Monday, June 8, 2026

လာအိုဂူထဲ နောက်ဆုံးကျန်ရှိနေသူနှစ်ဦးရှာဖွေမှုလုပ်ငန်းစဉ်ရပ်ဆိုင်း

       ရှာဖွေရေးနယ်မြေသည် မြေသားမတည်ငြိမ်ဖြစ်လာခြင်းနှင့် အသက်ရှင်သန်နိုင်သည့် မျှော်လင့်ချက်များ မှေးမှိန်လာခြင်းတို့ကြောင့် လာအိုနိုင်ငံရှိ ရေမြုပ်နေသော ဂူတစ်ခုအတွင်း နှစ်ပတ်ကျော် ပိတ်မိနေခဲ့သော အမျိုးသားနှစ်ဦးအတွက် ရှာဖွေကယ်ဆယ်မှုကို စနေနေ့တွင်...

MFF U-15 ပြိုင်ပွဲတွင် အသက်စစ်ဆေးမှုအတွက်...

မြန်မာ့လူငယ်ဘောလုံးပြိုင်ပွဲများ၌ အ ငြင်းပွားစရာ ဖြစ်ခဲ့ရသည့် အသက်ကျော်ကစားသမား ပြဿနာနှင့် လူစားလဲက စားသည့် ကိစ္စများကို မပြုလုပ်နိုင်ရန် အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)က...

အမြန်လမ်းမကြီးအားအသုံးပြုနေသည့် ယာဥ်များလိုက်နာရမည့်အချက်များကို ထပ်မံသတိပေး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအား အသုံးပြုသွား လာလျက်ရှိသည့် ယာဥ်များလိုက်နာရမည့်အချက်များကို အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က ဇွန် ၆ ရက်ညပိုင်းကဖြစ်ပွားခဲ့သော ယာဥ်(၆)စီးဆင့်တိုက်မှုအပြီး၌ ထပ်မံသတိပေးခဲ့သည်။ အမြန်လမ်းအသုံးပြုသည့် အဝေးပြေးခရီးသည်တင်ယာဥ်များအားလုံးအနေဖြင့် သတ်မှတ်အမြန်နှုန်းအောက်သာ​မောင်းနှင်ရန်၊ တစ်စီးနှင့်တစ်စီး...

မန္တလေး ချမ်းမြသာစည်ရှိ ဖိနပ်ဂိုဒေါင်တွင် မီးလောင်မှုဖြစ်

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ ဖိနပ်ဂိုဒေါင်တစ်လုံးတွင် ဇွန် ၇ ရက်ည ၁၀ နာရီခွဲကျော်ခန့်က မီး လောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ချမ်းမြသာစည်မြို့နယ်၊ ချမ်းတောင်ရပ်ကွက်၊ ၇၈...
HomeNewsLocal Newsမန္တလေးတိုင်းတွင် ယနေ့ မီး(၃)ကြိမ်လောင်ကျွမ်းမှုဖြစ်ပွား

မန္တလေးတိုင်းတွင် ယနေ့ မီး(၃)ကြိမ်လောင်ကျွမ်းမှုဖြစ်ပွား

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ သာစည်မြို့နှင့် ဝမ်းတွင်းမြို့တို့တွင် ယနေ့ ဖေဖော်ဝါရီ ၈ ရက်(တစ်ရက်တည်း)၌ မီးလောင်ကျွမ်းမှု(၃) ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်း၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြားရှိ ရတနာတိုင်းပြည်အိမ်ယာဝင်းရှိ တိုက်ခန်းတစ်ခုတွင် နေ့လည် ၁ နာရီ ၅၀ မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွား၍ မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြသဖြင့် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်ကလည်း သာစည်မြို့၊ အမှတ်(၃)လှည်းဝိုင်းရပ်ကွက်တွင် နေအိမ်မီးလောင်မှုဖြစ်ပွား၍ သာစည်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၁၁ နာရီ ၄၈ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ထို့အတူ ဝမ်းတွင်းမြို့၊ အမှတ်(၁)စက်မှုကွက်သစ်ရပ်တွင် နံနက် ၇ နာရီ ၃၅ မိနစ်ခန့်က နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား၍ ဝမ်းတွင်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၇ နာရီ ၄၇ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်များမှ စတင်လောင်ကျွမ်းရသည့်အ ကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက် ဆိုင်ရာ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ် ဆေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လာအိုဂူထဲ နောက်ဆုံးကျန်ရှိနေသူနှစ်ဦးရှာဖွေမှုလုပ်ငန်းစဉ်ရပ်ဆိုင်း

       ရှာဖွေရေးနယ်မြေသည် မြေသားမတည်ငြိမ်ဖြစ်လာခြင်းနှင့် အသက်ရှင်သန်နိုင်သည့် မျှော်လင့်ချက်များ မှေးမှိန်လာခြင်းတို့ကြောင့် လာအိုနိုင်ငံရှိ ရေမြုပ်နေသော ဂူတစ်ခုအတွင်း နှစ်ပတ်ကျော် ပိတ်မိနေခဲ့သော အမျိုးသားနှစ်ဦးအတွက် ရှာဖွေကယ်ဆယ်မှုကို စနေနေ့တွင် ကယ်ဆယ်ရေးသမားများက ရပ်ဆိုင်းလိုက်သည်။      ဒေသခံအမျိုးသား ခုနစ်ဦးသည် နိုင်ငံအလယ်ပိုင်း Xaysomboun ပြည်နယ်ရှိ ဂူထဲသို့ လင်းနို့နှင့် ရွှေရှာဖွေရန်အတွက် မေလ ၂၀ ရက်နေ့တွင် ဝင်ရောက်သွားခဲ့ပြီးနောက် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကာ ၎င်းတို့ထွက်ပေါက် ပိတ်သွားခဲ့သည်။         တစ်ပတ်အကြာတွင် ကယ်ဆယ်ရေးအဖွဲ့များက အမျိုးသားငါးဦးကို အသက်ရှင်လျက်ပြန်တွေ့ခဲ့ပြီးနောက် မေလ ၂၉ ရက်နေ့တွင် ရေငုပ်သမားများက တစ်ဦးကို စတင်ကယ်ထုတ်နိုင်ခဲ့သည်။...

MFF U-15 ပြိုင်ပွဲတွင် အသက်စစ်ဆေးမှုအတွက် Biometric စနစ် ပထမဆုံး စတင်ကျင့်သုံး​

မြန်မာ့လူငယ်ဘောလုံးပြိုင်ပွဲများ၌ အ ငြင်းပွားစရာ ဖြစ်ခဲ့ရသည့် အသက်ကျော်ကစားသမား ပြဿနာနှင့် လူစားလဲက စားသည့် ကိစ္စများကို မပြုလုပ်နိုင်ရန် အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)က နည်းပညာမြင့်စနစ်တစ်ခုကို ပထမဆုံးအကြိမ် စတင်အသုံးပြုလိုက်ပြီ ဖြစ်သည်။ ယင်းမှာ ​ဇွန်လ (၄) ရက်နှင့် (၅) ရက်နေ့၌ သုဝဏ္ဏဘောလုံးကွင်းအတွင်း ပြုလုပ်ခဲ့သည့် MFF Royal-D U15 League (Yan gon Zone)ပြိုင်ပွဲအတွက် အသက်စစ် ဆေးမှုတွင် ကစားသမားများကို Biom etric registration system (လူမှန်၊...

အမြန်လမ်းမကြီးအားအသုံးပြုနေသည့် ယာဥ်များလိုက်နာရမည့်အချက်များကို ထပ်မံသတိပေး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအား အသုံးပြုသွား လာလျက်ရှိသည့် ယာဥ်များလိုက်နာရမည့်အချက်များကို အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က ဇွန် ၆ ရက်ညပိုင်းကဖြစ်ပွားခဲ့သော ယာဥ်(၆)စီးဆင့်တိုက်မှုအပြီး၌ ထပ်မံသတိပေးခဲ့သည်။ အမြန်လမ်းအသုံးပြုသည့် အဝေးပြေးခရီးသည်တင်ယာဥ်များအားလုံးအနေဖြင့် သတ်မှတ်အမြန်နှုန်းအောက်သာ​မောင်းနှင်ရန်၊ တစ်စီးနှင့်တစ်စီး ကပ်မ​လိုက်ရန်၊ ယာဥ်အားလုံးအနည်းဆုံး ပေ(၃၀၀)အကွာထား၍မောင်းနှင်ရန် သတိပေးခဲ့သည်။ ယာဉ်မောင်းများအနေဖြင့် မည်သည့်အကြောင်းဖြင့်ရပ်ရပ် မြေသားလမ်းတာပေါင်အတွင်းသို့ အပြည့်အဝရောက်ရှိရပ်တန့်ရန်၊ ညအခါ လမ်း​ဘေး​မြေသား​ပေါ်ရပ်နားစဥ် Parking Light ရပ်နားမီး၊ လမ်းမ​ပေါ်/ယာဥ်​ကြော​ပေါ် အ​ရေး​ပေါ်ရပ်တန့်စဥ် Hazard Light အဝါ​ရောင်စုံမှိတ်တုပ်အချက်ပြမီး၊ ကုန်တင်ယာဥ်များ Side Lamp ဆိုင်းလင့်ကား​ဘေးမီးဖွင့်ထားရန်လည်း သတိ ပေးခဲ့သည်။ ပုံမှန်မောင်းနှင်ပါက လက်ညာဘက်ကပ်မောင်းရန်၊ ဘယ်ဖက်ယာဥ်ကြောကို ကျော်တက်ရန်အတွက်သာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071