Saturday, June 21, 2025

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေ မြင့်တက်နိုင်ဟု မိုး/ဇလအသိပေး

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေသည် နောက် ၂ ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည်...

ASEAN-Korea Startup Innovation Week...

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်မှ (၂၄) ရက်နေ့အထိ"ASEAN-Korea Startup Innovation Week 2025"...

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ...

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ မပြုလုပ်ကြရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က ညွှန်ကြားခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း ညှိနှိုင်းအစည်းအဝေးကို ဇွန်လ (၂၀) ရက်၊ နံနက်ပိုင်းက...

နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ဒေါ်လာ၂ ဒဿမ၃ဘီလျံ ရင်းနှီးမြှုပ်နှံမှုကိုအင်ဒိုနီးရှားနှင့်...

အင်ဒိုနီးရှားနှင့် ရုရှားနိုင်ငံတို့သည် စက်မှုလုပ်ငန်းဆိုင်ရာ အသိပညာ၊ အသုံးချ သုတေသနနှင့် အဆင့်မြင့် ဖြေရှင်းမှုများကို ဖလှယ်နိုင်မည့် နှစ်နိုင်ငံ နည်းပညာလွှဲပြောင်းမှုအတွက် အမေရိကန်ဒေါ်လာ ၂...
HomeCelebrities' Newsဘန်ကောက်မှာ အကသင်တန်းသွားတက်မယ့် ဧငြိမ်းဖြူ

ဘန်ကောက်မှာ အကသင်တန်းသွားတက်မယ့် ဧငြိမ်းဖြူ

သရုပ်ဆောင် ဧငြိမ်းဖြူက ဒါရိုက်တာ သီတာလင်း ရိုက်ကူးမယ့် ‘မိရိုးဖလာ’ ရုပ်ရှင်ဇာတ်ကားကြီးမှာ ရန်အောင်၊ ရဲအောင်၊ ကျော်ရဲအောင်၊ မေသန်းနု၊ စိုးမြတ်သူဇာ၊ စောယုနန္ဒာတို့နဲ့အတူ ပါဝင်သရုပ်ဆောင် ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ‘မိရိုးဖလာ’ ရုပ်ရှင်ဇာတ်ကားကြီးအတွက် သူမရဲ့ ပြင်ဆင်မှုအပိုင်းကိုတော့ ဧငြိမ်းဖြူက “ဒီဇာတ်ကားလေးထဲမှာ နိုင်ငံခြားကနေ စာတန်းပြုစုဖို့ ပြန်ရောက် ရှိလာတဲ့ ကာရိုက်တာလေးနဲ့ပါ။ စာတန်းပြုစုတဲ့ ကာရိုက်တာအတွက် တောင်ပြုံး အကြောင်းတွေ လေ့လာထားပါတယ်။ ညီမသိသလောက်တော့ တောင်ပြုံးပွဲက အရမ်းနတ်ကြီးတယ်လို့သိတယ်။ အဲဒီအတွက် ညီမစကားပြောတာတွေ ဝတ်တာ စားတာတွေကို အရမ်းဂရုစိုက်ရမယ် ထင်တယ်။ ဒီဇာတ်ကားက ရုပ်ရှင်ဇာတ်ကား ကြီးအနေနဲ့ ဒုတိမြောက်ဇာတ်ကားပါ”  လို့ ပြောပါတယ်။

ဧငြိမ်းဖြူက တတိယမြောက် ရုပ်ရုင်ဇာတ်ကားကို ဒါရိုက်တာဝိုင်းနဲ့ ရိုက်ကူးဖို့ အတွက် လေ့လာပြင်ဆင်နေကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်။ ” တတိယမြောက် ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာဝိုင်းနဲ့ ရိုက်ကူးဖို့ စီစဉ်ထား ပါတယ်။ အဲဒီဇာတ်ကားကတော့ ကြာမယ်။ အကနဲ့ပတ်သက်တာ လေ့လာဦးမယ်။ ညီမက ငယ်ငယ်လေးကတည်းက ကတဲ့အတွက်တော့ ထွေထွေထူးထူး အခက်အခဲ မရျိဘူး။ ပိုပြီး အဆင်ပြေအောင် ဘန်ကောက်မှာ အကသင်တန်းကျောင်းသွားတက်ဖို့ ရှိတယ်။ ဒါရိုက်တာဝိုင်း ရိုက်ကူးမှာဆိုတော့ ညီမတော်တော်လေး ကြိုးစားရမယ်။ ဒါရိုက်တာဝိုင်းက အကနဲ့ပတ်သက်ပြီး တစ်ခါမှ မရိုက်ကူးဖြစ်ခဲ့သေးဘူး။ အကဇာတ် ကားဆိုတော့ တော်တော်လည်း လေ့ကျင့်ဖို့ အချိန်ယူရမယ်” လို့ ဧငြိမ်းဖြူက ဆိုပါတယ်။ သရုပ်ဆောင် ဧငြိမ်းဖြူက အခုလတ်တလော ရုပ်ရှင်ကား ဇာတ်ကားတွေ ရိုက်ကူး သွားဖို့ရှိပြီး ကြော်ငြာ၊  တွေလည်း ရိုက်ကူးဖို့ရှိကြောင်းလည်း သိရပါတယ်။

ချယ်ရီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071