Friday, June 26, 2026

ရုရှားမှာ အရံလောင်စာဆီ လုံလုံလောက်လောက် ရှိဟု...

ပြည်တွင်းစျေးကွက်ကို ထောက်ပံ့ပေးဖို့အတွက် ရုရှားနိုင်ငံမှာ လောင်စာဆီပမာဏ လုံလုံလောက်လောက် အာမခံချက်ရှိရှိ စုဆောင်းထားပြီးဖြစ်တယ်လို့ ဒုတိယဝန်ကြီးချုပ် အလက်ဇန္ဒားနိုဗက်ခ်က ပြောကြားပါတယ်။ အရံဆီတွေ လုံလောက်မှု ရှိမရှိနဲ့ ထောက်ပံ့မှု...

ငွေကျပ်(၄၂၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးမြို့တွင် မီးရှို့ဖျ-က်ဆီး

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလေးလေ ဆိပ်ဟောင်းတွင် ယနေ့ ဇွန် ၂၆ ရက်နံနက်ပိုင်းက ငွေကျပ်(၄၂၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးခဲ့ကြောင်း သိရသည်။ (၃၉)ကြိမ်မြောက်...

စားအုန်းဆီအခြေခံလက်ကားဈေး ယခင်အပတ်ထက် ကျပ်(၃၀)လျော့ကျ

ယနေ့ ဇွန် ၂၆ ရက်မှ ဇူလိုင် ၂ ရက်အထိ(တစ်ပတ်တာ) အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းစျေးနှုန်းသည် ယခင်အပတ်ထက် ကျပ်(၃၀)လျော့ကျခဲ့ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီထံမှ သိရသည်။ ယခု...

ဇွဲကပင်တောင် အတက်/အဆင်းလမ်းတွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများအား ဒဏ်ငွေ...

ကရင်ပြည်နယ်၏ အထင်ကရခရီးသွားနေရာတစ်ခုဖြစ်သည့် ဇွဲကပင်တောင် အတက်/အဆင်းလမ်းတစ်လျှောက်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများအား ငွေဒဏ် ၅၀,၀၀၀ ကျပ် ချမှတ်အရေးယူသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးထုတ်ပြန်ထားသည်။ ဇွဲကပင်တောင်ဝန်းကျင်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် ခရီးသွားဒေသ၏...
HomeNewsLocal Newsဘရာဇီးညာတောင်ပံကစားသမားအား ရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူ

ဘရာဇီးညာတောင်ပံကစားသမားအား ရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူ

ယခုနှစ်ဘောလုံးရာသီ ပြိုင်ပွဲများအတွက် ကစားသမားအင်အားဖြည့်တင်းနေသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ဘရာဇီးညာတောင်ပံ ကစားသမား EDUARDO ANDRADE BRANDAO အား ခေါ်ယူခဲ့ကြောင်း သိရသည်။

EDUARDO ANDRADE BRANDAO အား အင်ဒိုနီးရှားကလပ် ပါစီကိုတာအသင်းမှ ခေါ်ယူခဲ့ခြင်းဖြစ်ကာ အသက် (၂၇) နှစ်ရှိပြီ ဖြစ်သည်။

EDUARDO ANDRADE BRANDAO သည် ဘရာဇီး ယူ – ၁၇ အသင်းတွင် ရွေးချယ်ခံခဲ့ရပြီး ညာတောင်ပံအပြင်ကွင်းလယ်တို-က်စစ်နေရာပါ ဆော့ကစားနိုင်ပြီး အဇာဘိုင်ဂျန်၊ ဘာရိန်း နှင့် ဒူဘိုင်းနိုင်ငံရှိ ကလပ်အသင်းများတွင်လည်း ခြေစွမ်းပြကစားခဲ့သည့် ကစားတစ်ဦးဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်က ပြောသည်။

ရန်ကုန်ယူနိုက်အသင်းသည် ယခုနှစ်ရာသီအတွက် ကစားသမားအင်အားဖြည့်တင်းမှုအဖြစ် မိုဂူး၊ အိုင်ဒရစ် နှင့် အိုတိုဆိုင်တို တို့ကိုခေါ်ယူထားခဲ့ပြီး စတုတ္ထမြောက်နိုင်ငံခြားသားကစားသမားခေါ်ယူမှုအဖြစ် EDUARDO ANDRADE BRA NDAO ကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှားမှာ အရံလောင်စာဆီ လုံလုံလောက်လောက် ရှိဟု ဒုတိယဝန်ကြီးချုပ်ဆို

ပြည်တွင်းစျေးကွက်ကို ထောက်ပံ့ပေးဖို့အတွက် ရုရှားနိုင်ငံမှာ လောင်စာဆီပမာဏ လုံလုံလောက်လောက် အာမခံချက်ရှိရှိ စုဆောင်းထားပြီးဖြစ်တယ်လို့ ဒုတိယဝန်ကြီးချုပ် အလက်ဇန္ဒားနိုဗက်ခ်က ပြောကြားပါတယ်။ အရံဆီတွေ လုံလောက်မှု ရှိမရှိနဲ့ ထောက်ပံ့မှု တိုးလာဖို့ မျှော်လင့်နိုင်မလားဆိုတဲ့ မေးခွန်းကို သူက "ကျွန်တော်တို့ စျေးကွက်ထဲမှာ လောင်စာဆီ လုံလုံလောက်လောက် ရှိနေပါတယ်"လို့ ပြန်လည်ဖြေကြားခဲ့တာပါ။ ဝယ်လိုအားကို ပြည့်မီဖို့အတွက် တာဝန်ရှိသူတွေဟာ လောင်စာဆီစျေးကွက်အတွင်းက ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေကို လက်ရှိမှာ ပြန်လည်ပြင်ဆင်ဖွဲ့စည်းနေတယ်လို့ နိုဗက်ခ်က ပြောပြီး၊ စျေးကွက်ကို ပြန်လည်မျှခြေဖြစ်အောင် လုပ်ဖို့ အချိန်အနည်းငယ် ကြာဦးမယ်လို့ ဖြည့်စွက်ပြောခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ် ဘယ်တော့ပြီးမလဲ၊ ပြီးတော့...

ငွေကျပ်(၄၂၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးမြို့တွင် မီးရှို့ဖျ-က်ဆီး

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလေးလေ ဆိပ်ဟောင်းတွင် ယနေ့ ဇွန် ၂၆ ရက်နံနက်ပိုင်းက ငွေကျပ်(၄၂၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးခဲ့ကြောင်း သိရသည်။ (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတို-က်ဖျ-က်ရေးနေ့အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းအတွင်း ၂၀၂၅ ခုနှစ်၊ ဇွန်လမှ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိဖမ်းဆီးမိခဲ့သည့် ငွေကျပ်(၄၂၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးအမျိုး(၂၇)မျိုးကို မီးရှို့ဖျ-က်ဆီးခဲ့ကြောင်း သိရသည်။ Photo-Ko Than Htay

စားအုန်းဆီအခြေခံလက်ကားဈေး ယခင်အပတ်ထက် ကျပ်(၃၀)လျော့ကျ

ယနေ့ ဇွန် ၂၆ ရက်မှ ဇူလိုင် ၂ ရက်အထိ(တစ်ပတ်တာ) အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းစျေးနှုန်းသည် ယခင်အပတ်ထက် ကျပ်(၃၀)လျော့ကျခဲ့ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီထံမှ သိရသည်။ ယခု တစ်ပတ်အတွက် ရန်ကုန်အထိုင်စျေး အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းသည် စားအုန်းဆီတစ်ပိဿာလျင်(၇,၂၅၅)ကျပ်ဖြစ်ရာ ယခင် အပတ်ကဖြစ်ပေါ်ခဲ့သော ရည်ညွှန်းစျေးနှုန်း စားအုန်းဆီတစ်ပိဿာလျင်(၇,၂၈၅)ထက် (၃၀)ကျပ်လျော့ကျခဲ့ကြောင်း သိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်ရေးကော်မတီက စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ ဈေးနှုန်းအတက်အကျပေါ်မူတည်၍ ပပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြစ်ပေါ်စေရေးကိုထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071