ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ အဆောက်အဦးတစ်လုံးတွင် ယနေ့ သြဂုတ် ၂ ရက်နံနက် ၁၁ နာရီ ၅ မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ ပုလဲလမ်းဆုံရှိ အဆောက်အဦးတစ်လုံးတွင် မီးလေ-ာင်မှုဖြစ်ပွား၍ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝက်များ၊ ပုလဲအရန်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် နံနက် ၁၁ နာရီ ၁၇ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁၁ နာရီ ၂၂ မိနစ်၌မီးငြိမ်းသွားခဲ့သဖြင့် စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးခဲ့ကြကြောင်း သိရသည်။
