Friday, September 18, 2026

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်မှ ပြင်ဆင်ဆောင်ရွက်နိုင်သည့်အချက်များကို နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ်များဆွေးနွေး

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်မှ ပြင်ဆင်ဆောင်ရွက်နိုင်သည့်အချက်များကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ်များ စက်တင်ဘာ ၁၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဥ် နိုင်ငံရေးပါတီ(၃၂)ပါတီမှကိုယ်စားလှယ်များက ယခင်လက်မှတ်ရေးထိုးခဲ့သည့် Bilateral ပါကိစ္စရပ်များ၊...

တိုက်လေယာဉ် ၄၈ စင်း ဆော်ဒီအာရေးဗျကိုရောင်းဖို့...

​အစိုးရအချင်းချင်း ချုပ်ဆိုတဲ့ စာချုပ်တွေအရ နိုင်ငံခြားစစ်ရေးရောင်းချမှုတွေကို တာဝန်ယူရတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပင်တဂွန်တို့ရဲ့ ပြောကြားချက်အရ အမေရိကန်အစိုးရဟာ ဆော်ဒီအာရေးဗီးယားကို စုစုပေါင်း ဒေါ်လာ...

ယူကရိန်းစစ်ပွဲ မပြီးဆုံးခင်မှာပဲ ရုရှားနဲ့ သဘောတူညီမှုတွေလုပ်ဖို့...

The New York Times သတင်းစာက သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြချက်အရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရဟာ မော်စကိုနဲ့ စေ့စပ်ဆွေးနွေးမယ့်...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့်...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည်...
HomeCelebrities' Newsဘဝအပြောင်းအလဲ တချို့အကြောင်းဘီလီလမင်းအေးပွင့်ပွင့်လင်းလင်း ဖွင့်ဟ

ဘဝအပြောင်းအလဲ တချို့အကြောင်းဘီလီလမင်းအေးပွင့်ပွင့်လင်းလင်း ဖွင့်ဟ

‘အရှုံးမပေးတဲ့ ဝိညာဉ်’ ဆိုတဲ့ တစ်ကိုယ်တော်အခွေထွက်ရှိထားတဲ့ ဘီလီလမင်း အေး။ သူမရဲ့ သီချင်းလေးတွေက ပရိသတ်ကြားထဲကို ဖြည်းဖြည်းချင်း ပျံ့နှံ့နေပါ တယ်။ အဲဒီအထဲမှာ ဖျော်ဖြေပွဲတိုင်းလိုလို ဘီလီ အမြဲသီဆိုဖြစ်တဲ့ ‘တိုင်းရင်းသူလေး ကျွန်မ’ ဆိုတဲ့ သီချင်းက အပေါက်ဆုံးပေါ့။ ဘီလီ့ရဲ့ ဘဝအကြောင်းကို တေးရေး ဝေကြီးက အကောင်းဆုံး ပုံဖော်ပေးထားတဲ့သီချင်းလေးပါ။ “ဒီဘက်နှစ် ကာလတွေ မှာ ဘီလီ့အတွက် အကြီးမားဆုံးအပြောင်းအလဲတွေ ဖြစ်လာခဲ့တယ်နော်”လို့ ဆို တော့ …

“အရင်တုန်းကတော့ ဘာမှ မသိတဲ့ ဆရာမတစ်ယောက်အနေနဲ့ ဖူးက မနက် ၆ နာရီကနေ ည ၉ နာရီအထိ စာသင်နေရတဲ့ ဆရာမ တစ်ယောက်ဖြစ်တယ်။ အဲဒီမှာ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့တယ်။ ပြိုင်ပွဲတုန်းကနဲ့ အခုချိန်မှာ အများ ကြီး ကွာခြားသွားပြီ။ ပြိုင်ပွဲတုန်းက ကိုယ့်ကို တီဗီကနေရော၊You Tube ကနေရော၊ ဖူးတိှု့Stage ရှေ့ကနေ Judge လုပ်ပေးနေတဲ့ ဒိုင်တွေရော အားလုံးက ကြည့်ရှု နေကြပြီးတော့ ကိုယ့်ကို အဆုံးအဖြတ်ပေးတာဖြစ်တဲ့အတွက် အမှားအယွင်းတစ်ခုခု များ ပါခဲ့ရင်ဆိုတဲ့ စိတ်ဓာတ်နဲ့ စင်ပေါ်မှာ Performလုပ်ခဲ့ရတာပေါ့။ ဒါပေမဲ့ အခုချိန်မှာတော့ ကိုယ်က ကိုယ့်ကို အားပေးတဲ့ ပရိသတ်လည်းရှိတယ်။ ပရိသတ် အတွက်ကို ဘယ်လိုဖျော်ဖြေရမလဲဆိုပြီး စင်ပေါ်မှာအကောင်းဆုံး ဖျော်ဖြေရတာဖြစ် တဲ့အတွက် လွတ်လွတ်လပ်လပ် ဖျော်ဖြေခွင့်ရှိတယ်ပေါ့။ သီချင်းပိုင်းနဲ့ ပတ်သက်လာရင်တော့ အဲဒီလို အပြောင်းအလဲလေးတွေ ရှိပါတယ်”လို့ ဘီလီ လမင်းအေးက ပြောပါတယ်။

တောင်ကြီးသူလေး ဘီလီက လက်ရှိမှာ ပရော်ဖက်ရှင် နယ် အဆိုတော် တစ်ယောက်အနေနဲ့ ရပ်တည်နေတာဆိုတော့ မဟာရန်ကုန် ရွှေမြို့တော်ကြီးမှာ အခြေချနေထိုင်နေပါတယ်။ ဘယ်အချိန်တွေမှာ တောင်ကြီးကို ပြန်သွားဖြစ်မလဲလို့ မေးကြည့်တော့ …

“အခုကတော့ အနုပညာလှုပ်ရှားမှု တွေက ရန်ကုန်မှာဖြစ်တဲ့အတွက် ကြောင့် ဖူးတို့ မိသားစုတစ်ခုလုံး ရန်ကုန်မှာ လာ ရောက်နေထိုင်ကြရတယ်။ ပရဟိတ ကတော့ ဖူး ၂ လ တစ်ခါလောက် သွားလုပ်ဖြစ်ပါတယ်။ တောင်ကြီး မှာဆိုရင်လည်း ဖူးရဲ့ Fans တွေနဲ့ပေါင်းပြီးတော့ မိဘမဲ့ ကျောင်းတွေ၊ ဘိုးဘွားရိပ်သာ တွေဆီ သွားရောက်ပြီး တော့ လှူတာမျိုးတွေ ဖူး လုပ်ဖြစ်တယ်။ အဲဒီအချိန် ဆိုရင်တော့ တောင်ကြီး ပြန်ဖြစ်တယ်”လို့ ဘီလီ လမင်းအေးက ပြောပြ ခဲ့ပါတယ်။

မျိုးမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071