Saturday, June 13, 2026

ဆေးဝါးကုန်ကြမ်း ၃၆၅ မျိုး အခွန်ကင်းလွတ်ခွင့်ပြုနိုင်ရေး...

နိုင်ငံတော်ပိုင် ဆေးဝါးလုပ်ငန်းရှိ ဆေးဝါးစက်ရုံများတွင် အသုံးပြုလျက်ရှိသော ဆေးဝါးကုန်ကြမ်း ၃၆၅ မျိုးအား ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး...

ကမ္ဘာ့ဖလား ဖွင့်ပွဲစင်မြင့်ပေါ် တက်ရောက်ဖျော်ဖြေသည့် ပထမဆုံး...

ထိုင်းနိုင်ငံက ကမ္ဘာကျော် အဆိုတော် လီဆာသည် ကမ္ဘာ့ဖလားပြိုင်ပွဲကြီး၏ ဖွင့်ပွဲအခမ်းအနားတွင် ဖျော်ဖြေခွင့်ရရှိသည့် ပထမဆုံး အရှေ့တောင်အာရှ အနုပညာရှင်အဖြစ် သမိုင်းမှတ်တမ်းသစ်တစ်ခု ရေးထိုးနိုင်ခဲ့သည်။ ဇွန်လ (၁၂)...

နယ်မြေအခြေအနေနှင့် ခရီးသွားလာရေးအခက်အခဲများကြောင့် ထမံသီဘေးမဲ့တောသို့ လာရောက်မည့်...

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်အတွင်းရှိ ထမံသီဘေးမဲ့တောသို့ လာရောက်လေ့လာလိုသည့် ခရီးသွားများရှိနေသော်လည်း နယ်မြေအခြေအနေမတည်ငြိမ်မှုနှင့် ခရီးသွားလာရေးအခက်အခဲများကြောင့် လုံခြုံရေးအာမမခံနိုင်သဖြင့် ခရီးစဉ်များကို ငြင်းပယ်နေရကြောင်း ဒေသခံများထံမှ သိရသည်။ ထမံသီဘေးမဲ့တောသည် ယခင်က...

မုတ်သုံလေအားကောင်းနေသဖြင့် ကချင်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ...

ကျောက်စိမ်းနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများ မြေစာပုံအနီးလုပ်ငန်းခွင်ဝင်သူများ သတိပြုရန် အကြံပြု ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း ဒေသများတွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့် လာမည့် ၄ ရက်မှ ၅...
HomeNewsLocal Newsမဟာလောကသရဖူဘုရားကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် စနစ်တကျသုတေသနပြုထိန်းသိမ်းဆောင်ရွက်ရန်...

မဟာလောကသရဖူဘုရားကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် စနစ်တကျသုတေသနပြုထိန်းသိမ်းဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

မန္တလေးတိုင်း၊ အင်းဝမြို့ဟောင်းရှိ မဟာလောကသရဖူဘုရားကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် စနစ်တကျသုတေသနပြုထိန်းသိမ်းဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့မှဖေဖော်ဝါရီ ၇ ရက်က ဘုရားကြီးအားသွားရောက်ဖူးမြှော်ကြည်ညိုစဉ် တာဝန်ရှိသူများအား မှာကြားခဲ့ခြင်းဖြစ်သည်။

ဘုရားကြီး၏ အတွင်းဘက်နံရံများပေါ်ရှိ မှန်စီ ရွှေချထားသည်များမှာ ခေတ်ကာလကြာမြင့်ပြီဖြစ်ပြီး ယိုယွင်းပျက်စီးမှုများဖြစ်ပေါ်လျက်ရှိ၍ မူလလက်ရာမပျက်ပြန်လည်မွန်းမံသွားရမည်ဖြစ်ပြီး ဘုရားကြီးရင်ပြင်တော် မျက်နှာပြင်ညီညာမှုရှိစေရေးနှင့် ရေဝင်ရေထွက်ကောင်းမွန်ကာ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် စနစ်တကျပြန်လည်သုတေသနပြုဆောင်ရွက်ရမည်ဟု မှာကြားသည်။

ထို့ပြင် ရှေးဟောင်းသာသနိကအဆောက်အအုံများကိုလည်း စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကာ ဘုရားကြီးပတ်ပတ်လည်ရှိ ဆွမ်းလောင်းစောင်းတန်းများကိုလည်း မူလလက်ရာမပျက် ပြန်လည်ပြုပြင်ခြင်း၊ မွန်းမံခြင်းများကို ဆောင်ရွက်သွားရမည်ဟု မှာကြားသည်။

” ရှေးဟောင်းလက်ရာနဲ့ ရှေးဟောင်းယဉ်ကျေးမှု အမူအကျင့်တွေကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရပါမယ်။ ဒါ့အပြင် ဘုရားကြီးနဲ့သာသနိကအဆောက်အဦးတွေကို နေ့ညမပြတ်ဆီမီးပူဇော်နိုင်ဖို့ ဆိုလာလျှပ်စစ်မီးနဲ့ ဆက်ကပ်ပူဇော်နိုင်ဖို့စီစဉ်ဆောင်ရွက်ပေးသွားရပါမယ်”ဟု နစက ဥက္ကဋ္ဌက မှာကြားသည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့် ဇနီးတို့သည် အုတ်ပြဿဒ်တော်အတွင်းရှိ မဟာလောကသရဖူဘုရားကြီးနှင့် အုတ်ပြဿဒ်၏အနောက်ဘက်ကပ်ရက်တွင်တည်ထားပူဇော်သည့် မဟာလောကသင်း ကျစ်စေတီတော်မြတ်ကြီးတို့အား ဖူးမြှော်ကြည်ညိုပြီး ပရဝုဏ်တော်အတွင်းရှိ သာသနိကအဆောက်အအုံများထိန်းသိမ်းထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီးနောက် ဘက်စုံအလှူငွေများပေးအပ်လှူဒါန်းခဲ့ကြသည်။

မဟာလောကသရဖူဘုရားကြီးအား ဒုတိယအင်းဝခေတ် ညောင်ရမ်းမင်းဆက်(၉)ဆက်မြောက်ဖြစ်သည့် ဆင်ဖြူရှင်တနင်္ဂနွေမင်းကြီးက အေဒီ ၁၇၃၀ ၊ သက္ကရာဇ် ၁၉၀၂ ခုနှစ်တွင် စတင်တည်ထားခဲ့ပြီး မပြီးစီးမီနတ်ရွာစံခဲ့သဖြင့် သားတော်ဓမ္မရာဇာဓိပတိကြာသာပတေးမင်း ဟံသာဝတီရောက်မင်းက အေဒီ ၁၇၃၃ ၊ သက္ကရာဇ် ၁၀၉၅ ခုနှစ်တွင် ဆက်လက်ထုလုပ်ခဲ့ကာ အုတ်ပြဿဒ်ဖြင့်တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လောကသရဖူဘုရားကြီးသည် တစ်လုံးတည်းသောစကျင်ကျောက်သားကြီးအား မြေအောက်တစ်ဝက်၊ မြေပေါ်တစ်ဝက်စိုက်ထူကုထုလုပ်ပူဇော်ခဲ့ခြင်းဖြစ်ပြီး ဉာဏ်တော်အမြင့် ၁၈ တောင် ၁ မိုက်၊ တင်ပလ္လင်ခွေတော်အကျယ် ၁၂ တောင် ၁ မိုက်ရှိပြီး အလေးချိန် ၄၉၀ ဒသမ ၃၆ တန်ရှိကာ ဘုရားကြီး၏ အုတ်ပြဿဒ်အနောက်ကပ်ရပ်တွင် မဟာလောကသင်းကျစ်စေတီတော်ကိုလည်း တည်ထားကိုးကွယ်ထားသည်။

သက္ကရာဇ် ၁၂၀၀ ပြည့်နှစ်တွင် ငလျင်ကြီးလှုပ်ခဲ့သဖြင့် လောကသရဖူဘုရားကြီးနှင့် မဟာလောကသင်းကျစ်စေတီတော်တို့ စံပ္ပာယ်တော်မူသည့် အုတ်ပြဿဒ်တော်တို့မြေခခဲ့ပြီး မင်းတုန်းမင်းက ပြန်လည်ပြုပြင်တည်ဆောက်ခဲ့သော်လည်း မပြီးပြတ်နိုင်ခဲ့ဘဲ လက်ရှိအခြေအနေအတိုင်းဖူးတွေ့ရသည်မှာ စစ်ကိုင်းတောင်ရိုး ဒီပါအေးမြကျောင်းဆရာတော်ဦးနန္ဒသီရိက သက္ကရာဇ် ၁၃၄၂ ခုနှစ်တွင် ပြန်လည်ပြုပြင်တည်ဆောက်တော်မူခဲ့ခြင်းကြောင့်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆေးဝါးကုန်ကြမ်း ၃၆၅ မျိုး အခွန်ကင်းလွတ်ခွင့်ပြုနိုင်ရေး ညှိနှိုင်းနေ

နိုင်ငံတော်ပိုင် ဆေးဝါးလုပ်ငန်းရှိ ဆေးဝါးစက်ရုံများတွင် အသုံးပြုလျက်ရှိသော ဆေးဝါးကုန်ကြမ်း ၃၆၅ မျိုးအား ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးထွန်းအုံက ပြောကြားသည်။ ဇွန်လ ၁၂ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အခြေခံလူထု စားသောက်ကုန်နှင့် ဆေးဝါးများအပေါ် သွင်းကုန်အခွန် လျှော့ချပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ပြည်တွင်းဆေးဝါးထုတ်လုပ်မှု တိုးတက်ဖွံ့ဖြိုးစေရန်နှင့် ဆေးဝါးထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချနိုင်စေရန်အတွက် ဆေးဝါးကုန်ကြမ်း ၄၅၄ မျိုးကို ကုန်သွယ်လုပ်ငန်းခွန်...

ကမ္ဘာ့ဖလား ဖွင့်ပွဲစင်မြင့်ပေါ် တက်ရောက်ဖျော်ဖြေသည့် ပထမဆုံး အရှေ့တောင်အာရှ အနုပညာရှင်အဖြစ် မှတ်တမ်းဝင်ခဲ့သည့် လီဆာ

ထိုင်းနိုင်ငံက ကမ္ဘာကျော် အဆိုတော် လီဆာသည် ကမ္ဘာ့ဖလားပြိုင်ပွဲကြီး၏ ဖွင့်ပွဲအခမ်းအနားတွင် ဖျော်ဖြေခွင့်ရရှိသည့် ပထမဆုံး အရှေ့တောင်အာရှ အနုပညာရှင်အဖြစ် သမိုင်းမှတ်တမ်းသစ်တစ်ခု ရေးထိုးနိုင်ခဲ့သည်။ ဇွန်လ (၁၂) ရက်နေ့က အမေရိကန်နိုင်ငံ၊ လော့စ်အန်ဂျလိစ်မြို့ရှိ SoFi Stadium တွင် ကျင်းပသည့် ဖွင့်ပွဲအခမ်းအနား၌ လီဆာက “Goals” သီချင်းဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကာ အဆိုပါ ကမ္ဘာ့ဖလား ဂုဏ်ပြုသီချင်းတွင် ဘရာဇီးအဆိုတော် အနစ်တာနှင့် နိုက်ဂျီးရီးယားအဆိုတော် ရမ်မာတို့လည်း အတူပူးပေါင်း သီဆိုဖျော်ဖြေခဲ့ကြသည်။ အသက် (၂၉) နှစ်အရွယ် လီဆာသည် K-Pop အမျိုးသမီးအဖွဲ့ Blackpink...

နယ်မြေအခြေအနေနှင့် ခရီးသွားလာရေးအခက်အခဲများကြောင့် ထမံသီဘေးမဲ့တောသို့ လာရောက်မည့် ခရီးသွားများကို ငြင်းပယ်နေရ

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်အတွင်းရှိ ထမံသီဘေးမဲ့တောသို့ လာရောက်လေ့လာလိုသည့် ခရီးသွားများရှိနေသော်လည်း နယ်မြေအခြေအနေမတည်ငြိမ်မှုနှင့် ခရီးသွားလာရေးအခက်အခဲများကြောင့် လုံခြုံရေးအာမမခံနိုင်သဖြင့် ခရီးစဉ်များကို ငြင်းပယ်နေရကြောင်း ဒေသခံများထံမှ သိရသည်။ ထမံသီဘေးမဲ့တောသည် ယခင်က နိုင်ငံခြားသားခရီးသွားများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လေ့လာသူများ စိတ်ဝင်စားစွာ လာရောက်လေ့လာလေ့ရှိသည့် နေရာတစ်ခုဖြစ်ခဲ့သော်လည်း နောက်ပိုင်း ဒေသတွင်းအခြေအနေများကြောင့် လေ့လာရေးခရီးစဉ်များ ရပ်ဆိုင်းထားရခြင်းဖြစ်ကြောင်း သိရသည်။ "နယ်မြေဒေသကမတည်ငြိမ်တော့ ဒေသခံတွေတောင်အကုန်လုံးနဲ့အဆက်အသွယ်ပြတ်နေတာ။ သွားလာရေးလည်းမလွယ်ကူတော့ဘူး။ လေ့လာရေးခရီးစဥ်ဆိုပိုလို့တောင်မရဘူး။ နှမြောဖို့ကောင်းတယ်။ အရင်တုန်းက နိုင်ငံခြားသားဧည့်သည်တွေ အလွန်စိတ်ဝင်စားတဲ့နေရာ" ဟု ဧည့်လမ်းညွှန်တစ်ဦးကပြောသည်။ လက်ရှိတွင် ဟုမ္မလင်း၊ မော်လိုက်၊ ဖောင်းပြင်၊ ထမံသီနှင့် ခန္တီးဒေသများ၌ နယ်မြေအခြေအနေကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071