ကျွန်တော့် ကမ္ဘာဟာ မှောင် အတိကျနေတယ်။ ကျွန်တော် ဘာကိုမျှမမြင်ရပါဘူး။ ညဟာ နက် မှောင်နေပြီး ကမ္ဘာကြီးကတော့ မဟူ ရာပါ။ မိုးကောင်းကင်ဟာ မင်တွေ ပိန်းပိတ်အောင် ရေးခြယ်ထားသလို ပါပဲ။ ကျွန်တော့်ကမ္ဘာဟာ မှောင်နေ တော့ ကျွန်တော်ဘယ်ကိုမှ သွားလို့ မရဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အမှောင်ထဲမှာ ရွေ့လျားနေတဲ့ ကျွဲ အုပ်ကြီး အကြောင်းကို ကျွန်တော် ကြားဖူးထားလို့ပါ။ ညဥ့်ရဲ့ ဧကရီဟာ အနက်ရောင်ဝတ်စုံနဲ့ ကျွဲအုပ်ကြီး ထိန်းကျောင်းလို့ မောင်းနှင်လှည့် လည်လေ့ရှိတယ်လို့ လူကြီးသူမတွေ က ဆိုကြတယ်။ ဘာပဲဖြစ်ဖြစ် ကျွန် တော်ဟာ အမှောင်ထုကြီးထဲမှာ တိတ်ဆိတ်လို့သာ။ အဲဒီနောက်တော့ အမှောင်ထုကြီးထဲ လဲလျောင်းရင်း ကျွန်တော်အိပ်ပျော်သွားခဲ့တာ။ ကျွန် တော်အိပ်ပျော်သွားတာ အကြာကြီး ပဲ။ နိုးလာတော့ ဘေးဆီမှာ မီးထွန်း သမားကို ကျွန်တော်မြင်ရတယ်။ မီး ထွန်းသမားဟာ သူ့လက်ထဲမှာ မီး တိုင်ကိုကိုင်ပြီး ရပ်နေတယ်။ မီးတိုင် ထိပ်မှာ မီးလျှံဟာ ထွန်းလင်းလို့။ ကျွန်တော်ဟာ မီးထွန်းသမားကိုကြည့် ပြီး ခင်ဗျားဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲလို့ မေးလိုက်တယ်။ မင်းကမ္ဘာက သိပ်မှောင်တာကိုး ငါ ရောက်လာရတာပေါ့လို့ မီးထွန်း သမားက ဖြေတယ်။ မင်းအိပ်ပျော် နေတာ အကြာကြီးပဲလို့ မီးထွန်း သမားက ဆက်ပြောတယ်။ ကျွန် တော်အခုနိုးပြီ ဒါဟာမှန်ပါတယ်။ မီး ထွန်းသမားဟာ သူ့လက်ထဲမှာ မီး တိုင်ကို မြဲမြဲမြံမြံဆုပ်ကိုင်ထားတယ်။ မဟူရာကမ္ဘာကြီးဟာ ခုတော့ မီး ရောင် တလက်လက်နဲ့။ မင်းရဲ့ အမှောင်ခေတ်ကုန်ဆုံးပြီ။ ငါလည်း မအိပ်စက်ရတာ ညတွေများပြီ။ မီး ထွန်းသမားဟာ အဲဒီလိုပြောပြီး မီး တိုင်ကို ငြှိမ်းလိုက်တယ်။ ပြီးတော့ မဟူရာမြေသားပြင်ထက်မှာ လျှောင်း စက်တယ်။ မီးထွန်းသမားဟာ အိပ် ပျော်နေတယ်။ ကမ္ဘာဟာ မှောင်အတိ ကျရပြန်ပေါ့။ မဟူရာမြေသားပြင်ထက်မှာ ညရဲ့ဧကရီဟာ အနက်ရောင်ဝတ်စုံနဲ့ ကျွဲအုပ်ကြီးကိုကျောင်းလို့ ကျီးကန်းတွေက ပျံဝဲလို့ မီးသွေးဖုတ်သူ ကပ်္ပလီတွေဟာ မီးသွေးတောင်းကို ရွက်ပြီး တရွေ့ရွေ့ သွားလို့ သူတို့ ကလေးတွေက သြဇာစေ့တွေနဲ့ ဇယ်တောက်လို့ မိုးကောင်း ကင်ဟာ မင်တွေပိန်းပိတ်အောင် ရေးခြယ်ထားလျှက်ပဲ။ မီးထွန်းသမားက ပြောခဲ့တယ်။ အမှောင်ခေတ်ကုန်ဆုံးပြီတဲ့။ အနက်ရောင် သူငယ်အိမ်ထဲမှာ မဟူရာကမ္ဘာကြီးကို ထင်းထင်း မြင်နေရတာပါ။ အားလုံးကသက်ဝင်နေတာ။
နေမျိုး
