) ရက်က ပုဂံမြို့ရှိ ရွှေနန်းတော်ဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေမှ စီမံကိန်း(၃)ခုကို ရရှိထားခဲ့ပြီးဖြစ်ကြောင်းနှင့် ကိုဗစ် – ၁၉ ကာလအတွင်း ခရီးသွားလုပ်ငန်းနှင့် ဆက်စပ် စီးပွားရေး လုပ်ငန်းများအနေဖြင့် အခက်အခဲနှင့် အကျပ်အတည်းများ များစွာကြုံတွေ့ခဲ့ရပြီး ကိုဗစ်-၁၉ အလွန် ကာလများတွင် ခရီးသွားလုပ်ငန်းများ ပြန်လည် ထူထောင်ရာ၌ နည်းလမ်းအသစ်များ ပြန်လည်စဉ်းစား ဖော်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မဲခေါင် – လန်ချန်းနိုင်ငံများမှ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ ပညာရှင်များနှင့် ဆွေးနွေးပွဲတက်ရောက်လာသူများက ခရီးသွားလုပ်ငန်းဖြင့် ဒေသတွင်း ယဉ်ကျေးမှုအမွေ အနှစ်ခရီးစဉ်ဒေသများ ရေရှည်တည်တံ့အောင် ဆောင်ရွက်ခြင်း၊ ရေရှည်တည်တံ့သော ခရီးသွား လုပ်ငန်းဆိုင်ရာ အလေ့အကျင့်ကောင်းများ မျှဝေခြင်း၊ ယဉ်ကျေး မှုအမွေအနှစ် ခရီးစဉ်ဒေသများ မြှင့်တင်ခြင်း ကိစ္စရပ်များကို အပိုင်းသုံးပိုင်းခွဲ၍ စကားဝိုင်းဆွေးနွေးခြင်းနှင့် မေးခွန်းများမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်ဟုလည်း သိရသည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E Ms. Ma Jia ကို ပုဂံမြို့ရှိ ရွှေနန်းတော်ဟိုတယ်၌ လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ – တရုတ် နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေးနှင့် ခရီးသွားမြှင့်တင်ရေး ဆောင်ရွက်မှုအခြေအနေများ၊ မဲခေါင် – လန်ချန်း အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း မြန်မာနိုင်ငံရှိ ပုဂံမြို့ကဲ့သို့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်မြို့များကို ညီအမမြို့တော်များ (Sister Cities) အဖြစ် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးဆိုင်ရာတို့ကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် Viettel ဆက်သွယ်ရေးကုမ္ပဏီသို့ သွားရောက်လေ့လာ

ဟနွိုင်း၊ စက်တင်ဘာ ၄ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၄ ရက် ညနေပိုင်းတွင် Viettel ဆက်သွယ်ရေးကုမ္ပဏီသို့ သွားရောက်လေ့လာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ Viettel ဆက်သွယ်ရေးကုမ္ပဏီသို့ ရောက်ရှိရာ ကုမ္ပဏီမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် Viettel ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတအား လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် Viettel ၏ ဆက်သွယ်ရေးနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းများ၊...

ဟင်္သာတမြို့နယ်ရှိ ရေဘေးသင့်အိမ်ထောင်စု ၁၅၅ စုအား အခြေခံအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့

ဟင်္သာတ၊ စက်တင်ဘာ -၄ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက်ပေးအပ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံမှ သိရသည်။ ထိုသို့ အကူအညီပေးအပ်ရာတွင် ဧရာဝတီတိုင်းဒေသကြီးရှိ Deployment ကြက်ခြေနီစေတနာ လုပ်အားရှင်များက ဟင်္သာတမြို့နယ်အတွင်းရှိ ရေဘေးရှောင်စခန်း ၂ ခုမှ ရေဘေးသင့်အိမ်ထောင်စု ၁၅၅ စုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပေးသည့် အခြေခံအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။ ထောက်ပံ့ပေးအပ်ရာတွင် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း ၁၅၅ စုံ၊ ၂၀ လီတာဆံ့ သောက်ရေပုံး ၁၅၅ ပုံး၊ ခြင်ထောင် ၁၅၅...

အမျိုးသားလူသစ်သင်္ဘောသားများနှင့် အမျိုးသမီးသင်္ဘောသားများ ပြည်ပသို့ အလည်အပတ်ထွက်ခွာပါကသင်္ဘောသားမြန်မာနိုင်ငံကူးလက်မှတ် (PS) ဖြင့် စက်တင်ဘာ ၁၅ ရက်မှစ၍ ခွင့်ပြုမည်မဟုတ်

ပြည်ပသို့ ထွက်ခွာရန်ရှိပါက PS အမျိုးအစားမှ PV သို့ ပြောင်းလဲကိုင်ဆောင်၍ ထွက်ခွာနိုင်ကြောင်း အသိပေး ပြည်ပသို့ သင်္ဘောသားများ တရားမဝင်စေလွှတ်မှုများကြောင့် ပြဿနာများ ဖြစ်ပေါ်နေသည့်အတွက် အမျိုးသားလူသစ်သင်္ဘောသားများနှင့် အမျိုးသမီးသင်္ဘောသားများအနေဖြင့် သင်္ဘောသားမြန်မာနိုင်ငံကူးလက်မှတ် (PS) ဖြင့် ပြည်ပနိုင်ငံများသို့ အလည်အပတ်ထွက်ခွာခွင့်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှစတင်၍ ခွင့်ပြုမည်မဟုတ်ကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသားဌာနခွဲက အသိပေးထားသည်။ ပြည်ပကုမ္ပဏီများနှင့် တိုက်ရိုက်စာချုပ်ချုပ်ဆိုထားခြင်းမရှိဘဲ ဌာနတွင် တရားဝင် SRPS လိုင်စင် မရှိသည့် ကုမ္ပဏီများ၊ ကြားခံပုဂ္ဂိုလ်များနှင့် ပွဲစားများက သင်္ဘောသားများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071