Thursday, April 16, 2026

သင်္ကြန်အကြတ်နေ့နှင့် မန္တလေးမြို့

မန္တလေးမြို့တွင် သင်္ကြန်ပွဲတော်အား မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်အပါအဝင် မန္တလေးကျုံးပတ်လည် ၌ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များဖြင့်ကျင်းပလျက်ရှိရာ ယနေ့ ဧပြီ ၁၅ ရက်(သင်္ကြန်အကြတ်နေ့)တွင် နံနကိပိုင်းမှစတင်၍ ညပိုင်းအချိန်အထိ...

အာဆီယံ ယူ-၁၇ လူငယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ထိုင်းအသင်းကို...

အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် ASEAN U17 Boys' Championship 2026 ပြိုင်ပွဲ အုပ်စု ပွဲစဉ် ဒုတိယ ပွဲစဉ်အဖြစ် ထိုင်း...

ပြည်သူ့ရင်ပြင် အကြတ်နေ့လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ ပြည်သူများလာရောက်ဆင်နွှဲသည့်မြင်ကွင်းများ

ရန်ကုန်တိုင်းဒေသကြီး ၊ ပြည်သူ့ရင်ပြင်ရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ ပြည်သူများလာရောက်ဆင်နွှဲသည့်အကြတ်နေ့ မြင်ကွင်းများဖြစ်သည်။ သင်္ကြန် အကြတ်နေ့၌ ပြည်သူ့ရင်ပြင်တွင် ရေကစားကြသည့် သင်္ကြန်​မောင်မယ်များကို အောင်ဇမ္ဗူနှင့် အဖွဲ့ဝင်များ၊နာမည်ကြီး အနုပညာရှင်များမှတေးသီချင်းများဖြင့်ဖျော်ဖြေလျက်ရှိသလိုလာရောက်ဆင်နွှဲသူများအတွက်...

စွမ်းအင်နှင့်ပတ်သက်၍ တရုတ်ကို ကူညီရန် ရုရှား...

ရုရှားနိုင်ငံသည် တရုတ်နိုင်ငံသို့ စွမ်းအင်တိုးမြှင့်တင်ပို့သွားရန် အသင့်ရှိကြောင်း ဧပြီလ ၁၅ ရက် နေ့ က ပေကျင်းတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်လင်းပွဲတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး...
HomeArticlesဘာသာဗေဒနှင့်ကျွန်တော်(၇)

ဘာသာဗေဒနှင့်ကျွန်တော်(၇)

 

ဘာသာ ဗေဒမဟာဝိဇ္ဇာကျမ်း စစ် မေးရန် မန္တလေးတက္ကသိုလ်က ဖိတ်ကြားသည့်အတွက် သွား ရောက် ပြီးစစ်ဆေးမေးမြန်းခဲ့သည့် အကြောင်း ဖော်ပြခဲ့ပါသည်။ ဌာန တွင်းဟောပြောပွဲလည်း လုပ်သည့် အတွက် ဘာသာစကား လေ့လာမှု အကြောင်း ကျွန်တော် ဟောပြော သည်။ ဟောပြောပွဲမှာ မိတ်ဆွေ ဆရာမတစ်ဦးက ကဗျာဝါကျပြဿနာ နှင့်ပတ်သက်၍ မေးသည့်အတွက် ရှင်းပြခဲ့ပါသည်။ မိတ်ဆွေဆရာမက ထိုပြဿနာကို အများရှေ့မှာ ရှင်းပြ စေချင်သည့်အတွက် မေးခြင်းဖြစ် ကြောင်း နားလည်လိုက်ပါသည်။

၁၉၉ဝ ပြည့်နှစ်ကျော်ကာလ တွင် မဟာဝိဇ္ဇာတန်းကို ဘာသာ စကား အထူးပြုနှင့် စာပေအထူးပြုဟူ ၍ ပြန်ခွဲလိုက်သည်။ ‘ပြန်ခွဲ’ဟု သုံးရ ခြင်းမှာ ၁၉၇ဝပြည့်နှစ်ကျော်က ဤ သို့ ဘာသာနှင့်စာပေ စခွဲပြီး သင် နေရာမှ ဒေသကောလိပ်ခေတ်မှာ မဟာဝိဇ္ဇာတန်းကို ဘာသာစာပေ မခွဲ တော့ဘဲ ပြန်ပေါင်းပြီး ယခုတစ်ခါ ပြန်ခွဲခြင်းကြောင့်ဖြစ်ပါသည်။ ဘာသာနှင့် စာပေခွဲလိုက်သည့် အတွက် ဘာသာရပ်များ တိုးချဲ့သင် ကြားဖို့ ဖြစ်လာသည်။ ဘာသာစကား အထူးပြုတန်းမှာ လူမှုဘာသာဗေဒ နှင့် အတ္ထဗေဒဘာသာရပ်များ သီး ခြားခွဲ၍ သင်ကြားသည်။ ကိုထွန်းမြင့် က…

‘အတ္ထဗေဒကို မင်းသင်ကွာ’ ဟု တာဝန်ပေးသည့်အတွက် ကျွန်တော် က တာဝန်ယူပြီး သင်ပြပေးသည်။ ထိုအချိန်တွင် ကျွန်တော့်မှာ အသစ် ဖွင့်သည့် ဒဂုံတက္ကသိုလ်သို့ မြန်မာ စာဌာနမှူးအဖြစ် ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရသည်။ ထို့ကြောင့် ရန်ကုန်တက္ကသိုလ်သို့ တစ်ပတ်တစ် ရက် လာပြီး မဟာဝိဇ္ဇာတန်းမှာ အတ္ထဗေဒ သင်ကြားပေးပါသည်။ မှတ်မှတ်ရရ အတ္ထဗေဒဖြင့် မဟာ ဝိဇ္ဇာကျမ်းပြုမည့်သူ ၃ ယောက် ပေါ်လာသည့်အတွက် သူတို့၏ ကျမ်း ခေါင်းစဉ်များကို အတည်ပြုပေးခဲ့ရပါ သည်။ မတင်တင်ထွန်း၊ မနီနီအောင် နှင့် မနိုနိုကျော်တို့ဖြစ်သည်။ ယခုသူ တို့ ဆရာမကြီးတွေ ဖြစ်နေကြပါပြီ။

ကျွန်တော်ဒဂုံတက္ကသိုလ်မှာ တွဲ ဖက်ပါမောက္ခအဖြစ် တာဝန်ထမ်း ဆောင်နေစဉ် ဂျပန်နိုင်ငံ အိုဆာကာ နိုင်ငံခြားဘာသာသင် တက္ကသိုလ် Osaka University of Foreign Studiesသို့ မြန်မာစာ ဧည့်ပါမောက္ခ အဖြစ် သွားရောက်၍ ၂ နှစ် တာဝန် ထမ်းဆောင်ရသည်။ ကျွန်တော်၏ ဘာသာဗေဒမြင်ကွင်းလည်း ပို၍ ကျယ်ပြန့်လာရပါသည်။ ဂျပန် ကျောင်းသားများကို မြန်မာစာသင် ကြားပေးရာတွင် မဟာဝိဇ္ဇာတန်းမှာ မြန်မာဘာသာစကား၏ သွင်ပြင် လက္ခဏာများကို ဘာသာဗေဒနည်း ဖြင့် လေ့လာသည့်သင်ရိုး ရေးဆွဲပြီး သင်ကြားပေးခဲ့သည်။ မြန်မာစကား သံဖွဲ့ပုံ၊ စကားလုံးဖွဲ့ပုံ၊ အဓိပ္ပာယ် သက်ရောက်ပုံတို့ကို သာဓကများ ဖြင့် သင်ကြားပေးရာ သူတို့ စိတ်ဝင်စား ကြသည်။ သင်ကြားနေစဉ် ကြုံတွေ့ရ သော စကားသံဆိုင်ရာ ပြဿနာများ ကိုလေ့လာပြီးSome Phonological Problems in Teaching Myanmar as a Foreign Language to the Japanese Students  (မြန်မာဘာ သာစကားကို နိုင်ငံခြားဘာသာအဖြစ် ဂျပန်ကျောင်းသားများအား သင် ကြားရာတွင် တွေ့ကြုံရသော စကား သံဆိုင်ရာ ပြဿနာ)ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကို အင်္ဂလိပ်ဘာ သာဖြင့်ရေးသားပြီး တက္ကသိုလ်ဂျာနယ် မှာ ထည့်သွင်းပုံနှိပ်ဖြစ်ခဲ့ပါသည်။ဂျပန်မှာ ၂ နှစ်နေစဉ် အိုဆာ ကာ တက္ကသိုလ်စာကြည့်တိုက်မှ စာအုပ်အများအပြားကို ငှားရမ်း ဖတ်ရှုခဲ့သည်။ အချို့ကို မိတ္တူကူးခဲ့ သည်။ ဘာသာဗေဒဆိုင်ရာ စာအုပ် အများအပြား ပါဝင်ပါသည်။ စာအုပ် ဆိုင်များမှလည်း ဝယ်ခဲ့ပါသည်။ မှတ် မှတ်ရရ အိုဆာကာမှ တိုကျိုသို့ အလည်သွားစဉ် ဂျပန်မိတ်ဆွေ Mr.H.Sawada (ကိုသောင်းထွဋ်) ကို စာအုပ်ဆိုင်သွားချင်ကြောင်း ပြောသည့်အတွက် စာအုပ်ဆိုင်ကြီး တစ်ဆိုင်သို့ သူလိုက်ပို့သည်။

David Crystal ၏The Cambridge Encycldopedia of Language (ကင်းဘရစ်ဘာသာစကားစွယ်စုံ ကျမ်း) စာအုပ်ကြီးကို သဘောကျ သည့်အတွက် ယန်း ၅ဝဝဝ ဖြင့် ဝယ် ခဲ့သည်။ ကိုသောင်းထွဋ်က နောက် ဆုံးထုတ် နိငအငသည ကို ရွေးဝယ်ဖို့ ရှာ ပေးသည်။ထိုစာအုပ်တွင် ရောင်စုံ သရုပ်ဖော်ပုံများ ပါသည့်အတွက် သူက ‘ရောင်စုံစာအုပ်’ဟုခေါ်သည့် ‘ရောင်စုံစာအုပ်ကို ကျွန်တော်တို့ ဂျပန်ဘာသာပြန်ပြီးပါပြီ’ ဟု သူက ပြောသည့်အတွက် သူတို့၏ ကြိုးစား အားထုတ်မှုကို သတိပြုမိပါသည်။ စာအုပ်ဝယ်ပြီးချိန်တွင် အိုဆာကာ ပြန်ဖို့ ရထားချိန်နီးနေသဖြင့် တည်း သည့် အိမ်သို့အပြေးအလွှား ပြန်လာ ခဲ့ရပုံကိုလည်း သတိရနေပါသည်။ ကိုသောင်းထွဋ်မှာ ဘာသာဗေဒပညာ ရှင်ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ တိုင်း ရင်းသားဘာသာစကားများကို ကွင်း ဆင်းသုတေသနပြုရန် နှစ်စဉ်မြန်မာ နိုင်ငံသို့ လာရောက်သူဖြစ်သည်။ ဘာသာဗေဒ သုတေသနစာတမ်း အများအပြားပြုစုပြီး နိုင်ငံတကာ ဘာသာဗေဒ ဆွေးနွေးပွဲများမှာ တင်သွင်းပါသည်။ ပညာရပ်ဂျာနယ် များတွင်လည်း သူ့စာတမ်းများ ပါဝင် ပါသည်။ အိုဆာကာနိုင်ငံခြား ဘာသာတက္ကသိုလ်မှ အိမ်ရှင်မြန်မာ စာပါမောက္ခ ယာဘူ (Professor Shido Yabu) မှာလည်း ဘာသာ ဗေဒပညာရှင် ဖြစ်ပါသည်။ မြန်မာ နိုင်ငံမှ တိုင်းရင်းသားဘာသာစကား များကို သုတေသနပြုပြီး စာတမ်းများ ရေးခဲ့ပါသည်။ ထိုပညာရှင်များနှင့် ပြောဆိုဆွေးနွေးရသည့်အတွက် ဘာသာဗေဒလေ့လာမှုနှင့် ပတ်သက် ဤ အသိအမြင်တိုးပွားလာပါသည်။

ကျွန်တော်မြန်မာနိုင်ငံ ပြန် ရောက်လာတော့ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ ပါမောက္ခ ဌာနမှူး အဖြစ် တာဝန်ထမ်းဆောင်ရသည်။ ကျွန်တော်ဂျပန်မသွားခင်က ပထမ ဆုံးမြန်မာစာပါရဂူသင်တန်းသား ဖြစ်သော ကိုအောင်မြင့်ဦးကို ပါရဂူ အကြိုတန်းမှာ ရေးဟန်ပညာ (stylistics) ပို့ချပေးခဲ့သည်။ သူ ပါရဂူကျမ်းပြုတော့ ပါမောက္ခဆရာ မကြီး ဒေါ်ပိုက ကျွန်တော့်ကို တွဲ ဖက်ကျမ်းကြီးကြပ်သူတစ်ဦးအဖြစ် တာဝန်ပေးသည့်အတွက် ကိုအောင် မြင့်ဦး၏ ‘ပုဂံခေတ်မြန်မာစာအရေး အသားစနစ်’ကျမ်းကို ဆရာကြီး ဦးရွှေသွင်၊ ဆရာကြီး ဦးမြင့်ကြည်တို့ နှင့်အတူ တွဲဖက်ကြီးကြပ်ပြီး အကြံ ဥာဏ်ပေးရသည်။ တိုက်တိုက်ဆိုင် ဆိုင်ပင် ကျွန်တော်ရန်ကုန်တက္ကသိုလ် ကို ပါမောက္ခဌာနမှူးအဖြစ် ပြန် ရောက်သောအခါ ကိုအောင်မြင့်ဦး၏ ကျမ်းမှာ ပြီးခါနီးပါပြီ။ ကျမ်းပြီးခါနီးDAAD အစီအစဉ်ဖြင့် ဂျာမနီနိုင်ငံ သို့ ၃ လ သွားရောက်ပြီး လူမှုဘာ သာဗေဒ သင်ယူခဲ့သည်။

ပြန်လာပြီး သူ့ကျမ်းကို အချောကိုင်သောအခါ ကျွန်တော်က ကျမ်းကြီးကြပ်သူအဖြစ် တာဝန်အရ ဆောင်ရွက်ရပါသည်။ ၂ဝဝဝ ပြည့်နှစ်မှာ သူ့ကျမ်းကို ချော မောအောင်မြင်စွာ တင်သွင်းနိုင်ခဲ့ပြီး ပထမဆုံး မြန်မာစာပါရဂူဘွဲ့ရ ဒေါက်တာအောင်မြင့်ဦး ဖြစ်လာပါ သည်။ သူ့ကျမ်းကို တွဲဖက်ကြီးကြပ်သူ အဖြစ် စတင်ဆောင်ရွက်ပေးရပြီး ကြီးကြပ်သူအဖြစ် အနားသတ်ခွင့်ကြုံ ရသည်မှာ အမှတ်တရဖြစ်ပါသည်။ ဝမ်းသာဂုဏ်ယူစရာဖြစ်ပါသည်။

ကျွန်တော်ဂျပန်မှ ပြန်ရောက် ချိန်တွင် ရန်ကုန်တက္ကသိုလ်မှ ပါရဂူ သင်တန်း ၃ သုတ်ပြီးသွားပါပြီ။ ၄ သုတ်မြောက်သင်တန်းသားများ ပါရဂူအကြိုသင်တန်းတက်နေဆဲဖြစ် သည်။ ပထမအသုတ်က ဒေါက်တာ အောင်မြင့်ဦးတစ်ယောက်တည်းဖြစ် သည်။ တစ်နှစ်ခြားပြီး ဒုတိယအသုတ် တက်ရသူမှာလည်း ကိုလေး (ဒေါက် တာကိုလေး၊ ယခု ကိုရီးယားနိုင်ငံ ဘူ ဆန်တက္ကသိုလ်) ဖြစ်သည်။ ကျွန်တော် ဂျပန်မသွားခင် ပါရဂူအကြိုသင် တန်းမှာ သူ့ကိုလည်း ရေးဟန်ပညာ သင်ယူခဲ့ရသည်။ ကျွန်တော်ဂျပန် ရောက်နေစဉ် ပါရဂူ တတိယအသုတ် မှာ ၂ ယောက် တက်ခွင့်ရကြောင်း ကြားရသည်။ မရင်ရင်သန်း (ယခု ပဲခူး တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်၊ ဒေါက်တာရင်ရင်သန်း)နှင့် မောင် ထွန်းအောင်ကျော် (ယခု တောင်ငူ တက္ကသိုလ် မြန်မာစာပါမောက္ခ ဒေါက်တာ ထွန်းအောင်ကျော်)တို့ ဖြစ်သည်။ ကျွန်တော်ပြန်ရောက်ပြီး နောက် သူတို့၏ ပါရဂူကျမ်းများ စစ် မေးသည့် အစီအစဉ်ကို ဆောင်ရွက် ပေးရသည်။ စတုတ္ထအသုတ်တွင် တက်နေသူ ၃ ဦးရှိပါသည်။ မညိမ်း ညိမ်း (ယခု ရန်ကုန်တက္ကသိုလ် မြန်မာစာပါမောက္ခ ဒေါက်တာညိမ်း ညိမ်း)၊ မောင်ရွှေပြည်စိုး (ယခု ဒေါက်တာရွှေပြည်စိုး၊ ဂျပန်) နှင့် မောင်နေလင်း (ယခုထားဝယ် တက္ကသိုလ် မြန်မာစာတွဲဖက်ပါမောက္ခ ဒေါက်တာနေလင်း)တို့ ဖြစ်ပါသည်။ အစောပိုင်း မြန်မာစာ ပါရဂူဘွဲ့ရသူ များအကြောင်းကို ကြုံကြိုက်တုန်း  မှတ် တမ်းတင်လိုက်ရခြင်းဖြစ်ပါသည်။

ထိုအချိန်တွင် ဦးထွန်းမြင့်သည် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် တွင် ဘာသာဗေဒဌာနကို တည် ထောင်နိုင်ခဲ့ပြီး ဂုဏ်ထူးဆောင် ပါမောက္ခအဖြစ် ဆောင်ရွက်လျက် ရှိသည်။ ကျွန်တော်မေတ္တာရပ်ခံ သည့်အတွက် ရန်ကုန်တက္ကသိုလ် ပါရဂူတန်းတွင် ဘာသာဗေဒ သင်ကြားပို့ချပေးနေသည်။ ဆရာကြီး ဦးရွှေသွင်သည် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် ဂုဏ်ထူးဆောင် ပါမောက္ခအဖြစ် ဆောင်ရွက်လျက်ရှိ ပြီး ပါရဂူအကြို သင်တန်းတွင် သဒ္ဒ ဗေဒကို သင်ကြားပို့ချပေးလျက်ရှိပါ သည်။ ထိုအချိန်ထိ ပါရဂူအကြိုတန်း တွင် ဘာသာစာပေမခွဲဘဲ ဘာသာရေး စာပေပါ သင်ကြားလျက်ရှိပါသည်။ ကျွန်တော်စဉ်းစားရပါသည်။ မဟာဝိဇ္ဇာတန်းတွင် ဘာသာနှင့် စာပေခွဲပြီး သင်ကြားနေသည်မှာ ဆယ်နှစ်ခန့်ရှိပါပြီ။ မဟာတန်း အောင်ပြီး ပါရဂူတန်းတက်သောအခါ ကျမှ ဘာသာစာပေပြန်ပြောင်းပြီး သင်ရလျှင် အဆင်မပြေပါ။ ထို့ ကြောင့် ပါရဂူအကြိုတန်းတွင်လည်း ဘာသာနှင့်စာပေခွဲရန် စီစဉ်ပြီး သင်ရိုးကို ရန်ကုန်တက္ကသိုလ် ပညာ ရေးအဖွဲ့ (Senate) သို့ တင်ပြပြီး အတည်ပြုချက်ရယူကာ ၂ဝဝ၂ ခုနှစ် ကစ၍ ပါရဂူအကြိုတန်းတွင်လည်း ဘာသာအထူးပြုနှင့် စာပေ  အထူးပြု ဟူ၍ ခွဲခြားလိုက်ပါသည်။ ဘာသာ ရော၊ စာပေပါ ဘာသာရပ်များ တိုး ချဲ့သင်ကြားနိုင်ခဲ့ပါသည်။

မောင်ခင်မင်(ဓနုဖြူ)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071