Thursday, April 30, 2026

ကဆုန်လပြည် (ဗုဒ္ဓနေ့) ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကုသိုလ်တော်

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဒနေ့) တွင် ပါမောက္ခချုပ်ဆရာတော်ကြီးက ဗောဓိညောင်ပင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်တို့ဖြင့်ပူဇော်နေသည်ကို...

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ကုသိုလ်ယူခဲ့ကြသည့် ပျော်ဘွယ်မြို့နယ်...

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ၌ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနက ကုသိုလ်ယူခဲ့ကြသည်။ ပျော်ဘွယ်မြို့နယ်၊ ကံသာအုပ်စု၊ မင်းရာမဘုရားတွင် သံဃာတော်...

မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့်...

အိမ်ထောင်စုပေါင်း (၁၃၀,၀၀၀) ခန့်ကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည့် တစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်းပေါင်း (၂၀၂) သန်း ထုတ်လုပ်ပေးနိုင်မည့် မန္တလေးတိုင်းရှိ သာစည်...

မဟာမုနိဘုရားကြီး ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်ပုံရိပ်များ...

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဖွားမြင်သောနေ့၊ ဘုရားအဖြစ်သို့ရောက်သောနေ့၊ ပရိနိဗ္ဗာန်စံသောနေ့ဖြစ်ကာ ဗုဒ္ဓဘာသာဝင်များ အလေးထားအထူးမြတ်ထားသော နေ့လည်း ဖြစ်သည်။ ဓာတ်ပုံ - မဟာမုနိဘုရားကြီး Facebook page
HomeInternationalဘူဂေးရီးယား၌ ကုန်ကားထဲအသက်ရှူကြပ်သေဆုံးနေသည့် ရွှေ့ပြောင်းလုပ်သား...

ဘူဂေးရီးယား၌ ကုန်ကားထဲအသက်ရှူကြပ်သေဆုံးနေသည့် ရွှေ့ပြောင်းလုပ်သား ၁၈ ဦးအားတွေ့ရှိ

လော်ကိုစကို၊ဖေဖော်ဝါရီ ၁၈

ဘူဂေးရီးယားအာဏာပိုင်များသည် ရွှေ့ပြောင်းအလုပ်သမားများကို တရားမဝင်သယ်ဆောင်လာသည့် ထရပ်ကားတစ်စီးပေါ်၌ အသက်ရှူကြပ်ကာသေဆုံးသွားသော ရွှေ့ပြောင်းအလုပ်သမား ၁၈ ဦး၏ရုပ်အလောင်းများကိုတွေ့ရှိခဲ့ကြောင်းသိရသည်။

အဆိုပါကားပေါ်၌ စုစုပေါင်းရွှေ့ပြောင်းလုပ်သား ၅၂ ဦးအား သစ်သားပြားများအောက်၌ ဝှက်ပြီးတင်ဆောင်လာခြင်းဖြစ်သည်ဟု အာဏာပိုင်များကပြောကြားခဲ့သည်။

လတ်တလောကနဦးလေ့လာချက်များအရ သေဆုံးသူများသည် နေရာကျဉ်းလေးတစ်ခုအတွင်း လူအများအပြားတိုးဝှေ့လိုက်လာရသောကြောင့် အသက်ရှူကြပ်ကာသေဆုံးခြင်းဖြစ်သည်ဟု အစိုးရဒုတိယ ရှေ့နေချုပ်ကပြောကြားခဲ့သည်။

သေဆုံးသူများသည်၎င်းတို့၏ရုပ်အလောင်းများအားမတွေ့ရှိမီ ၁၀ နာရီနှင့် ၁၂ ကြားကတည်းကသေဆုံးနေခြင်းဖြစ်ပြီး ၎င်းတို့အားတရားမဝင်ခေါ်ဆောင်လာသူများမှာမူ ထိုသူများသေဆုံးသွားသည်ကိုသိကတည်းက ထွက်ပြေးသွားခြင်းဖြစ်သည်ဟုဆိုသော်လည်း သံသယတရားခံလေးဦးအား ထိန်းသိမ်းထားသည်ဟုဆိုသည်။

ရွှေ့ပြောင်းလုပ်သား ၅၂ ဦးအနက် အသက်ရှင်ကျန်ရစ်သူ ၃၄ ဦးကိုဆေးရုံသို့ပို့ထားပေးသည်ဟုလည်းဆိုသည်။၎င်းတို့သည် ရာသီဥတုအအေးဒဏ်နှင့်စိုစွတ်မှုကို ခံစားနေရပြီး လတ်တလောကာလအတွင်း အစားလဲမစားထားရကြောင်း ကျန်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနက သေဆုံးသူများအနက် အသက် ရှစ်နှစ်၊ကိုးနှစ်အရွယ်ကလေးငယ်တစ်ဦးပါဝင်သည်ဟုဆိုသော်လည်း အာဏာပိုင်များကမူ သေဆုံးသူများအနက် အသက်အငယ်ဆုံးမှာဆယ်ကျော်သက်အရွယ်သာဖြစ်သည်ဟုဆိုကြသည်။

Source :AFP

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကဆုန်လပြည် (ဗုဒ္ဓနေ့) ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကုသိုလ်တော်

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဒနေ့) တွင် ပါမောက္ခချုပ်ဆရာတော်ကြီးက ဗောဓိညောင်ပင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်တို့ဖြင့်ပူဇော်နေသည်ကို ကြည်ညိုဖွယ်ဖူးတွေ့ရသော မြင်ကွင်းပုံရိပ်များအား ဖော်ပြလိုက်ရပါသည်။

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ကုသိုလ်ယူခဲ့ကြသည့် ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာန

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ၌ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနက ကုသိုလ်ယူခဲ့ကြသည်။ ပျော်ဘွယ်မြို့နယ်၊ ကံသာအုပ်စု၊ မင်းရာမဘုရားတွင် သံဃာတော် (၁၀၈) ပါးနှင့် သီလရှင်များအား စတုတ္ထအကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲတွင် လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူခြင်း၊ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခြင်း၊ ကံမြင့်ဘုရားကြီးနှင့်ရင်ပြင်တော်များ၊ ရေသပ္ပါယ်ပူဇော်သန့်ရှင်းခြင်း၊ ညောင်ရေသွန်းလှူပူဇော်ခြင်းကုသိုလ်များကိုပြုလုပ်ခဲ့ကြသည်။

မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့် သပြေဝ (၄၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်လှစ်

အိမ်ထောင်စုပေါင်း (၁၃၀,၀၀၀) ခန့်ကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည့် တစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်းပေါင်း (၂၀၂) သန်း ထုတ်လုပ်ပေးနိုင်မည့် မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့် သပြေဝ (၄၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ ဧပြီ (၂၉) ရက်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော်တည်ဆောက်ပြီးစီးခဲ့ကာ ဖွင့်လှစ်လိုက်ခြင်းလည်း ဖြစ်သည်။ ထို့ပြင် မကြာမီတွင် ဆောင်ရွက်ဆဲ (၂၁၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ပြီးမြောက်မည်ဖြစ်ကာ စက်ရုံအမြန်ပြီးစီးနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တွန်းအားပေးဆောင်ရွက်နေသည်ဟုလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071