မတ္တရာ၊ ဇူလိုင်-၂၄
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် ပတ်ဝန်းကျင် ကျေးရွာများတွင် ပျ-က်စီးသွားသည့် ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများကို ပြန်လည်ပြင်ဆင်ပြီးနောက် လျှပ်စစ်ဓာတ်အား ပြန်လည်လွှတ်ပေးနေပြီဖြစ်ကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းထံမှ သိရသည်။
မတ္တရာမြို့နယ်အတွင်းရှိ ဓာတ်အားခွဲရုံများနှင့် လိုင်းအချို့မှာ အကြောင်းအမျိုးမျိုးကြောင့် ပြ-တ်တေ-ာက် ပျ-က်စီးခဲ့ရာမှ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဇူလိုင် ၂၃ ရက်တွင် တိုင်းဒေသကြီး တာဝန်ရှိသူများ တက်ရောက်ကာ လျှပ်စစ်ဓာတ်အား ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မတ္တရာမြို့နယ် တောင်ပြုံးဓာတ်အားခွဲရုံနှင့် မတ္တရာဓာတ်အားခွဲရုံတို့မှတစ်ဆင့် ထရန်စဖော်မာ ၁၂၆ လုံးဖြင့် ဓာတ်အားဖြန့်ဖြူးပေးနေပြီး အိမ်ထောင်စု/ပြည်သူ ၁၂,၀၀၀ ကျော် လျှပ်စစ်မီး ပြန်လည်ရရှိထားကြောင်း သိရသည်။
မီးမလင်းသေးသည့် ကျေးရွာများတွင်လည်း လျှပ်စစ်ဓာတ်အား မြန်မြန်ဆန်ဆန် ပြန်လည်ရရှိရေးအတွက် စီစဉ်ဆောင်ရွက်နေသည်ဟု ဆိုသည်။
အဆိုပါ လျှပ်စစ်ဓာတ်အား ပြန်လည်လွှတ်ပေးသည့် အခမ်းအနားအပြီးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မတ္တရာမြို့နယ်၊ ဘိုကုန်းကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) သို့ သွားရောက်ခဲ့ပြီး အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ် ရွှေကျင်ဂိတ်တွင် တပ်ဆင်ထားသည့် လူမျက်နှာမှတ်သားသိရှိမှုစနစ် (Face Recognition System – FRS) စစ်ဆေးဆောင်ရွက်နေမှု အခြေအနေများကိုလည်း သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
