ယနေ့ မတ်လ (၂၅) ရက်မှစတင်ပြီး ရန်ကုန်မြို့ပတ်လမ်းပို င်း၌ ဘက်ထရီလျှပ်စစ်စက်ခေါင်းများဖြင့် စတင်ပြေးဆွဲလျ က်ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ပြည်တွင်း၌ တပ်ဆင် ထုတ်လုပ်သည့် ဘက်ထရီလျှပ်စစ်စက်ခေါင်း (Battery Electric Locomotive-BEL)များဖြင့် ရန်ကုန် မြို့ပတ်ရထားများတွင် စတင်ပြေးဆွဲခြင်း အခမ်း အနားကို ယနေ့ နံနက် (၇) နာရီခွဲတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်ဘူတာကြီး အမှတ် (၁) စင်္ကြံ ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ဘက်ထရီလျှပ်စစ် ရ ထားစက်ခေါင်း(၁)ခေါင်းကို လူစီးတွဲ(၄)တွဲနှင့် ဘရိတ်တွဲ (၁) တွဲ ချိတ်ဆက်အသုံးပြု၍ ရန်ကုန်- တိုးကြောင်ကလေး၊ ရန်ကုန်-အင်းစိန်နှင့် ရန်ကုန်မြို့ပတ်ရထားခရီးစဉ်များကို ပြေးဆွဲပေးမည်ဖြစ်သည်။
ရန်ကုန်မြို့ပတ်လမ်းပိုင်းတွင် ဘက်ထရီလျှပ်စစ်စက်ခေါင်းဖြင့် အစားထိုးပြေးဆွဲခြင်းကြောင့် တစ်ရက်အတွက် ဘဏ္ဍာငွေ (၆) သိန်းကျော် ခြိုးခြံချွေတာနိုင်သဖြင့် တစ်လအတွက် ကျပ်ငွေ (၁၈) ကျော် ကုန်ကျစရိတ်သက်သာနိုင်မည်ဖြစ်သ ည့်အပြင် တစ်ရက်လျှင် ဒီဇယ်ဆီ (၆၆) ဂါလံနှုန်းဖြင့် တစ် လအတွက် ဒီဇယ်ဆီ (၁၉၈၀) ဂါလံ လျှော့ချသုံးစွဲနိုင်မည်ဖြစ်သည်။
ထို့ပြင် ထုတ်လုပ်ပြီးဖြစ်သည့် ဘက်ထရီလျှပ်စစ်စက်ခေါင်းများကို နေပြည်တော်-မန္တလေး လမ်းပိုင်းတွင် လေအေးပေးစက်ပါ လေအိတ်အထူးအမြန်ရထားဖြင့်၂၂.၁၁.၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ (၂၂) ရက်မှစတင်၍ လည်းကောင်း ၊ ပြင်ဦးလွ င်-ဇီးပင်ကြီး တောင်ပေါ်လမ်းပိုင်း လူစီးရထားတွင် ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ (၁၉) ရက်မှစတင်၍လည်းကောင်း ပြေးဆွဲအသုံးပြုခဲ့ပြီးဖြစ်သည်။
မြန်မာ့မီးရထားက လက်ရှိမြင်းကောင်ရေ (၁၃၀၀)အား ဒီဇ ယ်လျှပ်စစ်စက်ခေါင်း(၆)ခေါင်းကို မြင်းကောင်ရေ(၁၆၀၀) အား ဘက်ထရီ လျှပ်စစ်စက်ခေါင်းအဖြစ် ပြောင်းလဲတည် ဆောက်ခဲ့ရာ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးမည်ဖြစ်ပြီး အလားတူ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင်လည်း ဘက်ထရီလျှပ်စစ်စက်ခေါင်း (၆)ခေါင်း စုစုပေါင်း (၁၂)ခေါင်းကို ထုတ်လုပ်သွားမည်ဖြစ်သည်။
ဘက်ထရီစွမ်းအင်သုံးလျှပ်စစ်စက်ခေါင်းနှင့် ရထားတွဲဆိုင်းများပြေးဆွဲပေးနိုင်ခြင်းဖြင့် ကာဗွန် ထုတ်လုပ်မှုလုံးဝမဖြစ်ပေါ်ခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုသက်သာစေခြင်း၊ အသံဆူညံမှုကို လျှော့နည်းစေခြင်း၊ ဒီဇယ်ဆီအသုံးပြုစက်ခေါင်းနေရာတွင် ဘက်ထရီစွမ်းအင်သုံး လျှပ်စစ်စက်ခေါင်း များဖြင့် အစားထိုးသုံးစွဲနိုင်မှုကြောင့် စက်သုံးဆီများကို ပြ ည်ပမှ မှာယူတင်သွင်းနေရသည့် နိုင်ငံခြားငွေ သုံးစွဲမှုကိုလ ည်းလျှော့ချနိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာရရှိနိုင်မည်ဖြစ်သည်။
ယခုကဲ့သို့ ဘက်ထရီစက်ခေါင်းများ၊ ဘက်ထရီလျှပ်စစ်ရ ထားတွဲဆိုင်း(BEMU)များနှင့် အရံ ဘက်ထရီတွဲများ ပြောင်း လဲတည်ဆောက်ပြီး လက်ရှိဒီဇယ်စက်ခေါင်းများနှင့် RBE တွဲဆိုင်းများနေရာတွင် အစားထိုးပြေးဆွဲပေးခြင်းဖြင့် ဒီဇ ယ်ဆီသုံးစွဲမှုကို လျှော့ချနိုင်ပြီး လောင်စာဆီအခက်အခဲအား တစ်ဖက် တစ်လမ်းမှ ကူညီဖြေရှင်းပေးနိုင်မည်ဖြစ်သည့်အ ပြင် နိုင်ငံတစ်ဝှမ်းရှိ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်မှု လုပ် ငန်းများအား တိုးမြှင့်ဆောင်ရွက်လာနိုင်မည်ဖြစ်၍ အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်း (Public Transporta tion) အတွက် များစွာအထောက်အကူဖြစ်ကြောင်း သိရသည်။
