Thursday, May 14, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomeNewsLocal Newsမော်လမြိုင်တွင် EV တက္ကစီ...

မော်လမြိုင်တွင် EV တက္ကစီ အငှားဝန်ဆောင်မှုများ စတင်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ယခု ဖေဖော်ဝါရီလမှစတင်၍ EV တက္ကစီ အငှားဝန်ဆောင်မှုများ စတင်ပြေးဆွဲလျက်ရှိပြီး၊ တစ်ဦးချင်းငှားရမ်းစီးနင်းမှုအပြင် စင်းလုံးဌားရမ်းမှုဝန်ဆောင်မှုများကိုပါ ရရှိနေပြီဖြစ်ကြောင်း ဒေသခံများတစ်ဦးကပြောသည်။

အဆိုပါ EV တက္ကစီများအနေဖြင့် မော်လမြိုင်မြို့အတွင်းသာမက မော်လမြိုင်-ရန်ကုန်အထိ မိသားစုစီးစင်းလုံးငှါးစနစ်အပြင် တစ်ဦးချင်းအလိုက် စုပေါင်းတငှားရမ်းမှု စနစ်ရရှိပြီဖြစ်ကြောင်းသိရသည်။

EV တက္ကစီ ယာဉ်များအနေဖြင့် ခရီးစဉ်အစမှအဆုံးအထိ သက်တောင့်သက်သာစီးနင်းလိုက်ပါနိုင်ခြင်း ၊A/C ကို ခရီးအစအဆုံးရရှိခြင်း ၊ ဆူညံမှုကင်းဝေးကာသက်တောင့်သက်သာစီးနင်းနိုင်ခြင်းနှင့်
အိမ်တိုင်ရာရောက်ကြိုပို့ပေးခြင်းများဝန်ဆောင်မှုရရှိမည်ဖြစ်သည်ဟု ယင်းအငှားဝန်ဆောင်မှု လုပ်ငန်းက ကြေညာထားသည်။

တံတားဖွင့်ချိန် ၊ ပိတ်ချိန်နဲ့ လမ်းအခြအနေတွေကြောင့် ခရီးသည်တင် Express ကားကြီးတွေ အချိန်နဲ့ ပြေးဆွဲနေရချိန် ဒီလိုကားတွေရောက်လာတော့လဲ တချို့ခရီးသည်တွေအတွက်အဆင်ပြေတာပေါ့ ။
ကိုယ့်ဆီအရောက် လာကြိုခိုင်းလို့ရသလိုကိုယ့်အိမ်ထိအရောက်လဲ ပို့ခိုင်းလို့ရမယ်။

“ရန်ကုန် မော်လမြိုင် လမ်းတလျှောက်မြို့တွေမှာလဲ အကြောင်းအမျိုးမျိုးကြောင့် Express ကားတွေမမှီလိုက်ပဲ ပြန်ဖို့အခက်အခဲ ဖြစ်နေရင်လဲ ဒီလိုကားတွေကိုဖုန်းနဲ့ ချိတ်ဆက်ပြီး ပြန်လာလို့ရတာပေါ့။အရင်ကလဲ Probox တွေ ၊ အံစာတုံးတွေ ရှိပေမဲ့ ဒီလိုမျိုးEV တက္ကစီတွေ ထပ်ပေါ်လာတော့ ကိုယ့်စိတ်ကြိုက် ဝန်ဆောင်မှုနဲ့ စီးလို့ရလို့ ဒီလိုအပြိုင်အဆိုင်တွေ ပေါ်လာမှလဲ ကာစတန်မာတွေအတွက် ပိုအကျိုးဖြစ်စေမှာ”ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောကြားထားသည်။

ယခုလ Promotions ကာလအတွင်း ငှားရမ်းစီးနင်းသူများအတွက် ၅၀% အကျိုးခံစားခွင့်ကို ဖေဖော်ဝါရီ (၉)ရက်မှ (၁၅)ရက်အထိ ရန်ကုန်-မော်လမြိုင် တစ်ဦးလျှင် ကျပ်(၂၅၀၀၀)ဖြင့်ရရှိမည်ဖြစ်ကာ ပုံမှန်စျေးနှုန်းမှာ ရှေ့ခန်းကျပ် (၆၀,၀၀၀)နှင့် အနောက်ခန်းကျပ် (၅၀,၀၀၀)သတ်မှတ်ထားရှိကြောင်း သိရသည်။

ငှားရမ်းလိုသူများအနေဖြင့် ရန်ကုန်မြို့သခင်မြပန်းခြံ၊ အထက်ကြည့်မြင်တိုင်လမ်း ဖုန်း 09-882285228နှင့် 09-799 -093335 နှင့် မော်လမြိုင်မြို့၊အမှတ်(၄၁/က)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြိုင်သာယာရပ် ဖုန်း09-887872227 ၊ 09-755159562တို့ကို ဆက်သွယ်နိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု လန်ဒန်မြို့ရှိ မြန်မာသံအမတ်ပြော

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက ပြောကြားခဲ့သည်။ အဆိုပါပြောကြားချက်ကို မေ ၁၂ ရက်က ကျင်းပသည့် အာဆီယံ-လန်ဒန်ကော်မတီ (ASEAN London Committee-ALC) နှင့် ယူကေ-အာဆီယံစီးပွားရေးကောင်စီ (UK-ASEAN Business Council-UKABC) တို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာသံအမတ်က စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍကို ဦးစားပေးဆောင်ရွက်သင့်ကြောင်းနှင့် မြန်မာကျောင်းသားလူငယ်များ၏ အနာဂတ်အတွက် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုတိုးမြှင့်လုပ်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။ ထို့ပြင်...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ဂုဏ်ပြုပွဲ ရန်ကုန်မြို့တွင် ကျင်းပ

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ ဂုဏ်ပြုပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ သံတမန်များ၊ The Art of Living (ရန်ကုန်)မှ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များ စွာတက်ရောက်ခဲ့သည်။ ရှေးဦးစွာ အခမ်းအနားအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး နှင့် The Art of Living ဒါရိုက်တာများမှ ဆီမီးထွန်းညှိဖွင့်လှစ်ခဲ့သည်။ ထို့နောက် The...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀) ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့် ညနေပိုင်းတို့က လုံ ခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များ သည် မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်နေသည့် တ ရုတ်နိုင်ငံသား(၉၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများစွာနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ ထိရောက်အရေးယူခြင်း၊ နောက်ကွယ်မှပါဝင်ပတ်သက်သူများကိုစိစစ်ဖော်ထုတ်ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်ခြင်း၊ သိမ်းဆီးရမိပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ခြင်းတို့ကိုပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင်ဝင်ရောက်ခဲ့သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071