Thursday, April 30, 2026

နေပြည်တော်၌ လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီး၊...

လျှပ်စစ်ဓာတ်အား ပြုပြင်ဆောင်ရွက်မှု အခြေအနေ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က တိုက်ခတ်ခဲ့သော လေပြင်းကြောင့် သစ်ပင်သစ်ကိုင်းများ လဲကျကာ ဓာတ်အားလိုင်းများပေါ် ဖိမိခြင်း၊ ဓာတ်ကြိုးပြတ်ခြင်းနှင့်...

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် KIA နှင့်...

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တနိုင်းတပ်နယ်သို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည့် KIA နှင့် KPDF အဖွဲ့ဝင် ၄ ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းနှင့် ဆုကြေးငွေများ...

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့် ဆက်စပ်သူ ၁၄...

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု (ကျားဖြန့်) လုပ်ငန်းများလုပ်ကိုင်ပြီး တိမ်းရှောင်နေသူများနှင့် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသားများကို ယနေ့...

“သံမဏိလူသား” ရော့ထန်ကို အလဲထိုးကာ တာခဲရု...

ပွဲစတင်သည့် ပထမအချီမှာပင် တာခဲရု၏ ပြင်းထန်ပြီး တိကျလှသည့် ပါဝါလက်သီးများကြောင့် "သံမဏိလူသား" ဟု အမည်ကျော်သည့် ရော့ထန်တစ်ယောက် (၂) ကြိမ်တိုင်တိုင် ဒူးထောက်ကာ...
HomeCelebrities' Newsမင်းသားတစ်ယောက် ဖြစ်ဖို့အတွက် တော်တော်လေးကြိုးစားခဲ့ရတယ်...

မင်းသားတစ်ယောက် ဖြစ်ဖို့အတွက် တော်တော်လေးကြိုးစားခဲ့ရတယ် ဦးကျော်သူ

အကယ်ဒမီ ဦးကျော်သူက ဇာတ်ကားတွေမှာ ပါဝင်သရုပ် ဆောင်ကာ တောက်လျှောက် ရိုက်ကူး ဖြစ်နေသလို ကြော်ငြာတွေပါ ရိုက်ကူးလာပြီ ဖြစ်ပါတယ်။ အနု ပညာအလုပ်ကို ပြန်လည်လုပ်ကိုင် ဖြစ်တာနဲ့ ပတ်သက်ပြီး ကျော်သူက ”ကျွန်တော့် ပရိသတ်တွေကို ရသအပြည့်အဝပေးချင်တဲ့ ဆန္ဒရှိ တယ်။ အဲဒါနဲ့ အနုပညာအလုပ်ကို ပြန်လည်လုပ်ကိုင်လာခဲ့တယ်။ ကျွန် တော် ဇာတ်ကားရိုက်ကူးတဲ့အခါမှာ ဘဘဦးသုခကို စံနမူနာတင်ပြီး ရိုက် ကူးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘဘရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေက ပညာပေး ဇာတ်ကားတွေ များတယ်။ မိဘမေတ္တာသရုပ်ဖော်ဇာတ်ကား တွေ၊ ဘဝအခြေအနေပေး ဇာတ်ကား တွေရိုက်ကူးတာများတယ်။ ကျွန် တော်လည်း ကြည့်တဲ့ပရိသတ်တွေ သင်ခန်းစာရမယ့် ဇာတ်ကားမျိုးကို လုပ်ပြချင် ပါတယ်” လို့ ပြောပါတယ်။

ဦးကျော်သူက ဒီဇင်ဘာလ ၁၂ ရက်နေ့က ကျင်းပခဲ့တဲ့ ရုပ်ရှင် ညီ လာခံကို မတက်ရောက် ဖြစ်ပေမယ့် အကြံပေးစာ အချက် ၂ချက်ကို တင် ပြပေးလိုက်တယ်လို့ သူက ပြောပြပါ တယ်။

” ညီလာခံကိုတော့ ကျွန်တော် မတက်ဖြစ်ဘူး။ တာဝန်ကျေစွာနဲ့ပဲ အကြံပေးစာ အချက် ၂ ချက်တင် ပေးလိုက်တယ်။ အဲဒါသူတို့ ဆွေးနွေး လား၊ မဆွေးနွေးဘူးလားတော့ မသိဘူး။ အကြံပြုစာ ၂ ခုက အလွှာ ကိစ္စရယ်၊ အကယ်ဒမီ ကိစ္စရယ်ပါ့။ ဆိုလိုချင်တာက ရွေးကောက်ပွဲ လုပ်ရင် အလွှာတွေခွဲတယ်။ အလွှာ ခွဲခြင်းအားဖြင့် အုပ်စုဖွဲ့တာတွေ ဖြစ်လာတယ်။ လာဘ်ပေးလာဘ်ယူ တွေ ဖြစ်လာတယ်။ အဲဒီတော့ ရုပ် ရှင် အစည်းအရုံးဆိုတာနဲ့ မကိုက်ညီ တော့ဘူး။ ရုပ်ရှင် မစည်းမရုံး ဖြစ် လာတယ်။ အုပ်စုတွေကွဲ၊ တစ် ယောက်နဲ့ တစ်ယောက် အတင်းတွေ ပြော၊ အော်ကြ၊ ဟစ်ကြတွေ ဖြစ်ကုန် တယ်။ ဒီရုပ်ရှင် အစည်းအရုံး ဆိုတာ နဲ့ မလိုက်ဖက်တော့ဘူး။ ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌပဲဖြစ်ဖြစ်၊ အတွင်း ရေးမှူးပဲဖြစ်ဖြစ် ရုပ်ရှင်လောက သားတွေကိုယ်စားပြုမယ့် ခေါင်း ဆောင်ဖြစ်ရမယ်။ ခေါင်းဆောင် တွေဟာ ကဏ္ဍပေါင်းစုံမှာ အဆင်ပြေတဲ့ လူဖြစ်ရမယ်။ ဇာတ်ပို့ ဇာတ်ရံ အလွှာဆိုသည်မှာလည်း သူတို့ရဲ့ဘဝအခြေအနေကို နားလည် ရမယ်။ အလွှာပေါင်းစုံ စည်းလုံး ရမယ်။ အလွှာတွေ ခွဲစရာ မလိုဘူး။ နောက်တစ်ခုက အကယ်ဒမီနဲ့ ပတ် သက်ပြီးတော့လည်း အကြံပြုစာတွေ ရေးပေးခဲ့ပါတယ်”လို့ ဦးကျော်သူက ပြောခဲ့ပါတယ်။

အောင်မြင်မှုတွေ ရရှိလာတဲ့ အပေါ်မှာ အရင်ခေတ်နဲ့ အခုခေတ် အောင်မြင်မှုရအောင် ကြိုးစားတဲ့ အပိုင်းတွေမှာ ကွာခြားပုံကိုလည်း ဦးကျော်သူက…

”အောင်မြင်မှုဆိုတာ သူ့အ တိုင်းအတာနဲ့သူ ပေါ့လေ။ အနှစ်သာ ရ ရှိဖို့ အရေးကြီးတယ်။ အနှစ်သာရ ရှိဖို့ဆိုတာက ကိုယ်တွေလုပ်တဲ့ အ ချိန်တုန်းက ဒီလိုအောင်မြင်မှု ရဖို့ဆို တာ မလွယ်ဘူး။ မင်းသားတစ်လက် ထွက်လာဖို့ဆိုတာ မလွယ်ဘူး။ ဒီလို ကြော်ငြာတွေလည်း ရှိတာမဟုတ် ဘူး။ ကြော်ငြာမင်းသားတွေကို ပရိ သတ် ကောင်မလေးတွေက ချော တယ်ဆို တာမျိုးနဲ့ နာမည်ကြီးလာတာ မဟုတ်ဘူး။ မင်းသား တစ်လက်ဖြစ်ဖို့ ကျွန်တော်တို့ တော်တော်လေး ကြိုး စားခဲ့ရတယ်။ ကျွန်တော်တို့ ရှေ့မှာရှိ တဲ့ ဦးညွန့်ဝင်းတို့ ဦးကျော်ဟိန်းတို့လို မင်းသားတန်းတွေ အများကြီး ရှိတဲ့ အထဲက ထိုးဖောက်ခဲ့ရတာပါ။ အခု လို မလွယ်ပါဘူး” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ဦးကျော်သူက ”ပုဂံမြို့သူ” ဇာတ်လမ်းတွဲကို ဒီဇင် ဘာလ ၂ဝ ရက်နေ့က စတင်ပြီးရိုက် ကူးနေတယ်လို့ သိရပါတယ်။

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071