Tuesday, May 5, 2026

မြန်မာနိုင်ငံတစ်ဝှမ်းရှိ သားဖွားဆရာမများ၏ သတ္တိနှင့် စွမ်းဆောင်ရည်ကို...

​မကွေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်မြောက်ပိုင်းအထိ ဒေသအသီးသီးရှိ သား ဖွားဆရာမများသည် နေရပ်စွန့်ခွာတိမ်း ရှောင်ရမှုများ၊ ပဋိပက္ခများနှင့် ယခင်နှစ်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအကြားတွင်အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု...

MAPCO မှ တည်ဆောက်ရေးနှင့် စီမံကိန်းလုပ်ငန်းများအတွက်...

မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက် (MAPCO) သည် အမျိုးမျိုးသော စီမံကိန်းနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် စိတ်ပါဝင်စားသည့် ကုမ္ပဏီများအား Expression of Interest (EOI)...

အိန္ဒိယနှင့်ရုရှားတို့တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာနှင့်သင်္ဘောများ အပြန်အလှန် ဖြန့်ကျက်ချထားရန်သဘောတူညီခဲ့

မေ ၅ ရက် ယူအင်န်အင်န် သတင်းဌာန၏ ဖော်ပြချက်အရ ၂၀၂၆ ခုနှစ် မေလ ၅ ရက်တွင် ရုရှားနှင့် အိန္ဒိယတို့သည် တစ်နိုင်ငံ၏...

နည်းပြချုပ်သစ်နှင့်အတူ ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်း ရာသီသစ်အတွက်...

၂၀၂၆-၂၇ ရာသီ Myanmar Women League (MWL) အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် အောင်မြင်မှုရယူနိုင်ရန်အတွက် ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းအနေဖြင့် လေ့ကျင့်ပြင်ဆင်မှုများစတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ ယခုနှစ်ရာသီအတွက်...
HomeNewsLocal Newsမိုးကြိုကာလ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး...

မိုးကြိုကာလ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ရွှေမေတ္တာအသင်းနှင့် ပရဟိတအဖွဲ့များ ရေပြင်သက်ကယ်လေ့ကျင့်မှုပြုလုပ်

မိုးကြိုကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်နိုင်ရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ပြင်ဆင်မှု လေ့ကျင့်ရေးသင်တန်း (၁/၂၀၂၆) ကို ရွှေမေတ္တာလူမှုကူညီရေးအသင်းမှ ဦးဆောင်၍ ရွှေပြည်သာမြို့နယ်ရှိ D elight ရေကူးကန်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း အဆိုပါ အစသင်းထံက သိရသည်။

အဆိုပါသင်တန်းသို့ မြို့နယ်အသီးသီးမှ ပရဟိတမောင်နှမ (၄၇) ဦးနှင့်နည်းပြများအနေဖြင့် Myanmar Rescue မှ ဆရာဦးမောင်မောင်သန့်၊ ဆရာကိုတိုးအောင်နှင့် ရွှေမေတ္တာအသင်းမှ မရွှေလဲ့တို့က နည်းပြအဖြစ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လေ့ကျင့်ရေးအနေဖြင့် ရေပြင်လှုပ်ရှားမှုနှင့် ကူညီကယ်ဆယ်ရေးစနစ်များ၊ လူနာသယ်ဆောင်နည်း၊ ရေပြင်သက်ကယ်နည်း စနစ်များ၊ ကြိုးချည်နည်းနှင့် Hydr aulic Tools များအပါအဝင် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများလက်တွေ့အသုံးချနည်းများကို လေ့ကျင့်ခဲ့ကြကြောင်းသိရသ ည်။

သင်တန်းတွင် ဆန်ရေ (သင်္ဃန်းကျွန်း/တာမွေ)၊ အဖြူရောင်ကမ်းလက် (ကျောက်တံတား)၊ မေတ္တာရိပ် (လှိုင်သာ ယာ)၊ KTA (မရမ်းကုန်း)၊ ခေတ်သစ်လူငယ် (ရွှေပြည်သာ)၊ ကြယ်စင်မေတ္တာ (အင်းစိန်)၊ အနာဂတ် (အင်းစိန်)၊ ရွှေပြည်သာအရန်မီးသတ်နှင့် Myanmar EMS Network 2999 Channel တို့ပါဝင်ခဲ့ကြကြောင်း သိရသည်။

သင်တန်းအတွက် လိုအပ်သည့် ကုန်ကျစရိတ် ငွေကျပ် (၉)သိန်းကို ကို ZB နှင့် မရွှေရုပ် (The Classy Branded Collec tions)တို့မှ ပံ့ပိုးပေးခဲ့ပြီး၊ နေ့လယ်စာ အာဟာရအ တွက် Media Queen မှ မေတ္တာဖြင့် ကူညီလှူဒါန်းခဲ့ကြောင်း မျှဝေထားသည်။

ရွှေမေတ္တာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ မရွှေလဲ့က “သဘာဝဘေးဒ-ဏ်ကြုံခဲ့လျှင် ပြည်သူများကို အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်နိုင်ရန်” ယခုကဲ့သို့ ကြို တင်ပြင်ဆင်မှုများကိုအလေးထားဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆိုထားသည်။

ဓာတ်ပုံ-မရွှေလဲ့

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံတစ်ဝှမ်းရှိ သားဖွားဆရာမများ၏ သတ္တိနှင့် စွမ်းဆောင်ရည်ကို ကုလသမဂ္ဂ ဂုဏ်ပြု​​ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသားဖွားဆရာမများ‌နေ့ (Interna tional Day of the Midwife)တွင် မြန်မာ နိုင်ငံတစ်ဝှမ်းရှိ စိန်ခေါ်မှုများကြားမှ တာ ဝန်ထမ်းဆောင်နေကြသော သားဖွားဆရာမများ၏ ချီးကျူးဂုဏ်ပြုထိုက်သည့် သတ္တိနှင့် စွမ်းဆောင်ရည်များကို ကုလသမဂ္ဂ...

​မကွေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်မြောက်ပိုင်းအထိ ဒေသအသီးသီးရှိ သား ဖွားဆရာမများသည် နေရပ်စွန့်ခွာတိမ်း ရှောင်ရမှုများ၊ ပဋိပက္ခများနှင့် ယခင်နှစ်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအကြားတွင်အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု ဖော်ပြထားသည်။ ၎င်းတို့သည် မည်သည့်မိခင်တစ်ဦးတစ်ယောက်မျှ မီးဖွားစဉ်ခံစားရသည့် ဝေဒ နာကို တစ်ကိုယ်တည်း မရင်ဆိုင်ရစေရန်နှင့် ဘေးကင်းလုံခြုံစွာမီးဖွားနိုင်ရန် အ စွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးနေကြသူများဖြစ်သည်ဟု ဆိုထားသည်။ ​ယခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ကိုယ်ဝန် ဆောင်မိခင်ပေါင်း ၄၀၀,၀၀၀ ကျော် မှာ အသက်ကယ်ဆယ်ရေးစောင့်ရှောက်မှုများ အရေးပေါ်လိုအပ်လျက်ရှိပြီး ထိုသို့သောအခြေအနေတွင် သားဖွားဆရာမများသည် ကျန်းမာရေးဝန်ထမ်းများ အ ဖြစ်သာမက အားကိုးရာမဲ့နေသူများ...

MAPCO မှ တည်ဆောက်ရေးနှင့် စီမံကိန်းလုပ်ငန်းများအတွက် EOI ဖိတ်ခေါ်

မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက် (MAPCO) သည် အမျိုးမျိုးသော စီမံကိန်းနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် စိတ်ပါဝင်စားသည့် ကုမ္ပဏီများအား Expression of Interest (EOI) တင်ပြရန် ဖိတ်ခေါ်ထားသည်။ ဖိတ်ခေါ်ထားသည့် စီမံကိန်းများမှာ ရန်ကုန်တိုင်းဒေသကြီး သီလဝါစီမံကိန်းအတွင်းရှိ ဆိပ်ကမ်းနှင့် သိုလှောင်ရုံ အဆောက်အဦများ၏ Civil Works နှင့် Steel Structure တည်ဆောက်ရေးလုပ်ငန်းများ၊ လျှပ်စစ်နှင့် Solar တပ်ဆင်ခြင်းလုပ်ငန်းများ ပါဝင်သည်။ ထို့အပြင် နေပြည်တော်ရှိ ဆန်စက်နှင့် ဆီစက်စီမံကိန်းအတွက် အဆောက်အဦ တည်ဆောက်ရေးနှင့် လျှပ်စစ်/ Solar တပ်ဆင်ခြင်းလုပ်ငန်းများကိုလည်း...

အိန္ဒိယနှင့်ရုရှားတို့တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာနှင့်သင်္ဘောများ အပြန်အလှန် ဖြန့်ကျက်ချထားရန်သဘောတူညီခဲ့

မေ ၅ ရက် ယူအင်န်အင်န် သတင်းဌာန၏ ဖော်ပြချက်အရ ၂၀၂၆ ခုနှစ် မေလ ၅ ရက်တွင် ရုရှားနှင့် အိန္ဒိယတို့သည် တစ်နိုင်ငံ၏ နယ်မြေအတွင်းသို့ တစ်နိုင်ငံက တပ်ဖွဲ့ဝင်များနှင့် စစ်သင်္ဘောများကိုဖြန့်ကျက်ချထားခွင့်ပြုသည့် သဘောတူညီချက်တစ်ရပ်ကို ချုပ်ဆိုခဲ့ကြသည်။ ယင်းသဘောတူညီချက်အရ အိန္ဒိယတွင် ရုရှားတပ်ဖွဲ့များ ထားရှိရန်နှင့် ရုရှားတွင် အိန္ဒိယတပ်ဖွဲ့များထားရှိရန် ဖြစ်သည်။ အဆိုပါသတင်းကို asia.nikkei.com ၏ ဖော်ပြချက်အား ကိုးကား၍ ယူအင်န်အင်န်သတင်းဌာနက သတင်း ဖေါ်ပြခဲ့ခြင်း ဖြစ်သည်။ အဆိုပါသဘောတူညီချက်တွင် စစ်အခြေစိုက်စခန်းများ၊ ဆိပ်ကမ်းများနှင့် လေယာဉ်ကွင်းများကို ပူးတွဲအသုံးပြုခွင့်ပေးရန်သာမက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071