Home Movies မိုးမကျမီကာလအတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်နိုင်ရေးနှင့် စက်သုံးဆီအချိန်မီရရှိစေရေး၊ သွင်းအားစုများအချိန်မီရရှိစေရေး ဧရာဝတီတိုင်းဝန်ကြီးချုပ် မှာကြား

မိုးမကျမီကာလအတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်နိုင်ရေးနှင့် စက်သုံးဆီအချိန်မီရရှိစေရေး၊ သွင်းအားစုများအချိန်မီရရှိစေရေး ဧရာဝတီတိုင်းဝန်ကြီးချုပ် မှာကြား

0
69

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မိုးမကျမီကာလအတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မိုးမကျမီကာလအတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်နိုင်ရေး နှင့်စက်သုံးဆီအချိန်မီရရှိစေရေး၊ သွင်းအားစုများအချိန်မီရရှိစေရေး ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က မှာကြားခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မိုးမကျမီကာလအတွင်း သဘာဝဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၀ ရက် ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁)တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီးသည် သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်ရင်ဆိုင်နေရသည့် တိုင်းဒေသကြီး ဖြစ်ကြောင်း၊ ဆည်၊ မြောင်း၊ တာတမံများ၊ ရေငံတားတာများလည်း များပြားသည့်အတွက် ဆည်၊ တာတမံများ၏ ကြံ့ခိုင်ရေး၊ ယိုစိမ့်မှုများ၊ ကျိုးပေါက်မှုများ မဖြစ်စေရေးကိုလည်း စစ်ဆေး ဆောင်ရွက်ရန်လိုကြောင်း၊ ဧရာဝတီမြစ်၊ ငဝန်မြစ်စသည့်မြစ်ချောင်းပေါများရာလည်းဖြစ်တဲ့အတွက်ကမ်းပြိုမှု ကာကွယ်ရေးလုပ်ငန်းများကိုလည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်လိုပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ အနေဖြင့်လည်း အရည်အသွေး ပြည့်မှီနေဖို့လိုကြောင်း သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ ဒေသအလိုက် လုပ်ငန်းဆောင်ရွက်မှုများနှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မည့်အစီအမံများ စီစဉ်ဆောင်ရွက် ထားရှိရန်လိုပါ ကြောင်း ပြောကြားသည်။

ထို့ပြင် လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်စေရေး၊ မိုးရာသီကာလအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေး၊ စက်သုံးဆီအချိန်မီရရှိစေရေး၊ သွင်းအားစုများအချိန်မီရရှိစေရေး၊ စာရင်းဇယားများ တိကျမှန်ကန်မှု ရှိစေရေးအလေးထားဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here