Friday, July 31, 2026

လေးမျက်နှာမြို့ ရေဘေးသင့်သူများအတွက် ရေဘေးအလှူပစ္စည်းများကို ပုသိမ်ကြက်တောင်အားကစားရုံ၌လက်ခံပေးနေ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာ တာသည် ယနေ့ ဇူလိုင် ၃၁ ရက်နံနက် ၇ နာရီကကျိုး ပေါက်သွားသဖြင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့တွင်...

ငဝန်မြစ် ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နယ် ကျေးရွာအုပ်စု...

လေးမျက်နှာ၊ ဇူလိုင် ၃၁ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် ကျေးရွာအုပ်စု ၄ ခုရှိ လယ်မြေများ ရေလွှမ်းမိုးသွားခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များဖြင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း...

ဂျပန်စာအရည်အချင်းစစ် စာမေးပွဲ (JLPT) လျှောက်လွှာများ...

ရန်ကုန်၊ ဇူလိုင် ၃၁ လာမည့် ဒီဇင်ဘာလတွင် ကျင်းပမည့် ဂျပန်စာအရည်အချင်းစစ် စာမေးပွဲ (JLPT) လျှောက်လွှာများကို ဩဂုတ် ၃ ရက်မှ ၉...

“Digital First, Digital Trust...

ရန်ကုန်၊ ဇူလိုင် ၃၁ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဦးစီးကျင်းပသည့် AI နည်းပညာဆိုင်ရာ Panel Discussion ကို "Digital First, Digital...
HomeMoviesမန္တလေးသား ရိုးရာဖိုက်တာ ကျော်စွာဝင်းနှင့်...

မန္တလေးသား ရိုးရာဖိုက်တာ ကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ ကိုမာဝပ်တို့ ယှဉ်ပြိုင်ထိုးသတ်မည်

မန္တလေး၊ ဇူလိုင် ၃၁
မြန်မာ့ရိုးရာ လက်ဝှေ့ဖိုက်တာ ကျော်စွာဝင်းသည် လာမည့် ဩဂုတ် ၂၁ ရက်တွင် ကျင်းပမည့် ONE Friday Fights 167 ပြိုင်ပွဲ၌ ထိုင်းဖိုက်တာ ကိုမာဝပ်နှင့် ယှဉ်ပြိုင်ထိုးသတ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်စွာဝင်း၏ ပြိုင်ဘက် ကိုမာဝပ်သည် ONE Championship တွင် စုစုပေါင်း ၁၄ ပွဲ ထိုးသတ်ထားရာ ၇ ပွဲနိုင်၊ ၇ ပွဲရှုံး ရလဒ် ပိုင်ဆိုင်ထားပြီး ပန်ရစ်၊ ဆူးခင်၊ ယော့လဖက် စသည့် အတွေ့အကြုံရင့် ဖိုက်တာများနှင့် ရင်ဆိုင်ထိုးသတ်ဖူးသူ ဖြစ်သည်။ ၎င်းသည် နောက်ဆုံးပွဲအဖြစ် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဆမင်းဒန် (လိပ်နင်ဂျာ) နှင့် ယှဉ်ပြိုင်ခဲ့ပြီး Split Decision ဖြင့် အနီးကပ် ရှုံးနိမ့်ခဲ့သည်။
ထို့ပြင် ကိုမာဝပ်သည် ကျော်စွာဝင်း၏ ယခင်ပြိုင်ဘက် အာဝသန်နှင့်လည်း နှစ်ကြိမ် တွေ့ဆုံခဲ့ဖူးရာ တစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရလဒ် ရရှိထားသည်။ လက်ရှိတွင် ၎င်းမှာ ရှုံးပွဲ ၅ ပွဲဆက် ကြုံတွေ့ထားသော်လည်း အတွေ့အကြုံနှင့် စွမ်းဆောင်ရည် ကောင်းမွန်သည့် ဖိုက်တာတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။
ကျော်စွာဝင်းနှင့် ကိုမာဝပ်တို့ နှစ်ဦးစလုံးသည် လက်သီးအားပြု တိုက်ခိုက်လေ့ရှိသဖြင့် အပြန်အလှန် ဖိအားပေးသည့် အကြိတ်အနယ် ပွဲစဉ်တစ်ပွဲ ဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားကြပြီး အဆိုပါပွဲသည် ONE Friday Fights 167 ၏ ခေါင်ပွဲအဖြစ် ကျင်းပနိုင်ဖွယ်ရှိကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေးမျက်နှာမြို့ ရေဘေးသင့်သူများအတွက် ရေဘေးအလှူပစ္စည်းများကို ပုသိမ်ကြက်တောင်အားကစားရုံ၌လက်ခံပေးနေ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာ တာသည် ယနေ့ ဇူလိုင် ၃၁ ရက်နံနက် ၇ နာရီကကျိုး ပေါက်သွားသဖြင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့တွင် မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း ဧရာဝတီတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။ ထို့ကြောင့် မြစ်ရေဝင်ရောက်လျက်ရှိသည့် အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အ မှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ ဂျမ်းကုန်းကျေး ရွာ၊ ကျွန်းတဲကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာနှင့် ညောင် ပင်ဝဲကျေးရွာတို့မှ ရေဘေးသင့်သူများအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းဝင်များက ရေဘေးလွတ်ကင်းရာသို့ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ရွှေ့ပြောင်းပေးလျက်ရှိရာ ရေဘေးသင့်သူများအတွက်...

ငဝန်မြစ် ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နယ် ကျေးရွာအုပ်စု ၄ ခုရှိ လယ်များ ရေလွှမ်းမိုးနေဟု ဆိုလက်ရှိ၌ စာရေးကွင်းကျေးရွာတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထား

လေးမျက်နှာ၊ ဇူလိုင် ၃၁ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် ကျေးရွာအုပ်စု ၄ ခုရှိ လယ်မြေများ ရေလွှမ်းမိုးသွားခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များဖြင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းနိုင်က ပြောကြားခဲ့သည်။ ထို့ပြင် မြို့ပေါ်ရပ်ကွက် ၅ ခုတွင်လည်း ရေဝင်ရောက်နေသဖြင့် အရေးပေါ် ရွှေ့ပြောင်းပေးခြင်း၊ ပိတ်မိနေသူများနှင့် သက်ကြီးရွယ်အိုများကို ကယ်ဆယ်ပေးခြင်းများ လုပ်ဆောင်နေကြကြောင်း သိရသည်။ "အခုထိ အသေအပျောက်မရှိသေးပါဘူး။စာရေးကွင်းကျေးရွာမှာ ကယ်ဆယ်ရေးစခန်းအထိုင်ချဖွင့်ထားပြီး၊ ကယ် ဆယ်လိုရတဲ့သူတွေကို ဒီကနေတဆင့် ဟင်္သာတဘက်ကို ပိုဆောင်နေပါတယ်။ အချိုကလည်း မိသားစုဝင်တွေက လာရောက်ခေါ်ဆောင်နေပါတယ်။ ရန်ကုန်နဲ့...

ဂျပန်စာအရည်အချင်းစစ် စာမေးပွဲ (JLPT) လျှောက်လွှာများ ဩဂုတ် ၃ ရက်မှ ၉ ရက်အထိ အွန်လိုင်းမှတစ်ဆင့် လက်ခံမည်

ရန်ကုန်၊ ဇူလိုင် ၃၁ လာမည့် ဒီဇင်ဘာလတွင် ကျင်းပမည့် ဂျပန်စာအရည်အချင်းစစ် စာမေးပွဲ (JLPT) လျှောက်လွှာများကို ဩဂုတ် ၃ ရက်မှ ၉ ရက်အထိ အွန်လိုင်းမှတစ်ဆင့် စတင်လက်ခံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) က ယနေ့ ထုတ်ပြန်သည်။ စာမေးပွဲကြေးကို ကျပ် ၅၂,၀၀၀ မှ ၅၇,၀၀၀ အထိ အဆင့်အလိုက် သတ်မှတ်ထားပြီး ဩဂုတ် ၁၁ ရက် နောက်ဆုံးထား၍ ပေးချေရမည်ဖြစ်သည်။ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ကျင်းပသည့် အဆိုပါစာမေးပွဲ၏ ဇူလိုင်လ ရလဒ်များကိုမူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071