Monday, July 27, 2026

မန္တလေး-ပြင်ဦးလွင် Mountain Bike (MTB)...

မန္တလေး၊ ဇူလိုင် ၂၇ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သစ်တောဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်သည့် Mountain Bike (MTB) လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲကို ဩဂုတ် ၁၅...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်း...

နေပြည်တော်၊ ဇူလိုင် ၂၇ နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီ (Myanmar Space Agency–MSA) က ဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများ...

အီရန်စစ်ပွဲ ရှေ့ဆက်မယ့်ကိစ္စအတွက် ရွေးချယ်စရာ (၃)...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်နဲ့ဖြစ်နေတဲ့ စစ်ပွဲအခြေအနေ ရှေ့ဆက်မယ့်ကိစ္စအတွက် ရွေးချယ်စရာလမ်းကြောင်း (၃) ခုကို စဉ်းစားနေတယ်လို့ The New York Times...

ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီအလုံအလောက် ထုတ်လုပ်နိုင်ရုံသာမက ပြည်ပသို့...

ပုသိမ်၊ဇူလိုင်-၂၇ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီအလုံအလောက် ထုတ်လုပ်နိုင်ရုံသာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် ဇူလိုင် ၂၆ ရက်က ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည့် “ဧရာဝတီစားဆီဖူလုံဖို့...
HomeNewsLocal Newsမန္တလေးတိုင်းတရားလွှတ်တော် ဒု-ညွှန်ကြားရေးမှူးနှင့်အိမ်ဖော်အမျိုးသမီးသတ်ဖြတ်ခံရ ၊နေအိမ်ကိုပါမီးရှို့သွား

မန္တလေးတိုင်းတရားလွှတ်တော် ဒု-ညွှန်ကြားရေးမှူးနှင့်အိမ်ဖော်အမျိုးသမီးသတ်ဖြတ်ခံရ ၊နေအိမ်ကိုပါမီးရှို့သွား

မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၃၁ လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြားရှိတိုက်တစ်လုံးတွင် ဧပြီ ၁၁ ရက်(ယနေ့)နံနက်အစောပိုင်း ၃ နာရီ ၂၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုကြောင့် ကုတင်၊မွေ့ယာနှင့်အိမ်သုံးပစ္စည်းအချို့မီးလောင်ပျက်စီးခဲ့ပြီးမီးသတ်တပ်ဖွဲ့ဝင်များနှင့်လုံခြုံရေးအဖွဲ့ဝင်များကအိမ်အတွင်းစစ်ဆေးရာ နေအိမ်ပိုင်ရှင် ဒေါ်‌လေးကြည်(၅၀)နှစ် (မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် ဒု-ညွှန်ကြားရေးမှူး)အား လည်ပင်းတွင် ဟင်းသီးဟင်းရွက်လှီးဓားထိုးစိုက်လျက် ဘယ်ဘက်ပါးပြတ်ရှဒဏ်ရာ ၃ ချက်၊ဘယ်နဖူးပြတ်ရှဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးလျက်ရှိကြောင်း တွေ့ရသည်။

ထို့ပြင် အိမ်ဖော်အမျိုးသမီးဖြစ်သည့် မအေးသန္တာ(၃၈)နှစ်မှာလည်း သေဆုံးလျက်ရှိသည်ကို ရှာဖွေတွေ့ရှိခဲ့ရကြောင်း သိရသည်။

“ကနဦး သုံးသပ်ချက်အရ အမျိုးသမီး ၂ ယောက်ကို အရင်သတ်ဖြတ်ပြီးတော့မှအိမ်ကိုပါမီးရှို့သွားတဲ့အနေအထားပါ ပျက်စီးဆုံးရှုံးမှုကတော့အများကြီးမရှိပါဘူး လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေလုပ်နေပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Photo-Ko Than Htay

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေး-ပြင်ဦးလွင် Mountain Bike (MTB) လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲ ဩဂုတ် ၁၅ ရက် ကျင်းပမည်

မန္တလေး၊ ဇူလိုင် ၂၇ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သစ်တောဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်သည့် Mountain Bike (MTB) လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲကို ဩဂုတ် ၁၅ ရက် နံနက် ၅ နာရီခွဲတွင် ကျင်းပသွားမည်ဖြစ်ကြောင်း တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)ထံမှ သိရသည်။ အဆိုပါပြိုင်ပွဲ၏ စတင်ထွက်ခွာမည့်နေရာမှာ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)အရှေ့ဘက်ဖြစ်ပြီး၊ ပန်းဝင်မည့်နေရာမှာ အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်) ဖြစ်သည်။ ပြိုင်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် အမျိုးသား၊ အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး မိမိတို့၏ ကြံ့ခိုင်မှု၊ ဇွဲလုံ့လနှင့် Mountain Bike စီးနင်းကျွမ်းကျင်မှုများကို ထုတ်ဖော်ပြသနိုင်မည့် အခွင့်အရေးတစ်ရပ်ဖြစ်သဖြင့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်း ဖွင့်လှစ်အာကာသနည်းပညာကို သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ထိရောက်စွာအသုံးချရန် တိုက်တွန်း

နေပြည်တော်၊ ဇူလိုင် ၂၇ နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီ (Myanmar Space Agency–MSA) က ဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများ အပ်နှံခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ မြန်မာအာကာသအေဂျင်စီ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်းကို ဖွင့်လှစ်ပေးပြီး သုံးသပ်လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ အာကာသသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် မြန်မာအာကာသအေဂျင်စီမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ်က...

အီရန်စစ်ပွဲ ရှေ့ဆက်မယ့်ကိစ္စအတွက် ရွေးချယ်စရာ (၃) ခုကို ထရမ့်စဉ်းစားနေ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်နဲ့ဖြစ်နေတဲ့ စစ်ပွဲအခြေအနေ ရှေ့ဆက်မယ့်ကိစ္စအတွက် ရွေးချယ်စရာလမ်းကြောင်း (၃) ခုကို စဉ်းစားနေတယ်လို့ The New York Times သတင်းစာက ဖော်ပြထားပါတယ်။ ​သတင်းစာမှာ ဖော်ပြချက်အရ အဲဒီ (၃) ခုကတော့ စစ်ရေးအရ ထပ်ပြီး အရှိန်မြှင့်ဖို့၊ ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်ပြီး အီရန်ကို စီးပွားရေးအရ ဖိနှိပ်ဖို့နဲ့ အမေရိကန်က စစ်ပွဲမှာ အနိုင်ရပြီလို့ ကြေညာပြီး ပဋိပက္ခကနေ ဆုတ်ခွာဖို့ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းက ဒုသမ္မတ ဂျေဒီဗန့်စ်၊ ကာကွယ်ရေးဝန်ကြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071