မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံးအနီးရှိ နှစ်ထပ်နေအိမ်တစ်လုံးတွင် ယနေ့ စက်တင်ဘာ ၄ ရက်ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့နှင့် ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။
မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်ကွက်၊ ဗဟို(၅၂) လမ်း၊ နယ်မြေ(၁၀)ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးအနီးမှ နှစ်ထပ်နေအိမ်တစ်လုံးတွင်မီးလေ-ာင်မှုဖြစ်ပွား၍ မော်လမြိုင်မြို့နယ်အတွင်းရှိ မီးသ-တ်စခန်းများမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသ-တ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့အပါအဝင် လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြသည်။
ထို့ကြောင့် ညနေ ၅ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းသွားခဲ့သဖြင့် စတင်လေ-ာင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသ-တ်တပ်ဖွဲ့တာဝန်ရှိသူများကစစ်ဆေးခဲ့ကြကြောင်း သိရသည်။
