Wednesday, May 13, 2026

ဧရာဝတီတိုင်းအတွင်း Football For School...

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် Football For School Program လုပ်ငန်းများကို အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးက...

ရန်ကုန်စတော့အိတ်ချိန်းတွင် တစ်ရက်အတွင်း ကျပ် ၁၇၁...

ရန်ကုန်စတော့အိတ်ချိန်းတွင် တစ်ရက် (မေ ၁၂ ရက်) အတွင်း ကျပ် ၁၇၁ သန်းကျော်အထိ တန်ဖိုးရှိသည့် စတော့ရှယ်ယာ ၂၉,၀၀၀ ကျော်...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဇွန်...

၂၀၁၃ ခုနှစ် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၂၀၊ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (က)၊ နည်းဥပဒေခွဲငယ် (၁)...

အာရှဖလားခရီးစဉ် အောင်မြင်စွာပြီးဆုံး၊ မြန်မာ ယူ-၁၇...

မြန်မာ့လက်ရွေးစင် ယူ-၁၇ အမျိုးသားနှင့် အမျိုးသမီးအသင်းများ၏ Asian Cup 2026 အာရှဖလားခရီးစဉ် အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီး အခက်အခဲများကို ကြံ့ကြံ့ခံကျော်ဖြတ်ခဲ့သည့် မျိုးဆက်သစ် လူငယ်ကစားသမားများအား...
HomeMoviesမေ ၁၅ ရက်မှစ၍...

မေ ၁၅ ရက်မှစ၍ ရန်ကုန်-မန္တလေး DEMU အမြန်ရထားအပါအဝင် ခရီးစဉ်များ တိုးချဲ့ပြေးဆွဲမည်

မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများ သွားလာရေး ပိုမိုအဆင်ပြေစေရန် လာမည့် မေ ၁၅ ရက်မှစတင်၍ ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်အပါအဝင် ခရီးစဉ်အချို့တွင် ရထားများ တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

တိုးချဲ့ပြေးဆွဲမည့် ခရီးစဉ်များမှာ ရန်ကုန်-မန္တလေး-ရန်ကုန်၊ သာစည်-နေပြည်တော်-သာစည်၊ နေပြည်တော်-တောင်ငူ-နေပြည်တော်နှင့် တောင်ငူ-ပဲခူး-တောင်ငူ ခရီးစဉ်များဖြစ်ကြောင်း မြန်မာ့မီးရထားက ထုတ်ပြန်ထားသည်။

ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်တွင် အမှတ်(၃)အဆန်/အမှတ်(၄)အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားကို ထပ်မံပြေးဆွဲပေးမည်ဖြစ်ပြီး၊ သာစည်-နေပြည်တော်-သာစည် ခရီးစဉ်တွင် အမှတ်(သ-၄၀၁)အဆန်/အမှတ်(သ-၄၀၂)အစုန် RBE ခရီးတိုရထား၊ နေပြည်တော်-တောင်ငူ-နေပြည်တော် ခရီးစဉ်တွင် အမှတ်(သ-၅၀၁)အဆန်/အမှတ်(သ-၅၀၂)အစုန် RBE ခရီးတိုရထားနှင့် တောင်ငူ-ပဲခူး-တောင်ငူ ခရီးစဉ်တွင် အမှတ်(သ-၆၀၁)အဆန်/အမှတ်(သ-၆၀၂)အစုန် RBE ခရီးတိုရထားများကို တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်သည်။

RBE ခရီးတိုရထားများအတွက် နေပြည်တော်-သာစည်၊ သာစည်-နေပြည်တော်၊ နေပြည်တော်-တောင်ငူနှင့် တောင်ငူ-နေပြည်တော် ခရီးစဉ်များ၏ အစအဆုံး လက်မှတ်ခကို ကျပ် ၅,၀၀၀ သတ်မှတ်ထားပြီး၊ ခရီးစဉ်တစ်ဝက်အတွက် ကျပ် ၂,၅၀၀ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တောင်ငူ-ပဲခူးနှင့် ပဲခူး-တောင်ငူ ခရီးစဉ်များအတွက် အစအဆုံး လက်မှတ်ခကို ကျပ် ၈,၀၀၀ သတ်မှတ်ထားပြီး၊ ခရီးစဉ်တစ်ဝက်အတွက် ကျပ် ၄,၀၀၀ ကျသင့်မည်ဖြစ်ကာ ဘူတာစဉ်အလိုက် ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများ၏ ထိုင်ခုံလက်မှတ်များကို Online Railways Ticketing and Payment (ORTP) စနစ်ဖြင့် ခရီးစဉ်အစအဆုံးအတွက် (၇)ရက်ကြိုတင်နှင့် လမ်းဘူတာများအတွက် (၃)ရက်ကြိုတင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ယင်းအပြင် လက်ရှိ ရန်ကုန်နှင့် မန္တလေးဘူတာများမှ နံနက် ၆ နာရီတွင် ပြေးဆွဲနေသည့် အမှတ်(၅)အဆန်/အမှတ်(၆)အစုန် လေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများကို မေ ၁၅ ရက်မှစတင်ကာ နံနက် ၇ နာရီသို့ ပြောင်းလဲပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဧရာဝတီတိုင်းအတွင်း Football For School Program လုပ်ငန်းများ ပြည်ထောင်စုဝန်ကြီး စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် Football For School Program လုပ်ငန်းများကို အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးက လူငယ်များ၏ ကိုယ်လက်ကြံ့ခိုင်မှုနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အခြေခံပညာကျောင်းများတွင် ကိုယ်လက်လှုပ်ရှားမှုနှင့် အားကစားလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ပေးရန် လိုကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ကျောင်းများတွင် အားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်လည်း မှာကြားခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကိုးသိန်းအားကစားကွင်းအတွင်း တည်ဆောက်မည့် ဘက်စုံသုံး မိုးလုံလေလုံအားကစားရုံ မြေနေရာနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်)ရှိ တည်ဆောက်ရေးလုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း...

ရန်ကုန်စတော့အိတ်ချိန်းတွင် တစ်ရက်အတွင်း ကျပ် ၁၇၁ သန်းကျော်ဖိုး စတော့ရှယ်ယာအရောင်းအဝယ်ဖြစ်

ရန်ကုန်စတော့အိတ်ချိန်းတွင် တစ်ရက် (မေ ၁၂ ရက်) အတွင်း ကျပ် ၁၇၁ သန်းကျော်အထိ တန်ဖိုးရှိသည့် စတော့ရှယ်ယာ ၂၉,၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ ထုတ်ပြန်ထားသည့်အချက်အလက်များအရ သိရသည်။ မေလအတွင်း ရက်အလိုက် စတော့ရှယ်ယာအရောင်းအဝယ်ဖြစ်ပေါ်မှုအနေဖြင့် မေ ၄ ရက်တွင် ကျပ် ၈၅ သန်းကျော်တန်ဖိုးရှိသည့် စတော့ရှယ်ယာအစောင်ရေ ၁၇,၁၅၆၊ မေ ၅ ရက်တွင် ကျပ် ၄၁ သန်းကျော်တန်ဖိုးရှိသည့် စတော့ရှယ်ယာအစောင်ရေ ၁၂၀၇၈ ၊ မေ ၆ ရက်တွင်...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဇွန် ၂ ရက်တွင် ကျင်းပမည်

၂၀၁၃ ခုနှစ် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၂၀၊ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (က)၊ နည်းဥပဒေခွဲငယ် (၁) တို့အရ တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ၂၀၂၆ ခုနှစ် ဇွန်လ ၂ ရက် (အင်္ဂါနေ့) နံနက် ၁၀ နာရီတွင် ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်နိုင်ရေးအတွက် ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071