Saturday, June 21, 2025

ရခိုင်ယူနိုက်တက်အသင်းနှင့် ပေါ်တူဂီနည်းပြချုပ် ပေါ်လိုဒါဆေးလ်ဗားတို့ လမ်းခွဲ

ရခိုင်ယူနိုက်တက်အသင်းနှင့် ပေါ်တူဂီနည်းပြချုပ် ပေါ်လိုဒါဆေးလ်ဗာတို့ နှစ်ဘက်သ‌ဘောတူ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။ MNL League Cup 2025 ပြိုင်ပွဲ၀င် ရခိုင်ယူနိုက်တက်အသင်းသည် အသင်းအောင်မြင်မှုများရရှိစေရန် ရည်ရွယ်၍...

IBEC ဗုဒ္ဓတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက်...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မဟာဝိဇ္ဇာဘွဲ့(M.A. Buddhism)သင်တန်းများကို ဆက်လက်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် သာသနဓဇ ဓမ္မာစရိယဘွဲ့ရရှိပြီးသူများ (သို့)...

အမျိုးသား(၅)ဦးနှင့် တရားမဝင်ဓာတုပစ္စည်း (Glacial Acetic...

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အထောက် အထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၂၅၅၀၀ လီတာစီကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက်ည...

သီတဂူစက္ခုဒါန ဆေးရုံတွင် မျက်စိကုသရန် စာရင်းပေးသွင်းသူ...

သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ ၁၃ ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူအတွက် ယနေ့ ဇွန် ၂၀ ရက်(တစ်ရက်တည်း)ဖြင့် စာရင်းပေးသွင်းသူ(၁,၂၀၀)ဦးကျော်ရှိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဘေလီတံတားအဆင်း ပါရမီလမ်း၊...
HomeCelebrities' Newsမင်းသမီး လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ၊...

မင်းသမီး လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ၊ သူ့ခန္ဓာကိုယ် အချိုးအစားနဲ့ ရှိသင့် ရှိထိုက်တာတော့ ရှိသင့်တယ်လို့ထင်တယ် မိုးယုစံ

သားဦးလေးမွေးဖွားထားတဲ့ မိုးယုစံက တော်ဝင်နှင်းဆီအငြိမ့်ပွဲမှာ မင်းသမီးတစ်ဦးအနေနဲ့ ပါဝင်ကပြသွား မှာဖြစ်ပါတယ်။ သားလေး မွေးဖွားပြီးတဲ့နောက် အနုပညာအ လုပ်ကို ပထမဦးဆုံး ပြန်လည်လုပ် ဆောင်ခဲ့တာဖြစ်ပြီး အခုလောလောဆယ်မှာ ဝိတ်ချဖို့တော့ အဆင်သင့် ဖြစ်မနေသေးဘူးလို့ဆိုပါတယ်။သားဦးလေးမွေးဖွားထားတဲ့ မိုးယုစံက တော်ဝင်နှင်းဆီအငြိမ့်ပွဲမှာ မင်းသမီးတစ်ဦးအနေနဲ့ ပါဝင်ကပြသွား မှာဖြစ်ပါတယ်။ သားလေး မွေးဖွားပြီးတဲ့နောက် အနုပညာအ လုပ်ကို ပထမဦးဆုံး ပြန်လည်လုပ် ဆောင်ခဲ့တာဖြစ်ပြီး အခုလောလောဆယ်မှာ ဝိတ်ချဖို့တော့ အဆင်သင့် ဖြစ်မနေသေးဘူးလို့ဆိုပါတယ်။

“အမှန်ဆိုရင်တော့ အခု ၄ လ မပြည့်သေးဘူး။ ၆လလောက်မှ ပြန် လုပ်မယ်လို့ စိတ်ကူးထားတာဆိုတော့ ပွဲကချက်ချင်းကြီးဆိုတော့ ဝိတ်ချမယ့် အစီအစဉ်လည်းမမီတော့ဘူး။ ဒါပေမဲ့လည်း အတတ်နိုင်ဆုံးတော့ အ ကောင်းဆုံး ကြိုးစားသွားပါမယ်။ အရင်တုန်းကလိုမျိုး မဟုတ်ဘူးဆို ပေမယ့်လည်း မင်းသမီးတစ်ယောက် ဖြစ်ပြီးတော့ ပုံပျက်ပန်းပျက်ကြီး တော့ ညီမလည်း အဖြစ်မခံနိုင်ပါဘူး။ ဘာဖြစ် လို့လဲ ဆိုတော့ ကိုယ်က မင်းသမီးလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ၊ မိန်းကလေး တစ်ယောက်အနေနဲ့ကတော့ သူ့ခန္ဓာကိုယ်အချိုးအစားနဲ့ ရှိသင့် ရှိထိုက်တာတော့ ရှိသင့်တယ်လို့ထင်တယ်။ ညီမလည်းအဲဒီ လောက်ပဲကြိုက်ပါတယ်။ ကိုယ်ကလည်း အစကတည်းက အပျို လေးတန်မဲ့ ဝနေတာလည်း မဟုတ်ဘူးလေ” လို့ ပုံပျက်ပန်းပျက်ကြီး တော့ အဖြစ် မခံကြောင်း မိုးယုစံကပြောပါတယ်။     တော်ဝင်နှင်းဆီအငြိမ့်ပွဲမှာ ကပြဖို့ အတွက် လေ့ကျင့် ပြင်ဆင်နေပြီး သီချင်းတစ်ပုဒ်တည်းကပြရမှာဖြစ် တဲ့အတွက်  စိုးရိမ်စရာတော့ သိပ်မရှိကြောင်း ပြောပါတယ်။ အခုအချိန် မှာတော့ အနုပညာထက် မိသားစုကိုပဲ အချိန်ပေး ဖြစ်နေတယ်လို့ ဆိုတဲ့  မိုးယုစံက….

“အားလုံးက ကိုယ့်အသက် အရွယ်နဲ့ သွားတာပေါ့။ ငယ် ငယ်တုန်းကဆိုရင် ပညာ သင်ရမယ့်အရွယ်၊ ကစား ရ မယ့်အရွယ် အဆင့် ဆင့်ရှိတယ်။ အခုအ ချိန်မှာတော့ ကိုယ် ထင်တာပေါ့။ ကိုယ် ဝါသနာပါတဲ့အ လုပ်လုပ်ပြီးတော့ မိဘကို ကျေးဇူး ဆပ်တာ မျိုး တော့ မဟုတ်ပါ ဘူး။ ကိုယ့် မိဘ ကို တတ်နိုင် သလောက် လုပ် ကျွေး နိုင်တယ်။ အခုအချိန် မှာ တော့ ကိုယ့်မိသားစု အပေါ်ကို ပိုပြီး အာရုံထား သင့်တယ် လို့ ထင်တယ်။ အလုပ် ကိစ္စထက်ပေါ့။ ကလေး ကလည်း ငယ်သေးတယ်။ ကိုယ်တည်ဆောက် ထားတဲ့ မိသားစု အသစ်လေးကို ပိုပြီး ဂရုစိုက်သင့်တယ်။ ပြီးတော့ ကိုယ့်အမေ၊ အဖေ ကလည်း အသက်ကြီး လာပြီဆိုတော့ ကိုယ့်အမေ အဖေကိုလည်း ဆက်ပြီး ဂရုစိုက်သင့်တယ် လို့ထင်တယ်။ ကိုယ့် မိ သားစုအတွက်ပဲ ဂရုစိုက် ဖြစ်နေပါတယ်” လို့ပြော ပါတယ်။

အခုအချိန်မှာ ပရိသတ်တွေ က သားလေးကိုလည်း ချစ်ခင်ကြတာ ကြောင့် မိခင်တစ်ယောက်အနေနဲ့ ကိုယ့်ကို ချစ်တာထက် သားလေးကို ချစ်တာ၊ အားပေး တာတွေ့ရတဲ့ အတွက် ပိုပြီး ဝမ်းသာပျော်ရွှင်ရပါ တယ်လို့ မိုးယုစံကဆိုပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071