Thursday, August 6, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းဒုတိယဝန်ကြီးချုပ် ဦးဆောင်၍...

ဗန်ကောက်၊ ဩဂုတ် ၆ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official...

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်...

နေပြည်တော်၊ ဩဂုတ် ၆ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ခေါ်ယူလျက်ရှိကြောင်း အသိပေး...

ဝါလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ရန်ပုံငွေချေးငွေ လျှောက်ထားနိုင်

နေပြည်တော်၊ဩဂုတ်-၆ ပြည်တွင်းရှိ ဝါလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ရန်ပုံငွေမှ ချေးငွေများ လျှောက်ထားနိုင်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊...

ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်တွေ့ဆုံမှုကို မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ...

ဒေါ်အောင်ဆန်းစုကြည်ထံ မကြာသေးမီက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီသွားရောက်တွေ့ဆုံခဲ့မှုသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အာဆီယံ၏ "အခြေအနေပေါ် မူတည်၍ ပြန်လည်ထိတွေ့ဆက်ဆံခြင်း" (Calibrated Re-engagement) မူဝါဒမှာ...
HomeMoviesနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီး...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီး ချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့တရားဝင်ခရီးစဉ်စတင်ထွက်ခွာ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်(Official Visit)အဖြစ် ယနေ့ သြဂုတ် ၆ ရက်နံနက်ပိုင်းက နေ ပြည်တော်လေဆိပ်မှတစ်ဆင့် အထူးလေယာဥ်ဖြင့်ထွက်ခွာသွားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အဆင့်မြင့်ချစ် ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ၊ အမျိုး သားလွှတ်တော်ဥက္ကဋ္ဌဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည် ထောင်စုဝန်ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ တာ ဝန်ရှိသူများက လေဆိပ်တွင်ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲပြုလုပ်ခြင်း၊ ထိုင်းနိုင်ငံအမျိုးသားလွှတ်တော်ယာယီဥက္ကဋ္ဌနှင့် တွေ့ဆုံခြင်းတို့ကိုပြုလုပ်သွားမည်ဖြစ်ကာ စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုလည်းလက်ခံတွေ့ဆုံမည်ဖြစ်ပြီး စီးပွားရေးဖိုရမ်တက်ရောက်မည်ဖြစ်သည်။

ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် မြန်မာ-ထိုင်း နှစ်နိုင်ငံကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးပိုမိုခိုင်မာလာစေရေး၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူ များကြား စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကိုဆွေးနွေးသွားမည်ဖြစ်သည်။

နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်အား ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးကိုကိုလွင်၊ ဦးခင်မောင်စိုး၊ ဦးထွန်းအုံ၊ ကရင်ပြည် နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ တနင်္သာရီတိုင်းဝန်ကြီး ချုပ်ဦးဇော်နိုင်ဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများလိုက်ပါသွားခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းဒုတိယဝန်ကြီးချုပ် ဦးဆောင်၍ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုဂုဏ်ပြု

ဗန်ကောက်၊ ဩဂုတ် ၆ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတ စီးနင်းလိုက်ပါလာသည့် အထူးလေယာဉ်သည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ရာ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဇနီး၊ စစ်သံမှူးနှင့်...

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဖိတ်ခေါ်

နေပြည်တော်၊ ဩဂုတ် ၆ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ခေါ်ယူလျက်ရှိကြောင်း အသိပေး ထုတ်ပြန်ထားသည်။ အဆိုပါ ဓာတ်ခွဲခန်းများသည် ပြည်ပသို့ တင်ပို့သည့် လယ်ယာထွက်ကုန် သီးနှံများနှင့် ပြည်တွင်း/ပြည်ပမှ တင်သွင်းသည့် စားသုံးဆီများ၏ အရည်အသွေးများကို စမ်းသပ်စစ်ဆေး၍ စစ်ဆေးချက် အစီရင်ခံစာ (Test Report) များ ထုတ်ပေးလျက်ရှိသည်။ ယခုအခါ နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ် (ISO/IEC 17025) ရရှိရေး၊ ပို့ကုန်သွင်းကုန် စစ်ဆေးရေးတွင် ပိုမိုအထောက်အကူပြုစေရေးနှင့် စီးပွားဖြစ်...

ဝါလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ရန်ပုံငွေချေးငွေ လျှောက်ထားနိုင်

နေပြည်တော်၊ဩဂုတ်-၆ ပြည်တွင်းရှိ ဝါလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ရန်ပုံငွေမှ ချေးငွေများ လျှောက်ထားနိုင်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက အသိပေးထားသည်။ အဆိုပါချေးငွေများကို ဝါစေ့ဆီထုတ်လုပ်ရေးစက်များ၊ ချည်မျှင်ထုတ်လုပ်ရေးစက်များ တည်ထောင်ခြင်းနှင့် လက်ရှိလုပ်ငန်းများ တိုးချဲ့တပ်ဆင်ခြင်းတို့အတွက် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။ ချေးငွေအဆိုပြုလွှာများကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ MSME အေဂျင်စီရုံးများသို့ ပေးပို့လျှောက်ထားနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ် (၃၇)၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071