Sunday, December 14, 2025

သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ...

ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေအတွင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများကို မြန်မာနိုင်ငံအနေဖြင့် ကယ်ဆယ်ထိန်းသိမ်းထားပြီး သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် မေတ္တာရပ်ခံထားသည်။...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ယနေ့ ဒီဇင်ဘာ ၁၄ ရက်...

မင်းလက်ပံဖြစ်စဥ်သည် KNU ၏ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ပြီး...

မင်းလက်ပံ၌ဖြစ်ပွားခဲ့သော ပြည်ပနိုင်ငံသားများကို KNU မှ ပ-စ်ခတ်ခဲ့မှုနှင့်ပတ်သက်ကာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယနေ့ ဒီဇင်ဘာ ၁၄ ရက်နံနက် ၁၀...

မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို...

ပြည်သူများအနေဖြင့် သက်ဆိုင်ရာကို သတင်းပေးကာ ပူးပေါင်းပါဝင်ပေးရန် တိုက်တွန်း မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို ပြတ်ပြတ်သားသားနှိမ်နင်းသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၄ ရက်က ကျင်းပသည့်...
HomeNewsFootballမည်သည့်အချိန်ဖြစ်ဖြစ် ကြိုးစားအားထုတ်မှုလျော့ကျမသွားဟု မြန်မာအသင်းခေါင်းဆောင်ပြော

မည်သည့်အချိန်ဖြစ်ဖြစ် ကြိုးစားအားထုတ်မှုလျော့ကျမသွားဟု မြန်မာအသင်းခေါင်းဆောင်ပြော

ASEAN Mitsubishi Electric Cup 2024 ပြိုင်ပွဲ၌ ယှဥ်ပြိုင်ကစားခဲ့ပြီးဖြစ်သော ပွဲစဥ်နှစ်ခုတွင် လိုချင်သည့်ရလဒ်မရရှိခဲ့သော်လည်း မည်သည့်အချိန်ဖြစ်ဖြစ် ကြိုးစားအားထုတ်မှုလျော့ကျမသွားဟု မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင်သီဟဇော်က ပြောသည်။

ယနေ့ ဒီဇင်ဘာ ၁၇ ရက်ည ၆ နာရီက သုဝဏ္ဏဘောလုံးကွင်း၌ ASEAN Mitsubishi Electric Cup 2024 ပြိုင်ပွဲ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် လာအိုဘောလုံးအသင်းတို့၏ ပွဲစဥ်မတိုင်မီပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ရှေ့ကနှစ်ပွဲမှာလိုချင်တဲ့ရလဒ် မရခဲ့တာရှိတယ်။ ဒါပေမယ့် ဘယ်အချိန်ပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ကြိုးစားအားထုတ်မှုက လျော့ကျမသွားပါဘူး။ ကျွန်တော်တို့ပရိသတ်တွေအတွက် အမြဲတမ်းကြိုးစားနေမှာပါ”ဟု သီဟဇော်က ပြောသည်။

ထို့ပြင် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်ဦးမျိုးလှိုင်ဝင်းမှလည်း ဖိလစ်ပိုင်အသင်းနှင့်ပွဲပြီးချိန်မှစတင်ကာ လာအိုအသင်းနှင့်ပွဲစဥ်အတွက် သေချာပြင်ဆင်ထားကာ လက်ရှိအချိန်တွင် မြန်မာ့လက်ရွေးစင်အသင်း၌ ဒဏ်ရာရကစားသမားများမရှိသည့်အပြင် တိုက်စစ်ပိုင်းမှ ဂိုးရရှိရန်ခက်ခဲနေခြင်းကိုလည်းပြင်ဆင်ထားသည်ဟု ပြောသည်။

” ဝင်းနိုင်ထွန်း အသင်းနဲ့လာရောက်ပူးပေါင်းတာက အသင်းအတွက်ခွန်အားတစ်ရပ်ဖြစ်စေပါတယ်။ လာအိုအသင်းက ခြေစွမ်းပိုင်းတိုးတက်လာတဲ့ အသင်းဖြစ်လို့ မနက်ဖြန်ပွဲက ခက်ခဲမှာပါ။ ပရိသတ်တွေအနေနဲ့ အင်ဒိုနီးရှားနဲ့က ပွဲလိုပဲ မနက်ဖြန်ပွဲမှာ လာရောက်အားပေးကြည့်ရှုမယ်လို့ မျှော်လင့်ပါတယ်”ဟု နည်းပြချုပ်ဦးမျိုးလှိုင်ဝင်းကပြောသည်။

ထို့ပြင် လာအိုအသင်းနည်းပြချုပ် ဟာဟေးဂျွန်မှ မနက်ဖြန်ပွဲရလဒ်ကောင်းရရှိရန် စနစ်တကျပြင် ဆင်ထားကာ မြန်မာအသင်းသည် အသင်းကောင်းတစ်သင်းဖြစ်၍ ပရိသတ်များအကြိုက် ပွဲကောင်းတစ်ပွဲဖြစ်လာမည်ဖြစ်ပြီး မနက်ဖြန်ပွဲ၌ အကောင်းဆုံးကြိးစားသွားမည်ဟု ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် လာအိုဘောလုံးအသင်းတို့သည် မနက်ဖြန် ဒီဇင်ဘာ ၁၉ ရက်ညနေ ၅ နာရီ၌ သုဝဏ္ဏဘောလုံးကွင်းတွင် ယှဥ်ပြိုင်ကစားသွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ မေတ္တာရပ်ခံ

ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေအတွင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများကို မြန်မာနိုင်ငံအနေဖြင့် ကယ်ဆယ်ထိန်းသိမ်းထားပြီး သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် မေတ္တာရပ်ခံထားသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့‌ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ပြုလုပ်သည့်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ဖြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ "ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးအရအနေနဲ့ကတော့ နိုင်ငံခြားသားတွေကို သူတို့နိုင်ငံတွေရဲ့အစိုးရတွေက လာမခေါ်မချင်း လူသားချင်းစာနာထောက်ထားမှုအပြည့်နဲ့ ထိန်းသိမ်းထားတာဖြစ်ပါတယ်။ ဒီတာဝန်ဟာ တော်တော်ကြီးလေးတဲ့တာဝန်ဖြစ်ပါတယ်။ သူတို့အတွက်တနေ့တာ လိုအပ်တဲ့အစားအစာအပြင် သောက်ရေ၊ သုံးရေ၊ ဝတ်စရာ၊...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ယနေ့ ဒီဇင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့၌ ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ "အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို အမြစ်ပြတ်ချေမှုန်းသွားမှာပါ။ မြဝတီဒေသမှာမှမဟုတ်ဘူး မြန်မာနိုင်ငံရဲ့ ဘယ်နေရာဒေသမှာမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို ပြင်းပြင်းထန်ထန် အမြစ်ပြတ်ချေမှုန်းသွားမယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်၍ နှစ်နိုင်ငံဆက်သွယ်ဆက်ဆံရေးမှာ ရှေးနှစ်ပေါင်းများစွာကပင်ရှိခဲ့သဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်...

မင်းလက်ပံဖြစ်စဥ်သည် KNU ၏ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ပြီး ၎င်းတို့နှင့်ပတ်သက်မှုမရှိကြောင်းကိုပြသလိုသောလုပ်ကွက်ဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

မင်းလက်ပံ၌ဖြစ်ပွားခဲ့သော ပြည်ပနိုင်ငံသားများကို KNU မှ ပ-စ်ခတ်ခဲ့မှုနှင့်ပတ်သက်ကာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယနေ့ ဒီဇင်ဘာ ၁၄ ရက်နံနက် ၁၀ နာရီက ရန်ကုန်မြို့၌ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ "မင်းလက်ပံကိစ္စက KNU အနေနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို သူတို့ကျူးလွန်ပြီးနောက်ပိုင်းမှာ အွန်လိုင်းလိမ်လည်မှုနဲ့ သူတို့မပတ်သက်ပါဘူးဆိုတာကို ပြချင်တဲ့လုပ်ကွက်တစ်ခုပဲဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို အမြစ်ပြတ်အောင်ချေမှုန်းနေတဲ့အပေါ်မှာ အာရုံပြောင်းဖို့အတွက်ဖြစ်ပါတယ်။ သူတို့တွေဟာ တစ်ချို့နေရာတွေမှာ ဟန်ပြသိမ်းပိုက်ပြီး သူတို့ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေတဲ့အကြောင်းကို လူမသိအောင်လုပ်ဖို့ ဆောင်ရွက်တာဖြစ်ပါတယ်" ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071