Wednesday, May 6, 2026

MSMEs ချေးငွေများအား Quick Win...

ပဲခူးတိုင်းအတွင်း၌ MSMEs ချေးငွေများအား Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မေ ၅ ရက်တွင်ပြုလုပ်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...

ကုန်တင်ကားရှေ့ဘီးပေါက်ပြီး လမ်းလယ်ကျွန်းပေါ်တိမ်းမှောက်မှု အမြန်လမ်းတွင်ဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ကုန်တင်ကားတစ်စီး ရှေ့ဘီးပေါက်ကာလမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှု ယနေ့ မေ ၆ ရက်နံနက် ၆ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့...

မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်နေ

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ် ငန်းများဖြစ်သည့် ပြည်ပမှ ကုန်တင်လေယာဉ်များရာ သီမရွေးဆင်းသက်ပျံသန်းနိုင်ရေး၊ လေကြောင်းခရီး စဉ်များတိုးချဲ့ပြေးဆွဲနိုင်ရေးတို့အတွက် လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လေယာဉ်ကွင်းပြေးလမ်းတိုးချဲ့ခြင်းတို့အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်လျက်ရှိကြောင်း...

ဗီယက်နမ်သမ္မတ အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိ

နူးဒေလီ၊ မေ ၅ ရက် ဗီယက်နမ်သမ္မတ တိုလမ် သည် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ဖိတ်ကြားချက်အရ အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ...
HomeNewsLocal Newsဘင်္ဂလားပင်လယ်အော်အတွင်းက လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဆင့်သို့ရောက်၊...

ဘင်္ဂလားပင်လယ်အော်အတွင်းက လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဆင့်သို့ရောက်၊ မြန်မာပြည်ဘက်ဦးတည်ခြင်းမရှိသေးသည့်အတွက် အဝါရောင်အဆင့်သတ်မှတ်ထား

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အားကောင်း သောလေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဆင့်သို့ရောက်ရှိလာပြီး လတ်တလောတွင် မြန်မာနိုင်ငံကို ဦးတည်ခြင်းမရှိသေးသည့်အတွက် အဝါရောင် အဆင့်သတ်မှတ်ထားကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနက ယနေ့မွန်းလွဲပိုင်းတွင် ထုတ်ပြန်သည်။ 

လက်ရှိတွင် မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ ၏ မြောက်-အနောက်မြောက်ဘက် ရေမိုင် ၃၀၀ မိုင်ခန့်၊ ဟို င်းကြီးကျွန်း  မြို့၏ အနောက်-အနောက်တောင်ဘက် ရေ မိုင် ၃၆၀ မိုင် ခန့်၊ ဂွမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၉၅ မိုင်ခန့်၊ သံတွဲမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၄၀၀ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့ ၏ တောင်-အနောက်တောင် ဘက် ရေမိုင် ၄၁၀ မိုင်ခန့်၊ အိ န္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ကန်နင်း မြို့၏ တောင်ဘက် ရေမိုင် ၄၂၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗ ဟိုပြုနေကြောင်းလည်း မိုး/ဇလက ထုတ်ပြန်သည်။ 

အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မေလ(၂၇)အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာကာ အချို့နေရာများတွင် ဒေသအလိုက်နှင့် နေ ရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြ င်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသ ည်။ 

ထို့ကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ် နိုင်ပါသဖြင့် ကု န်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့်လည်းမြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထို င်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံ မှုများကို ကြို တင်သတိပြုနိုင်ကာ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုကြဖို့ မိုး/ဇလက ထုတ်ပြန်ထား သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MSMEs ချေးငွေများအား Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးမည်

ပဲခူးတိုင်းအတွင်း၌ MSMEs ချေးငွေများအား Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မေ ၅ ရက်တွင်ပြုလုပ်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေထုတ်ချေးပေးနိုင်ရေးလုပ်ငန်းညှိနှိုင်းအ စည်းအဝေး၌ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်လာပါက တိုင်းဒေသကြီး၏ GDP တိုးတက်လာမည်ဖြစ်ကာ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်  ချေးငွေထုတ်ချေးပေးရာ၌ အချိန်အကန့်ဖြင့်ထုတ်ချေးပေးခြင်းဖြစ်၍ Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးသွားမည်ဟု ပြောသည်။ ထို့ကြောင့် MSMEs လုပ်ငန်းများရှိ လူသုံးကုန်နှင့်...

ကုန်တင်ကားရှေ့ဘီးပေါက်ပြီး လမ်းလယ်ကျွန်းပေါ်တိမ်းမှောက်မှု အမြန်လမ်းတွင်ဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ကုန်တင်ကားတစ်စီး ရှေ့ဘီးပေါက်ကာလမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှု ယနေ့ မေ ၆ ရက်နံနက် ၆ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ အမျိုးသား(၂)ဦးမောင်းနှင်လိုက်ပါလာသောကုန်တင်ကားသည် မိုင်တိုင်အမှတ် ၁၉၇/၅ နှင့် ၁၉၇/၆ အရောက် ရှေ့ဘီးပေါက်၍လမ်းလယ်ကျွန်းပေါ်တွင်တိမ်းမှောက်ခဲ့ပြီး လိုက်ပါလာသူ(၂)ဦး၌ထိခိုက်ဒ-ဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီးအားအသုံးပြုမောင်းနှင်နေကြသည့် ယာဉ်မောင်းများအနေဖြင့် မိမိယာဉ်၏ကြံ့ခိုင်မှုအား  လမ်းပေါ်မရောက်မှီ သေချာစွာစစ်ဆေးကြရန်၊ ကုန်တင်ယာဥ်များ တစ်နာရီ ၆၀ ကီလိုမီတာ/ ၄၈ မိုင်နှုန်းသာအများဆုံးမောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။                         

မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်နေ

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ် ငန်းများဖြစ်သည့် ပြည်ပမှ ကုန်တင်လေယာဉ်များရာ သီမရွေးဆင်းသက်ပျံသန်းနိုင်ရေး၊ လေကြောင်းခရီး စဉ်များတိုးချဲ့ပြေးဆွဲနိုင်ရေးတို့အတွက် လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လေယာဉ်ကွင်းပြေးလမ်းတိုးချဲ့ခြင်းတို့အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။ လေဆိပ်ကုန်စည်အဆောက်အဦ(၁၂၀ ပေ x ၆၀ ပေ) တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ၊ လေယာဉ်ဝင်/ထွက်လမ်း(၁၀၀‌ ပေ x ၇၅ ပေ)၊ လေယာဉ်ရပ်နားနေရာ(၂၀၀‌ ပေ x ၁၅၀ ပေ)တည်ဆောက်ခြင်း၊ Boeing 737-800/A-320 လေယာဉ်များဆင်း/တက်နိုင်ရေးအ တွက် လေယာဉ်ပြေးလမ်း(အရှည် ၉၀၀၀‌ ပေ‌ x အ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071