Friday, December 5, 2025

ဖိလစ်ပိုင်အသင်းကို ဦးဆောင်ဂိုး (၁) ဂိုးသွင်းယူထားပြီဖြစ်သည့်...

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ၌ မြန်မာလက်‌ရွေးစင်အမျိုးသမီးအသင်းက ဖိလစ်ပိုင်အမျိုးသမီးအသင်းကို ပထမပိုင်းပွဲချိန်အပြီး ဦးဆောင်ဂိုး (၁) ဂိုး သွင်းယူထားပြီဖြစ်သည်။ အဆိုပါဦးဆောင်ဂိုးကို အသင်းခေါင်း ဆောင်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ပွဲချိန် ၄...

မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နှင့် Times...

ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ လမ်းညွှန်ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနနှင့် Times City Complex ဝန်ထမ်းများမှ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး...

မကွေးမြို့တွင် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့...

မကွေးတိုင်း၊ မကွေးမြို့တွင် မကွေးတိုင်းအစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campimg)များပြု...

ဆီးဂိမ်းပြိုင်ပွဲတွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့်...

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)တွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားရန် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့...
HomeCelebrities' Newsဘုရားတရား လုပ်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ်...

ဘုရားတရား လုပ်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် နေရတာ ပိုကောင်းတယ်လို့ မြင်တယ် အလှမယ် ဇွန်သံစဉ်

လူငယ်တစ်ဦးဖြစ်ပေမယ့် ဘာသာတရားကို ရိုသေကိုင်းရှိုင်း ကြသူများထဲမှာ Miss Universe Myanmar 2017 အလှမယ် ဇွန်သံ စဉ်လည်း ပါဝင်ပါတယ်။ သူမက တော့ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး ဘာသာတရားကို ကြည်ညိုလေးစား ရခြင်းကိုတော့ ဇွန်သံစဉ်က…….

“ညီမတို့မြန်မာအမျိုးသမီးတွေအကုန်လုံးက ဘာသာရေးကိုင်း ရှိုင်းကြတယ်။ ညီမကိုယ်တိုင်လည်း ဘာသာတရား တအားကိုင်းရှိုင်း တယ်။ ဘုရားတရားလည်း များများ လုပ်တယ်။ စိတ်ထဲမှာ ဘုရားတရား လုပ်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ်နေရတာပိုကောင်းတယ်လို့ မြင်တယ်။ တစ်ရက်တလေ ဘုရားမရှိခိုးလိုက် ဘူးဆိုရင် ညအိပ်တဲ့အခါ သိပ်အဆင် မပြေဘူး။ အိပ်မက်ဆိုးမက်တယ်။ အမြဲတမ်းဘုရားရှိခိုးရတယ်။ ညီမ အတွက် ဘာသာတရားက မရှိမဖြစ် လုပ်ကိုလုပ်ရတယ်။ ညီမကိုယ်တိုင် လည်း ကိုယ့်ရဲ့ဘာသာကို ကြည်ညို တယ်။ လေးစားတယ်” လို့ ပြောပါ တယ်။

  နေ့စဉ်ပြုလုပ်ဖြစ်တဲ့ ကောင်းမှု ကုသိုလ်များနှင့်ပတ်သက်ပြီး ဇွန်သံ စဉ်က “မနက်ဆိုရင် သောက်တော်ရေ ကပ်ဖြစ်တယ်။ အချိန်ကတော့ သိပ်မပေးဖြစ်ဘူး။ ကိုယ်ကအလုပ် တွေလည်း ရှိသေးတော့လေ။ မနက် အိပ်ယာနိုးတဲ့အချိန်လေးတော့ ဘုရားစဉ်သန့်ရှင်းရေး လုပ်ဖြစ်တယ်။ ညပြန်ရောက်တဲ့အခါမှာ ဘုရားရှိခိုး တယ်။ တစ်ခါတလေကျရင် ပုတီး စိပ်ဖြစ်တယ်။ ဘုရားတွေလည်း သွား ဖြစ်တယ်။ ခရီးသွားရင်လည်း ကိုယ်သွားတဲ့ဒေသရဲ့ တန်ခိုးကြီး ဘုရားတွေကို သွားရောက်ဖူးမြော် တယ်။ အဲဒီမှာလည်း အချိန်ရရင် ရသလို ပုတီးစိပ်ဖြစ်တယ်။ အဲဒီလို လုပ်တဲ့အခါ စိတ်ထဲမှာအေးချမ်း တယ်။ ဘာနဲ့မှမတူပါဘူး”  လို့ပြော ပါတယ်။

အနုပညာရှင်တစ်ဦးဖြစ်တဲ့ အတွက် အနုပညာလုပ်ငန်းတွေ အ ဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင် ဖို့အတွက် ဘာသာရေးပိုလုပ်ဖြစ် တယ်ဆိုတဲ့ ဇွန်သံစဉ်က “ညီမတို့တွေ ပြိုင်ပွဲပြိုင်တဲ့ အခါမှာ ဘုရားတရားပိုလုပ်ရတယ်။ ညီမတို့ ဗုဒ္ဓဘာသာလူမျိုးတွေရဲ့ အယူအဆပေါ့။ စင်စောင့်နတ်ကို ကန်တော့ရတယ်။ ဒါမှသာနေရာ တစ်ခုရတယ်။ အဲဒီလို အစွဲရှိတယ်။ တကယ်လည်း ထိရောက်ပါတယ်။ ညီမတို့ အနုပညာရှင်တွေဆို ပိုပြီး ဘုရားတရားလုပ်ရပါတယ်။ အဲဒါ မှသာ ကိုယ့်ရဲ့အနုပညာလုပ်ငန်း မှာလည်း အဆင်ပြေတယ်။ ချော ချောမွေ့မွေ့နဲ့ အောင်အောင်မြင်မြင် နေရာတစ်ခုကိုရောက်တယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071