Friday, April 24, 2026

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြု ပြင်မွမ်းမံနေ

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ယနေ့ ဧပြီ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဝန်ကြီးချုပ်က...

ပြင်ဦးလွင်မြို့တွင် နေအိမ်မီးလောင်မှုဖြစ် အမျိုးသား (၁)ဦးမီးလောင်ဒ_ဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ယနေ့ ဧပြီ ၂၃ ရက်ညနေ ၄ နာရီကျော်ခန့်က နေအိမ်တစ်လုံး၌မီးလေ_ာင်မှုဖြစ်ပွားခဲ့ကြောင်း ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းထံမှ သိရသည်။ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၈)ရှိ နေအိမ်တစ်လုံးတွင်မီးလေ_ာင်မှုဖြစ်ပွား၍...
HomeEntertainmentBusinessမိဘ ဆရာသမားတို့ရဲ့ ခြေရာ...

မိဘ ဆရာသမားတို့ရဲ့ ခြေရာ လက်ရာတွေကို အမှတ်တရ သိမ်းထားနိုင်ဖို့ ထုလုပ်ပေးနေတဲ့ ကိုအောင်ကျော်ထွန်း

မိဘတွေရဲ့ ခြေရာ၊လက်ရာ တွေကို တမြတ်တနိုးတန်ဖိုးထား သိမ်းဆည်းထားချင်ကြတဲ့ သူတွေ အတွက် ခြေရာလက်ရာပုံတူတွေကို ပန်းပုပညာရှင်ကိုအောင်ကျော်ထွန်းက ထုလုပ်ပေးလျက်ရှိပါတယ်။ ခြေရာလက်ရာတွေကို ဖိုက်ဘာ၊ ကြေး၊ရွှေစသဖြင့် ပုံစံအမျိုးမျိုးနဲ့ ထုပ်လုပ်ပေးလျက်ရှိပါတယ်။

“ဆရာတော်ကြီးတွေရဲ့ ခြေရာ တွေ မိဘခြေရာတွေ ဆရာသမား တွေရဲ့ ခြေရာတွေကို တချို့တွေ လည်း အိမ်မှာထားချင်ကြလိမ့်မယ်။ ထားချင်ကြမယ့်လူတွေအတွက် ဒါလေးတွေလုပ်နေပြီဆိုတာကို ဖေ့စ်ဘွတ်ခ်ကနေ ကြေညာလိုက် တယ်။ တော်တော်များများမှာကြ တယ်။ ဖိုက်ဘာကိုမှ ရွှေပြန်လုပ် ထားတာရှိမယ်။ တချို့ကျတော့ လည်း ဖိုက်ဘာကို ကိုယ့်ဘာသာ ကိုယ်စစ်ဆေးသုတ်ပြီးတော့ ရွှေဆိုင်း ချတဲ့ လူတွေလည်းရှိတယ်။ ပြီးတော့ ကြေးအစစ်နဲ့လုပ်လို့လည်းရတယ်။ ပိုက်ဆံသိပ်ချမ်းသာလို့ ရွှေအစစ်နဲ့ လုပ်လို့လည်း ရပါတယ်။ ထုကိုတော့ အတတ်နိုင်ဆုံး ပါးအောင်လုပ်ပြီး တော့ ရွှေ ဘယ်လောက်သားလောက် ကုန်မလဲဆိုတာ သေချာတွက်ပြီး တော့လုပ်ပေးပါတယ်။ ကျွန်တော့်မှာ…

နည်းပညာတွေကတော့ အများကြီးရှိ ပါတယ်။ ငွေလိုက်နိုင်မှု၊ မလိုက်နိုင်မှု အပေါ်မူတည်ပြီးတော့ ပြုလုပ်ပေးပါ တယ်” လို့ ကိုအောင်ကျော်ထွန်းက ပြောပါတယ်။ ဈေးနှုန်းကိုလည်း အတတ်နိုင်ဆုံးနဲ့ အဆင်ပြေဆုံးဖြစ် အောင် လုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။ ကိုအောင်ကျော်ထွန်းက ပန်းပုပိုင်း နဲ့ ပတ်သက်လို့လည်း အကယ်ဒမီဒွေး ရဲ့ပုံတူကို ပန်းပုထုလုပ်လျက်ရှိပါ တယ်။ အကယ်ဒမီဒွေးရဲ့ ပုံတူကို တော့ သရုပ်ဆောင်ဇွဲနိုင်ဝင်းက အပ်နှံထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ – မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြု ပြင်မွမ်းမံနေ

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ယနေ့ ဧပြီ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဝန်ကြီးချုပ်က စေတီတော်မြတ်ကြီးအား ယခုအခါ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ စေတီတော်မြတ်ကြီးရေရှည်တည် တံ့ခိုင်မြဲစေရေးနှင့် ငလျင်ဒဏ်ခံနိုင်စေရေးအတွင်းလှိုင်ခေါင်းကြံ့ခိုင်မှုပြင်ဆင်ခြင်းကို ဆောင်ရွက်နေဆဲကာလဖြစ်သည်ဟု ပြောသည်။ ထို့ကြောင့် မိုးရာသီမရောက်မီ စံချိန်စံညွှန်းနှင့်အညီ အ ချိန်မီပြီးစီးရေး တာဝန်ရှိသူအဆင့်ဆင့်မှ အနီးကပ်ကြီး ကြပ်ရမည်ဖြစ်ကာ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံရာတွင် အများပြည်သူ၏ လှူဒါန်းငွေများဖြင့်ဆောင်ရွက်ခြင်းဖြစ်၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများအတိုင်း စနစ်တကျသုံးစွဲရန် ရင်ပြင်တော်ပေါ်ရှိတည်ဆောက်ပြီးလုပ်ငန်းများအား လုံး ရေရှည်တည်တံ့စေရေး အားလုံးဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ရန်လည်း မှာကြားခဲ့ကြောင်း...