Thursday, August 6, 2026

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်...

နေပြည်တော်၊ ဩဂုတ် ၆ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ခေါ်ယူလျက်ရှိကြောင်း အသိပေး...

ဝါလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ရန်ပုံငွေချေးငွေ လျှောက်ထားနိုင်

နေပြည်တော်၊ဩဂုတ်-၆ ပြည်တွင်းရှိ ဝါလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ရန်ပုံငွေမှ ချေးငွေများ လျှောက်ထားနိုင်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီး ချုပ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်(Official Visit)အဖြစ် ယနေ့ သြဂုတ် ၆...

ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်တွေ့ဆုံမှုကို မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ...

ဒေါ်အောင်ဆန်းစုကြည်ထံ မကြာသေးမီက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီသွားရောက်တွေ့ဆုံခဲ့မှုသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အာဆီယံ၏ "အခြေအနေပေါ် မူတည်၍ ပြန်လည်ထိတွေ့ဆက်ဆံခြင်း" (Calibrated Re-engagement) မူဝါဒမှာ...
HomeNewsLocal Newsမန္တလေးမြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင် ကျန်းမာရေးမကောင်း၍...

မန္တလေးမြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင် ကျန်းမာရေးမကောင်း၍ ဆေးကုသမှုခံယူနေရ

(Unicode)

မန္တလေးမြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင် ကျန်းမာရေးမကောင်း၍ ဆေးကုသမှုခံယူနေရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်က မန္တလေးမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာဦးရဲလွင်သည် အကျဉ်းထောင်အတွင်း ကျန်းမာရေးမကောင်းဖြစ်လာ၍ ဆေးကုသမှုခံယူနေရသည်ဟု ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူကပြောသည်။

“အူလမ်းကြောင်းမှာ ပြဿနာရှိနေတာပေါ့။ထောင်ဆရာဝန်က သက်ဆိုင်ရာသမားတော်နဲ့ပြသပါလို့ လမ်းညွှန်တဲ့အတွက် ပြသဖို့ရှိတယ်။ထောင်အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်လည်း ရပြီးသွားပြီ။အူလမ်းကြောင်းကို မှန်ပြောင်းနဲ့ ကြည့်ရမှာပေါ့။အပြင်က ဆေးရုံမှာကြည့်ရမယ်။လက်ရှိမှာတော့ ဆေးကုသမှု ခံယူနေရတယ်”လို့ ရှေ့နေတစ်ဦးကပြောပြသည်။

ဒေါက်တာဦးရဲလွင်ကို ၂၀၂၁ ဒီဇင်ဘာလ ၈ရက်နေ့က ၅၀၅(ခ)ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ထားသည်။

ဒေါက်တာရဲလွင်၏ လက်ရှိကျန်းမာရေးအခြေအနေသည် အဆိုးရွားကြီးမဟုတ်ကြောင်းလည်း သိရှိရကြောင်း ၎င်းကပြောသည်။

“ထောင်ထဲ ရှိနေတဲ့သူတွေကို ကျန်းမာရေးနဲ့ ပတ်သတ်ပြီး တော်တော်လေး ဂရုစိုက်တယ်လို့ သိရပါတယ်။ကုသမှုတွေကိုလည်း အမြန်ဆုံးလုပ်ဆောင်ပေးတာတွေ့ရပါတယ်”ဟု ရှေ့နေတစ်ဦးကပြောပြသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း အကျဉ်းချခံနေရသည့် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်သည် ကင်ဆာဆေးများသွင်းပြီး ကုသမှုခံယူခဲ့ရသည်ဟုသိရသည်။

“ဆရာဇော်က ကင်ဆာဆေးတွေ သွင်းရတော့ ခဏခဏ အအေးမိတာ၊ဖျားတာတွေဖြစ်တယ်”ဟု ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူကပြောသည်။

(Zawgyi)









Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071