Tuesday, February 3, 2026

အကြမ်းဖက်အဖွဲ့ပစ်ခတ်သည့် လက်နက်ကြီးကျည် စာသင်ကျောင်းဝင်းအတွင်းကျရောက်ပေါက်ကွဲ ကျောင်းသားငယ်(၂)ဦးဒဏ်ရာရခဲ့မှု...

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင်းသို့ အကြမ်းဖက်အဖွဲ့ဝင်များမှ ယနေ့ ဖေဖော်ဝါရီ ၂ ရက်နံနက်ပိုင်းက လက် နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ရာ လက် နက်ကြီးကျည်များသည်...

ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းနှင့် ရုရှားနိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာန၊ ဒု-ဝန်ကြီးတို့တွေ့ဆုံလျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်နေသည့်...

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဥာဏ်ထွန်းနှင့် ရုရှားနိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာန၊ ဒု-ဝန်ကြီး H.E. Mr. Petr KONYUSHENKO တို့ ယနေ့ ဖေဖော်ဝါရီ ၂...

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအစီအစဥ်ကို လက်မှတ်ရေးထိုး

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအစီအစဥ်ကို ယနေ့ ဖေဖော်ဝါရီ ၂ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ လက်မှတ်အား နှစ်နိုင်ငံ ဒု-ကာကွယ်ရေးဝန် ကြီးများဖြစ်သည့် ဗိုလ်ချုပ်အောင်မျိုးသန့်နှင့်...

အိန္ဒိယနိုင်ငံသံအမတ်ကြီး တာချီလိတ်ရှိ မြန်မာ-ထိုင်း-လာအိုနယ်စပ်ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုကိုလေ့လာ

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H. E. Mr. Shri Abhary Thakur သည် ဖေဖော်ဝါရီ ၁ ရက်က ရှမ်း...
HomeCelebrities' Newsဘာလီကျွန်း (သို့မဟုတ်) မော်ဒိုက်ကို...

ဘာလီကျွန်း (သို့မဟုတ်) မော်ဒိုက်ကို ဟန်းနီးမွန်း ခရီးထွက်မယ့် စိုးရန်အောင်နဲ့ သက်သခင်ကျော်ကျော်တို့ ဇနီးမောင်နှံ

သရုပ်ဆောင် စိုးရန်အောင်နဲ့ သရုပ်ဆောင် သက်သခင်ကျော်ကျော် တို့ဟာ ချစ်သူသက်တမ်း ၉ နှစ် ကျော်မှာ နှစ်ယောက်တစ်ဘဝထူ ထောင်လိုက်ကြပြီဖြစ်ပါတယ်။ သူတို့ နှစ်ဦးရဲ့ ထိမ်းမြားလက်ထပ်မင်္ဂလာပွဲ ကို မေလ ၅ ရက်နေ့က နိုဗိုတယ်ဟို တယ်မှာ မိဘဆွေမျိုး သူငယ်ချင်း ဧည့်ပရိသတ်များစွာနဲ့ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ ဒီ လက်ထပ်ပွဲမှာ စုလျားရစ်ပတ်မင်္ဂလာ သဘင်နာယကအဖြစ် ပြည်ထောင် စုရှေ့နေချုပ်ဝဏ္ဏကျော်ထင်၊ ဦးထွန်း ထွန်းဦးနှင့် ဇနီး ဒေါ်တင်တင်ဝင်း တို့က ပြုလုပ်ပေးခဲ့ပြီး ပျော်ဘွယ် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမ်း) သီရိပျံချီ ဦးသောင်းအေးနှင့်ဇနီး သုဓမ္မသိင်္ဂီ ဒေါက်တာ ဒေါ်သင်း မျိုးမျိုးအောင်တို့က မင်္ဂလာပန်းကုံး ချီးမြှင့်ပေးခဲ့ကြပြီး၊ ဦးဇော်ဝင်းရှိန် (ဥက္ကဋ္ဌ) ဧရာဟသာင်္ Group Of Co.ltd နှင့် ဇနီးဒေါ်ရွှေယင်းမာတို့ က မင်္ဂလာလက်စွပ်ကို ဆင်းမြန်းပေး ခဲ့ကြပါတယ်။ ဒီ့နောက်မှာ သရုပ် ဆောင် အေးမြတ်သူ၊ နန်းစုရတီစိုးနဲ့ ဖြူစင်နှင်းတို့က မင်္ဂလာပန်းကြဲများ အဖြစ် ဆောင်ရွက်ပေးခဲ့ကြပြီး၊ မင်္ဂ လာစွပ်နဲ့ မင်္ဂလာပန်းကုံး ဗန်းကိုင် များကတော့ သရုပ်ဆောင် ချစ်စနိုး ဦး၊ သွန်းဆက်၊ သွန်းသုသုသာ တို့က ဆောင်ရွက်ပေးခဲ့ကြပါတယ်။ သတိုး သားနဲ့ သတို့သမီးအရန်များအဖြစ် ကတော့ မင်းသွေး၊ မိုးယံဇွန်၊ မိစန္ဒီ၊ ဆန်းသစ်လတို့ပဲ ဖြစ်ကြပါတယ်။ လက်ထပ်မင်္ဂလာပွဲကတော့ ချစ်ဇနီး လေး စိတ်တိုင်းကျ ကျင်းပပြုလုပ် ပေးတဲ့ မင်္ဂလာပွဲလေးဖြစ်ကြောင်းကို စိုးရန်အောင်က….

“ဒီနေ့ ဒီပွဲက သူ အလုပ်ချင်ဆုံးပုံစံလေးနဲ့ အကောင်း ဆုံးဖန်တီးထားတယ်။အောင်အောင် မြင်မြင်နဲ့ မင်္ဂလာပွဲလေးပြီးမြောက် သွားတဲ့အတွက်လည်း ဝမ်းသာပျော် ရွှင်ရပါတယ်။ ရှေ့လျှောက် တစ် ယောက်နဲ့ တစ်ယောက်ကတော့ နား လည်သည်းခံမှု ခွင့်လွှတ်အနစ်နာခံ မှုတွေနဲ့ တစ်ယောက်ကမှားနေရင် လည်းတစ်ယောက်က နားလည် ခွင့်လွှတ်ပေးနိုင်ဖို့ပေါ့နော်။ အဲဒီ အရာတွေနဲ့ ရှေ့ဆက်သွား မှာဖြစ်ပါ တယ်။ ကျွန် တော်ကလည်း သူ့ အပေါ်ကို အမြဲ နားလည်စွာနဲ့ ခွင့်လွှတ်ပေးမှာပါ။သာယာပျော်ရွှင် တဲ့ အိမ်ထောင်ရေးတစ်ခုဖြစ်အောင် နေထိုင်သွားမှာပါ” လို့ ပြောပြခဲ့ပါ တယ်။ မင်္ဂလာညစာ စားပွဲကိုလည်း မေလ ၆ ရက်နေ့ ည ပိုင်းကMelia Hotel မှာ ကျင်းပခဲ့ပါ တယ်။ ဒီ့အပြင် ဒီလထဲမှာပဲ မော်လ ဒိုက်နဲ့ ဘာလီကျွန်းတစ်နေရာရာကို ဟန်းနီးမွန်းခရီးစဉ်အဖြစ် သွား ရောက်လည်ပတ်ကြမှာဖြစ်ကြောင်း သိရပါတယ်။

ဇင်မာနွယ်၊
ဓာတ်ပုံ – အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071