Thursday, July 9, 2026

တာဝန်ဖြင့် ခရီးသွားသည့် နိုင်ငံ့ဝန်ထမ်းများ၏ ခရီးစရိတ်ကို...

အမှုထမ်းအဆင့် နိုင်ငံ့ဝန်ထမ်းများအား နိုင်ငံအတွင်း ကုန်းကြောင်း၊ ရေကြောင်းနှင့် လေကြောင်းခရီးစဉ်များတွင် မည်သည့်အကြောင်းကိစ္စဖြင့်မဆို အခမဲ့ခရီးသွားလာခွင့်ပြုနိုင်ခြင်း ရှိ၊ မရှိနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်တွင် မေးမြန်းမှုအပေါ် တာဝန်ဖြင့်...

ပုသိမ်တွင် နေရောင်ခြည်နှင့် လေအားသုံးစနစ် နှစ်မျိုးစပ်၍...

ဧရာဝတီတိုင်းဒေသကြီးအတွင်း တိုးပွားလာသည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် သဘာဝဝန်းကျင်မထိခိုက်သော စွမ်းအင် (Green Energy) ကဏ္ဍ တိုးမြှင့်နိုင်ရေးအတွက် ပုသိမ်မြို့နယ်အတွင်း Galaxy...

ဘာရိန်းနှင့် ကူဝိတ်ရှိ စစ်စခန်းများကို အီရန်က...

ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘောများတိုက်ခိုက်ခံရမှုကို လက်တုန့်ပြန်သည့်အနေဖြင့် အမေရိက,က အီရန်ကို စစ်ရေးတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သောကြောင့် ဗုဒ္ဓဟူးနေ့တွင် ဘာရိန်းနှင့် ကူဝိတ်နိုင်ငံရှိ အမေရိကန်စစ်စခန်းများကို ပစ်မှတ်ထားခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်က ပြောကြားခဲ့သည်။       အတိမ်းအစောင်းမခံသော...

နတ်မောက်ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်၌ (၇၉) နှစ်မြောက်...

ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းမှတ်တမ်းဓာတ်ပုံများနှင့် ဒေသခံကလေးငယ်များ၏ ဆုရလက်ရာများကို ခင်းကျင်းပြသသွားမည် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်တွင် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထူးပြပွဲကို ကျင်းပပြသနိုင်ရန်...
HomeMoviesမီးလောင်မှုအတွင်း ဘိုးဘွားနှစ်ဦးကို အသက်စွန့်ကယ်တင်ခဲ့သူ...

မီးလောင်မှုအတွင်း ဘိုးဘွားနှစ်ဦးကို အသက်စွန့်ကယ်တင်ခဲ့သူ ဦးချိုအား ဂုဏ်ပြုဆုငွေ ချီးမြှင့်မည်

သူရဲကောင်းဆန်သည့် လုပ်ရပ်အတွက် အလှူရှင်များနှင့် လူမှုကူညီရေးအသင်းက ဂုဏ်ပြု၊ မီးဘေးသင့်မိသားစုကိုလည်း ထောက်ပံ့မည်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၌ ဖြစ်ပွားခဲ့သော ဂိုဒေါင်ဟောင်းမီးလောင်မှုအတွင်း အသက်အန္တရာယ်ကို မငဲ့ကွက်ဘဲ သက်ကြီးဘိုးဘွားဇနီးမောင်နှံအား ဝင်ရောက်ကယ်တင်ခဲ့သည့် အသက် (၆၆) နှစ်အရွယ် ဦးချိုအား အလှူရှင်များနှင့် ရွှေမေတ္တာလူမှုကူညီရေးအသင်းတို့က ဂုဏ်ပြုဆုငွေများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၆ ရက် နံနက်ပိုင်းက မန္တလေးမြို့ ၁၀၁A လမ်းနှင့် ၆၇A လမ်းထောင့်ရှိ ဂိုဒေါင်ဟောင်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားစဉ် အတွင်း၌ အစောင့်အဖြစ် နေထိုင်နေသည့် သက်ကြီးဘိုးဘွားဇနီးမောင်နှံ ပိတ်မိနေခဲ့ခြင်းဖြစ်သည်။

ထိုစဉ် အနီးအနားတွင်ရှိသော ဦးချိုက မည်သည့်အကာအကွယ်ပစ္စည်းမျှ မပါရှိဘဲ မီးခိုးနှင့် မီးတောက်များကြားသို့ သုံးကြိမ်တိုင်တိုင် စွန့်စွန့်စားစား ဝင်ရောက်ကာ အဘိုးနှင့် အဘွားတို့ကို တစ်ဦးချင်းစီ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

သို့သော် ကယ်တင်ခံခဲ့ရသည့် အဘိုးဖြစ်သူ ဦးတင်ထွန်း (၆၄ နှစ်) သည် မန္တလေးဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် မီးလောင်ဒဏ်ရာ ပြင်းထန်မှုကြောင့် ကွယ်လွန်ခဲ့ပြီး အဘွားဖြစ်သူမှာ ဆက်လက်ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ဦးချိုသည် သမန်းကုန်းဘက်တွင် သန့်ရှင်းရေးလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပြီး ညပိုင်းတွင် ကော်ဖီဆိုင် လုံခြုံရေးဝန်ထမ်းအဖြစ်လည်း လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ဦးချို၏ ရဲဝံ့စွာ အသက်စွန့်ကယ်တင်ခဲ့သည့် လုပ်ရပ်ကို ဂုဏ်ပြုသည့်အနေဖြင့် မရွှေလဲ့၏ မမကြီးမိသားစုက ဂုဏ်ပြုဆုငွေ ကျပ် (၁၀) သိန်း ချီးမြှင့်သွားမည်ဖြစ်ပြီး၊ မီးဘေးသင့် ဘိုးဘွားနှစ်ဦးအတွက်လည်း တစ်ဦးလျှင် ကျပ် (၅) သိန်းစီ၊ စုစုပေါင်း ကျပ် (၁၀) သိန်း ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တာဝန်ဖြင့် ခရီးသွားသည့် နိုင်ငံ့ဝန်ထမ်းများ၏ ခရီးစရိတ်ကို နိုင်ငံတော်မှ ကျခံပေးလျက်ရှိဟု ဒုဝန်ကြီးပြော

အမှုထမ်းအဆင့် နိုင်ငံ့ဝန်ထမ်းများအား နိုင်ငံအတွင်း ကုန်းကြောင်း၊ ရေကြောင်းနှင့် လေကြောင်းခရီးစဉ်များတွင် မည်သည့်အကြောင်းကိစ္စဖြင့်မဆို အခမဲ့ခရီးသွားလာခွင့်ပြုနိုင်ခြင်း ရှိ၊ မရှိနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်တွင် မေးမြန်းမှုအပေါ် တာဝန်ဖြင့် ခရီးသွားသည့် နိုင်ငံ့ဝန်ထမ်းများ၏ ခရီးစရိတ်ကို နိုင်ငံတော်က ကျခံပေးလျက်ရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။ ဇူလိုင် ၈ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့တွင် ကလောမဲဆန္ဒနယ်မှ ဒေါက်တာနန္ဒာလှမြင့်က အမှုထမ်းအဆင့် နိုင်ငံ့ဝန်ထမ်းများအား တာဝန်ဖြင့်ဖြစ်စေ၊ အခြားမည်သည့်အကြောင်းကိစ္စဖြင့်ဖြစ်စေ အခမဲ့ခရီးသွားလာခွင့် စီမံဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊...

ပုသိမ်တွင် နေရောင်ခြည်နှင့် လေအားသုံးစနစ် နှစ်မျိုးစပ်၍ လျှပ်စစ်မဂ္ဂါဝပ် (၁၀၀) ထုတ်လုပ်မည့် စီမံကိန်းကြီး စတင်အကောင်အထည်ဖော်နေ

ဧရာဝတီတိုင်းဒေသကြီးအတွင်း တိုးပွားလာသည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် သဘာဝဝန်းကျင်မထိခိုက်သော စွမ်းအင် (Green Energy) ကဏ္ဍ တိုးမြှင့်နိုင်ရေးအတွက် ပုသိမ်မြို့နယ်အတွင်း Galaxy Red Star ကုမ္ပဏီလီမိတက်က နေရောင်ခြည်စွမ်းအင်သုံး (Solar Powerplant) နှင့် လေအားလျှပ်စစ်သုံး (Wind Turbine Power Plant) စနစ်နှစ်မျိုးစပ်၍ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် (၁၀၀) တိတိ ထုတ်လုပ်ရရှိရေးအတွက် စတင်ပြင်ဆင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီက လုပ်ငန်းများ ဆောင်ရွက်နေသည့် အစီအစဉ်များနှင့်...

ဘာရိန်းနှင့် ကူဝိတ်ရှိ စစ်စခန်းများကို အီရန်က လက်တုန့်ပြန် တိုက်ခိုက်

ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘောများတိုက်ခိုက်ခံရမှုကို လက်တုန့်ပြန်သည့်အနေဖြင့် အမေရိက,က အီရန်ကို စစ်ရေးတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သောကြောင့် ဗုဒ္ဓဟူးနေ့တွင် ဘာရိန်းနှင့် ကူဝိတ်နိုင်ငံရှိ အမေရိကန်စစ်စခန်းများကို ပစ်မှတ်ထားခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်က ပြောကြားခဲ့သည်။       အတိမ်းအစောင်းမခံသော အပစ်အခတ်ရပ်စဲရေးအပေါ် နောက်ဆုံးထိုးနှက်ချက်အဖြစ် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဘာရိန်း၏ ပဉ္စမရေတပ်ခရိုင် ဘန်ဒါဆယ်လ်မန်နှင့် ကူဝိတ်ရှိ အလီအယ်လ်ဆာလမ်လေတပ်စခန်းရှိ အမေရိက၏ အဓိကစစ်စခန်းများကို ဒုံးကျည်နှင့် ဒရုန်း ပူးတွဲစစ်ဆင်ရေးတစ်ခုပြုလုပ်ခဲ့ကြောင်းနှင့် စစ်ဆင်ရေးကို ဝင်ရောက်နှောင့်ယှက်ရန်ကြိုးပမ်းသည် အမေရိက MQ-9 ဒရုန်းတစ်စင်းကို ပစ်ချခဲ့ကြောင်း အစ္စလာမ်မစ်အစောင့်တပ်က ပြောကြားခဲ့သည်။        ဘာရိန်းနှင့် ကူဝိတ်တွင် လေကြောင်းတိုက်ခိုက်မှု သတိပေးဥသြသံများ ထွက်ပေါ်ခဲ့ပြီး လေကြောင်းကာကွယ်ရေးစနစ်များသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071