မန္တလေးတိုင်း၊ မန္တလေးမြို့ပေါ်ရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်(၄)ဆိုင်ကို ဇွန် ၁၅ ရက်တွင် ရေနံထွက်ပ စ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မန္တလေးတိုင်း ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးက မန္တလေးတိုင်း ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်းသိမ်းကြီး ကြပ်ရေးဆပ်ကော်မတီ၏ကြီးကြပ်မှုဖြင့် ရှောင်တခင်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
စက်သုံးဆီအရောင်းဆိုင်များမှ ဖြန့်ဖြူးရောင်းချနေသော စက်သုံးဆီများ၏ အရည်အသွေးပြည့်မီမှန်ကန်မှုရှိ/မရှိ၊ အခြင်အတွယ်ပြည့်မီမှန်ကန်မှုရှိ/မရှိနှင့် သတ် မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိတို့အား ဌာနပိုင် Mobile Fuel Lab ယာဉ်ဖြင့်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
စက်သုံးဆီအရောင်းဆိုင်များတွင် အရည်အသွေးပြည့် မီမှုမရှိခြင်း၊ အခြင်အတွယ်ပြည့်မီမှုမရှိခြင်း၊ သတ် မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချမှုမရှိခြင်းတို့ကို စစ်ဆေးတွေ့ရှိရပါက ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
